နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရန်ကုန်မြို့ရှိ အောင်ဆန်းအားကစားပြိုင်ဝင်း အဆင့်မြှင့်တင်တည်ဆောက်နိုင်မည့် အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့်အဖွဲ့ဝင်များလိုက်ပါ၍ ဇူလိုင်လ ၂ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ အောင်ဆန်းအားကစားပြိုင်ဝင်း အဆင့်မြှင့်တင် တည်ဆောက်နိုင်မည့်အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ အားကစားဝင်းဆိုင်ရာရှင်းလင်းတင်ပြမှုများအပေါ်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က-

  • အဓိကအားကစားကွင်းကြီးအတွင်း အားကစားနည်း ၈ မျိုးကို နိုင်ငံတကာအဆင့်မီယှဉ်ပြိုင်ကျင်းပပေးနိုင်ရေး စနစ်တကျထည့်သွင်းတည်ဆောက်ရမည်ဖြစ်ကြောင်း။
  • ယာဉ်ရပ်နားရန်နေရာများနှင့် Public Area များ စနစ်တကျဖော်ဆောင်ပေးနိုင်ရန်လည်း တွက်ချက်စဉ်းစားဆောင်ရွက်ရန်လိုကြောင်း။
  • တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် လိုအပ်မှုများမရှိစေရေးနှင့် ရေရှည်တည်တံ့မှုရှိစေရန်အတွက် သက်ဆိုင်ရာတာဝန်ရှိသည့် ဝန်ကြီးဌာနအသီးသီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးတို့ ပေါင်းစပ်ညှိနှိုင်းတိုင်ပင်ဆောင်ရွက်သွားကြရန်လိုကြောင်းဖြင့် မှာကြားခဲ့ပါသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် အားကစားကွင်းပုံစံငယ်ပြုလုပ်ထားရှိမှုများ၊ အောင်ဆန်းအားကစားဝင်းနှင့် မိုးလုံလေလုံအားကစားရုံအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များမှာကြားခဲ့ပါသည်။ အောင်ဆန်းအားကစားပြိုင်ဝင်းအား နိုင်ငံတော်အဆင့် အားကစားပြိုင်ပွဲများနှင့် နိုင်ငံတကာအဆင့်အားကစားပြိုင်ပွဲများကို အဆင့်အတန်းမီစွာဖြင့် လက်ခံကျင်းပနိုင်ရေးအတွက် အဆင့်မြှင့်တင်ဆောင်ရွက်နေခြင်းဖြစ်ပြီး တည်ဆောက်ပြီးစီးပါက အဓိကအားကစားကွင်းကြီးတွင် ပရိသတ်ဦးရေ ၃ သောင်းကျော်ခန့်အထိနှင့် မိုးလုံလေလုံအားကစားရုံမှာလည်း ပရိသတ် ၃,၀၀၀ ဦး ဝင်ဆန့်နိုင်မည်ဖြစ်ကြောင်းသိရှိရပါသည်။

  • အဓိကအားကစားကွင်းကြီးအတွင်း အားကစားနည်း ၈ မျိုးကို နိုင်ငံတကာအဆင့်မီယှဉ်ပြိုင်ကျင်းပပေးနိုင်ရေး စနစ်တကျထည့်သွင်းတည်ဆောက်ရမည်ဖြစ်။
  • အောင်ဆန်းအားကစားပြိုင်ဝင်းအား နိုင်ငံတော်အဆင့်အားကစားပြိုင်ပွဲများနှင့် နိုင်ငံတကာအဆင့်အားကစားပြိုင်ပွဲများကို အဆင့်အတန်းမီစွာဖြင့် လက်ခံကျင်းပနိုင်ရေးအတွက် အဆင့်မြှင့်တင်ဆောင်ရွက်နေခြင်းဖြစ်ပြီး တည်ဆောက်ပြီးစီးပါက အဓိကအားကစားကွင်းကြီးတွင် ပရိသတ်ဦးရေ ၃ သောင်း ကျော်ခန့်အထိနှင့် မိုးလုံလေလုံအားကစားရုံမှာလည်း ပရိသတ် ၃,၀၀၀ ဦး ဝင်ဆန့်နိုင်မည်ဖြစ်။

Add new comment