နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံ၏ ပထမဆုံးသင်္ဘောကျင်းဖြစ်သည့် ဒလသင်္ဘောကျင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်အဖွဲ့ဝင်များလိုက်ပါ၍ ဇူလိုင်လ ၂ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒလသင်္ဘောကျင်းသို့သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒလသင်္ဘောကျင်းနှင့်ပတ်သက်၍ တာဝန်ရှိသူများ၏ရှင်းလင်းတင်ပြမှုများအပေါ် ပြန်လည်ပြောကြားခဲ့ရာတွင်-

  • ပို့ဆောင်ရေးကဏ္ဍတွင် ရေကြောင်းပို့ဆောင်ရေးသည် ငွေကုန်ကြေးကျမှုအသက်သာဆုံးနှင့် ကုန်စည်များစွာကို အမြန်ဆုံးရွှေ့ပြောင်းပေးနိုင်သည့် ပို့ဆောင်ရေးလမ်းကြောင်းတစ်ခုဖြစ်သော်လည်း စနစ်တကျဆောင်ရွက်ခဲ့ခြင်းမရှိသည့်အတွက် ဖွံ့ဖြိုးတိုးတက်မှုအားနည်းခဲ့ကြောင်း။  
  • ရေလမ်းကြောင်းများကောင်းမွန်ရန်၊ ဆိပ်ကမ်းများကောင်းမွန်ရန်၊ သင်္ဘောများကောင်းမွန်ရန်နှင့် ဆိပ်ကမ်းများတွင် ခရီးသည်များခေတ္တနားနေရန်၊ ကုန်စည်များပို့ဆောင်ရေးအတွက် လိုအပ်သည့်ယာဉ်ရပ်နားရန်နေရာများနှင့် ကုန်ပစ္စည်းများထားရှိနိုင်သည့် နေရာများလည်းလိုအပ်ကြောင်း။
  • ပြည်သူများမှ ရေကြောင်းပို့ဆောင်ရေးလုပ်ငန်းများအပေါ် ယုံကြည်မှုများရှိလာအောင် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပြီး ရေကြောင်းပို့ဆောင်ရေးစနစ်ကို ကောင်းမွန်တိုးတက်အောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံတော်အတွက်များစွာအကျိုးရှိမည်ဖြစ်ကြောင်း။
  • ပြည်တွင်းပို့ဆောင်ရေးလုပ်ငန်းများသည် ယခင်ကအောင်မြင်မှုရှိခဲ့သော်လည်း ဘဏ္ဍာရေးဆိုင်ရာအခက်အခဲများနှင့် မှောင်ခိုလုပ်ငန်းများဆောင်ရွက်မှုများကြောင့် နိုင်ငံပိုင်ပို့ဆောင်ရေးလုပ်ငန်းကို များစွာထိခိုက်စေခဲ့ကြောင်း။
  • သက်တမ်းကြာသည့် ယန္တရားများ၊ သင်္ဘောများကို ပြုပြင်ထိန်းသိမ်းနိုင်မှုအားနည်းခြင်းများကြောင့် နိုင်ငံပိုင်ပြည်တွင်းပို့ဆောင်ရေးလုပ်ငန်းများကို ထိခိုက်စေနိုင်သဖြင့် သက်တမ်းအလိုက်၊ နှစ်အလိုက်ပြုပြင်ထိန်းသိမ်းမွမ်းမံရမည်များကို မှန်မှန်ကန်ကန်ဖြင့်ဆောင်ရွက်ကြရန်လိုကြောင်း။
  • မော်တော်ယာဉ်များဖြင့် ကုန်ပစ္စည်းများကိုတင်ဆောင်၍ ၎င်းမှတစ်ဆင့် ရေကြောင်းပို့ဆောင်ရေးကိုအသုံးပြု၍ ဆောင်ရွက်သည့် ကမ်းရိုးတန်းပို့ဆောင်ရေးစနစ်ကိုလည်း အကျိုးရှိစွာအသုံးချရန်လိုအပ်ကြောင်း။
  • မြစ်ဝကျွန်းပေါ်၊ ဧရာဝတီ၊ ချင်းတွင်း၊ သံလွင် စသည့် မြစ်ကြီးများကို ရေကြောင်းပို့ဆောင်ရေးတွင် အကျိုးရှိအောင်အသုံးချရန်လိုကြောင်း။
  • သင်္ဘောများကို ခေတ်နှင့်လျော်ညီစွာ တည်ဆောက်နိုင်ရန်လိုကြောင်း၊ သင်္ဘောတည်ဆောက်ရေးနှင့်ပတ်သက်၍ မိတ်ဖက်သင်္ဘောကျင်းများတွင်လည်း လေ့လာဆောင်ရွက်၍ရကြောင်း။
  • ပြည်သူများအနေဖြင့် ရေကြောင်းပို့ဆောင်ရေးကို ယုံကြည်စွာဖြင့် အသုံးပြုလာမည်ဆိုပါက တစ်နိုင်ငံလုံးခရီးသွားလာမှုနှင့် ကုန်စည်စီးဆင်းမှုများ ပိုမိုကောင်းမွန်လာနိုင်မည်ဖြစ်ရာ တစ်နိုင်ငံလုံးဆောင်ရွက်နိုင်သည့် စီးပွားရေးစနစ်တစ်ခုဖြစ်လာမည်ဖြစ်ကြောင်းဖြင့် မှာကြားခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဒလသင်္ဘောကျင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏တင်ပြချက်များအပေါ် အဆောက်အဦများပြန်လည်ပြုပြင်ထိန်းသိမ်းရန်၊ သင်္ဘောတည်ဆောက်ရေးအတွက် လိုအပ်သည့်စက်ပစ္စည်းများ ပြန်လည်ဖြည့်တင်း ဆောင်ရွက်ရန်၊ စက်ယန္တရားများ အပြည့်အဝပြန်လည်လည်ပတ်နိုင်ရေး ဆောင်ရွက်ရန်တို့အားမှာကြားပြီး လက်ဆောင်ပစ္စည်းများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်းသိရှိရပါ သည်။

  • ပို့ဆောင်ရေးကဏ္ဍတွင် ရေကြောင်းပို့ဆောင်ရေးသည် ငွေကုန်ကြေးကျမှုအသက်သာဆုံးနှင့် ကုန်စည်များစွာကို အမြန်ဆုံးရွှေ့ပြောင်းပေးနိုင်သည့် ပို့ဆောင်ရေးလမ်းကြောင်းတစ်ခုဖြစ်သော်လည်း စနစ်တကျဆောင်ရွက်ခဲ့ခြင် မရှိသည့်အတွက် ဖွံ့ဖြိုးတိုးတက်မှုအားနည်းခဲ့။
  • ပြည်သူများမှ ရေကြောင်းပို့ဆောင်ရေးလုပ်ငန်းများအပေါ် ယုံကြည်မှုများရှိလာအောင် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပြီး ရေကြောင်းပို့ဆောင်ရေးစနစ်ကို ကောင်းမွန်တိုးတက်အောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံတော်အတွက်များစွာအကျိုးရှိမည်ဖြစ်။
  • ပြည်သူများအနေဖြင့် ရေကြောင်းပို့ဆောင်ရေးကို ယုံကြည်စွာဖြင့် အသုံးပြုလာမည်ဆိုပါက တစ်နိုင်ငံလုံးခရီးသွားလာမှုနှင့် ကုန်စည်စီးဆင်းမှုများ ပိုမိုကောင်းမွန်လာနိုင်မည်ဖြစ်ရာ တစ်နိုင်ငံလုံးဆောင်ရွက်နိုင်သည့် စီးပွားရေးစနစ်တစ်ခုဖြစ်လာမည်ဖြစ်။

Add new comment