နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Naypyitaw State Academy တည်ဆောက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တာဝန်ရှိသူများလိုက်ပါ၍ ဇူလိုင်လ ၁ ရက်တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇဗ္ဗူသီရိမြို့နယ်ရှိ Naypyitaw State Academy (NSA) တည်ဆောက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

အစည်းအဝေးခန်းမတွင် တာဝန်ရှိသူများက Naypyitaw State Academy တည်ဆောက်နေမှုအခြေအနေများနှင့်ပြီးစီးပါက သင်ကြားရေးအတွက် ဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်းတင်ပြကြကြရာ ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က-

  • သင်ကြားရေးနှင့်ပတ်သက်၍ အစိုးရရုံးစိုက်ရာဖြစ်သည့် နေပြည်တော် ဝန်ထမ်းမိသားစုများရှိ မျိုးဆက်သစ်သားသမီးများ၏ ပညာရေးအဆင့်မြှင့်တင်ရာတွင် အဆင့်မြင့်ပညာရေးအဆောက်အဦနှင့် သင်ကြားရေးဌာနများ မဖြစ်မနေလိုအပ်မည်ဖြစ်သည့်အတွက် တာဝန်ရှိသူအသီးသီးနှင့် တိုင်ပင်ဆွေးနွေး၍ Naypyitaw State Academy စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်စေခဲ့ခြင်းဖြစ်ကြောင်း။
  • သင်ကြားရေးအတွက် ကျောင်းသား၊ ကျောင်းသူများကိုရွေးချယ်ရာတွင် နေပြည်တော်ရှိ ဝန်ထမ်းမိသားစုများ၏ သားသမီးများနှင့် နေပြည်တော် ၈ မြို့နယ်မှ သတ်မှတ်အရည်အချင်းကိုက်ညီသူများကို အဓိကထားရွေးချယ်ရန်လိုပြီး ဘာသာရပ်အလိုက် ထူးချွန်သူများကို ဦးစားပေးရွေးချယ်ကြရမည်ဖြစ်ကြောင်း။
  • ယခုနှစ် ပညာသင်နှစ်မှစ၍ တတိယနှစ်နှင့် စတုတ္ထနှစ် Day ကျောင်းသားများကို လက်ခံသင်ကြားပေးနိုင်ရေးဆောင်ရွက်ကြရန်လိုပြီး ထို့မှတစ်ဆင့် ပညာသင်နှစ်အလိုက် ဆင့်ကဲ့ဆင့်ကဲစနစ်ဖြင့် ပထမနှစ်၊ ဒုတိယနှစ်သင်တန်းသားများကို ဆက်လက်ခေါ်ယူသင်ကြား ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
  • ယခုနှစ် ကျောင်းတက်ရောက်သူများအနေဖြင့် မိမိတို့၏နေအိမ်များမှ ကျောင်းတက်ရောက်နိုင်ရေးအတွက် ဖယ်ရီကြို၊ ပို့ပေးနိုင်ရေး ဆောင်ရွက်ပေးမည်ဖြစ်ပြီး နောင်တွင် တက္ကသိုလ်ရှိအဆောင်များတွင်နေထိုင်၍ တက်ရောက်သင်ကြားနိုင်ရန် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း။
  • NSA တွင်ရွေးချယ်ထားသော ဝိဇ္ဇာ/သိပ္ပံဘာသာရပ်များ၊ စီးပွားရေး၊ ဥပဒေ၊ လူမှုရေး၊ အားကစားနှင့် ဆေးပညာရပ်များ သင်ကြားသွားမည်ဖြစ်ကြောင်း၊ ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်နှင့် နေပြည်တော်တက္ကသိုလ်တို့သည် နိုင်ငံ၏ထိပ်တန်းတက္ကသိုလ်များဖြစ်အောင် ဆောင်ရွက်ရန်လိုပြီး ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်များစာရင်းတွင် ပါဝင်နိုင်သည်အထိ လုပ်ဆောင်ပေးနိုင်ရေး မျှော်မှန်းဆောင်ရွက်ကြရန်လိုကြောင်း မှာကြားခဲ့ပါသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် Naypyitaw State Academy Main အဆောက်အဦကြီးအတွင်းလှည့်လည်၍ စာသင်ခန်းမဆောင်များ၊ သင်ထောက်ကူပြုပစ္စည်းများခင်းကျင်းထားရှိမှု၊ Hall ခန်းမကြီး တည်ဆောက်ထားရှိမှုတို့ကိုကြည့်ရှုစစ်ဆေးခဲ့ပါသည်။

အဆိုပါ Naypyitaw State Academy စီမံကိန်းကို နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများအတွက်လိုအပ်သည့် ပညာတတ်လူငယ်များ မွေးထုတ်ပေးနိုင်ရေးအတွက်ရည်ရွယ်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏လမ်းညွှန်မှုဖြင့် နေပြည်တော်ကောင်စီနယ်မြေ၊ ဇဗ္ဗူသီရိမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ ဧပြီလမှစတင်အကောင်အထည်ဖော်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၄ ခုနှစ် ဧပြီလခန့်တွင် ပြီးစီးမည်ဖြစ်ကြောင်းသိရှိရပါသည်။

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် တာဝန်ရှိသူများလိုက်ပါ၍ နေပြည်တော်ကောင်စီနယ်မြေ၊ ဇဗ္ဗူသီရိမြို့နယ်ရှိ Naypyitaw State Academy (NSA) တည်ဆောက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့။
  • သင်ကြားရေးအတွက် ကျောင်းသား၊ ကျောင်းသူများကိုရွေးချယ်ရာတွင် နေပြည်တော်ရှိ ဝန်ထမ်းမိသားစုများ၏ သားသမီးများနှင့် နေပြည်တော် မြို့နယ်မှ သတ်မှတ်အရည်အချင်းကိုက်ညီသူများကို အဓိကထားရွေးချယ်ရန်လိုပြီး ဘာသာရပ်အလိုက် ထူးချွန်သူများကို ဦးစားပေးရွေးချယ်ကြရမည်ဖြစ်။
  • ယခုနှစ် ကျောင်းတက်ရောက်သူများအနေဖြင့် မိမိတို့၏နေအိမ်များမှ ကျောင်းတက်ရောက်နိုင်ရေးအတွက် ဖယ်ရီကြို၊ ပို့ပေးနိုင်ရေး ဆောင်ရွက်ပေးမည်ဖြစ်ပြီး နောင်တွင် တက္ကသိုလ်ရှိအဆောင်များတွင်နေထိုင်၍ တက်ရောက်သင်ကြားနိုင်ရန် ဆောင်ရွက်ပေးမည်ဖြစ်။
  • NSA တွင်ရွေးချယ်ထားသော ဝိဇ္ဇာ/သိပ္ပံဘာသာရပ်များ၊ စီးပွားရေး၊ ဥပဒေ၊ လူမှုရေး၊ အားကစားနှင့် ဆေးပညာရပ်များ သင်ကြားသွားမည်ဖြစ်။

Add new comment