နိုင်ငံတော်အစိုးရအနေဖြင့် ဧပြီလ ၁၇ ရက်မှစတင်၍ နိုင်ငံတကာလေကြောင်းလိုင်းများကို ပြန်လည်ဆင်းသက်ခွင့်ပြုခဲ့သည့်အပြင် e-Visa စနစ်ဖြင့် လုပ်ငန်းဗီဇာများကိုလည်းစတင်ခွင့်ပြုပေးခဲ့ပါသည်။ ကမ္ဘာလှည့်ဗီဇာများကိုလည်း မေလ ၂၀ ရက်မှစတင်၍ e-Visa စနစ်ဖြင့် ခွင့်ပြုပေးလျက်ရှိရာ ယခုအခါ နိုင်ငံတကာ လေကြောင်းလိုင်း (၁၁)လိုင်းဖြင့် ခရီးစဉ်ပေါင်း (၁၅)ခုမှ ခရီးသွားဧည့်သည်များ တဖြည်းဖြည်းတိုးမြှင့်ဝင်ရောက်လျက်ရှိပါသည်။
ထိုကဲ့သို့ အသွားအလာကန့်သတ်ချက်များဖြေလျော့ပေးခဲ့သည့်အတွက် တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ကိုရီးယား၊ ဂျပန်၊ မလေးရှား၊ ထိုင်ဝမ်၊ ဗီယက်နမ်၊ စင်္ကာပူ၊ အမေရိကန် စသည့်နိုင်ငံများမှ ခရီးသည်များအပါအဝင် နိုင်ငံပေါင်း (၄၇) နိုင်ငံမှ ပြည်ပခရီးသည်များဝင်ရောက်လျက်ရှိရာ ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ တဖြည်းဖြည်းတိုးတက် ဝင်ရောက်လာသည်နှင့်အမျှ နိုင်ငံအတွင်း အဆင်ပြေချောမွေ့စွာသွားလာလည်ပတ်နိုင်ရေးနှင့် ၎င်းတို့၏လိုအပ်ချက်များအား ကူညီဖြည့်ဆည်းပေးနိုင်ရေးအတွက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ အချိန်နှင့်တစ်ပြေးညီ ကြပ်မတ်ဆောင်ရွက်လျက်ရှိပါသည်။
မြန်မာနိုင်ငံသို့လာရောက်လာပတ်မည့် ခရီးသည်များအနေဖြင့် e-Visa လျှောက်လွှာပုံစံတွင် Package Tour ၊ Foreign Independent Traveller (FIT) စသည်ဖြင့် ဖြည့်သွင်းပေးရန်လိုအပ်မည်ဖြစ်ပြီး လေယာဉ်ပေါ်တွင် ကြိုတင်ဖြည့်သွင်းရသော Arrival Card များ၌လည်း တည်းခိုမည့်ဟိုတယ်နှင့်တည်းခိုရိပ်သာ၊ သွားရောက်မည့် နေရာဒေသများကို ဖြည့်သွင်းသွားရန် လိုအပ်မည်ဖြစ်ပါသည်။
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှလည်း ဟိုတယ်နှင့်တည်းခိုရိပ်သာများတွင် လာရောက်နေထိုင်သော ကမ္ဘာလှည့်ခရီးသွားဧည့်သည်များစာရင်းကို အချိန်နှင့်တစ်ပြေးညီသိရှိနိုင်ရေးအတွက် ဧည့်စာရင်းစီမံခန့်ခွဲမှုစနစ် (GLMS)ကို ဆောင်ရွက်လျက်ရှိကြောင်းနှင့် မကြာမီပွင့်လင်းကာလ ခရီးသွားရာသီသို့ ရောက်ရှိတော့မည် ဖြစ်သဖြင့် ခရီးသွားဧည့်သည်များ ပိုမိုလာရောက်ရေးနှင့် လိုအပ်သည်များအား ကူညီဖြည့်ဆည်းပေးနိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရပါသည်။
-
ကမ္ဘာလှည့်ဗီဇာများကို မေလ ၂၀ ရက်မှစတင်၍ e-Visa စနစ်ဖြင့် ခွင့်ပြုပေးလျက်ရှိရာ ယခုအခါ နိုင်ငံတကာလေကြောင်းလိုင်း (၁၁)လိုင်းဖြင့် ခရီးစဉ်ပေါင်း (၁၅) ခုမှ ခရီးသွားဧည့်သည်များ တဖြည်းဖြည်းတိုးမြှင့်ဝင်ရောက်လျက်ရှိ။
-
မြန်မာနိုင်ငံသို့ လာရောက်လာပတ်မည့်ခရီးသည်များအနေဖြင့် e-Visa လျှောက်လွှာပုံစံတွင် Package Tour ၊ Foreign Independent Traveller (FIT) စသည်ဖြင့် ဖြည့်သွင်းပေးရန်လိုအပ်မည်ဖြစ်ပြီး လေယာဉ်ပေါ်တွင် ကြိုတင်ဖြည့်သွင်းရသော Arrival Card များ၌လည်း တည်းခိုမည့် ဟိုတယ်နှင့်တည်းခိုရိပ်သာ၊ သွားရောက်မည့်နေရာဒေသများကို ဖြည့်သွင်းသွားရန် လိုအပ်မည်ဖြစ်။
-
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှလည်း ဟိုတယ်နှင့်တည်းခိုရိပ်သာများတွင် လာရောက်နေထိုင်သော ကမ္ဘာလှည့်ခရီးသွားဧည့်သည်များစာရင်းကို အချိန်နှင့်တစ်ပြေးညီသိရှိနိုင်ရေးအတွက် ဧည့်စာရင်းစီမံခန့်ခွဲမှုစနစ် (GLMS) ကို ဆောင်ရွက်လျက်ရှိ။
Add new comment