၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ မတ်လအထိ အကောက်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် ဝင်ငွေခွန် အခွန်ပမာဏစုစုပေါင်း ကျပ် (၅၆.၄၂၄) ဘီလီယံ အခွန်ကင်းလွတ်ခွင့်ပြုပေးခဲ့

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် စီးပွားရေးဦးတည်ချက် ၃ ရပ် ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူတို့၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရန် အစိုးရအသုံး စရိတ်များသုံးစွဲရာတွင် အခွန်အကောက်ရငွေများဖြင့် အဓိကသုံးစွဲရပါသည်။ သို့ဖြစ်ရာ ရသင့်ရထိုက်သည့် အခွန်အကောက်ရငွေများ တိုးမြင့်ရရှိစေရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသကဲ့သို့ တစ်ဖက်တွင်လည်း နိုင်ငံတော်နှင့်ပြည်သူ့အကျိုးကို ရှေးရှု၍ တည်ဆဲဥပဒေများနှင့်အညီ အခွန်ကင်းလွတ်သက်သာခွင့်နှင့် အခွန်လျှော့ပေါ့ခွင့်တို့ကိုလည်း စိစစ်ဆောင်ရွက်ခွင့်ပြုပေးလျက်ရှိပါသည်။

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ မတ်လအထိကာလအတွင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ မှတ်တမ်းများအရ အခွန်ကင်းလွတ်ခွင့်၊ သက်သာခွင့်ပြုခဲ့သည့်စာရင်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

သို့ဖြစ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရဌာန၊ အဖွဲ့အစည်းများ၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ၊ အထူးစီးပွားရေးဇုန်ဥပဒေတို့နှင့်အညီ ဆောင်ရွက်မည့်လုပ်ငန်းများ၊ အသင်းအဖွဲ့များအား တည်ဆဲဥပဒေများအရ အခွန်ကင်းလွတ်ခွင့်ပြုနိုင်သည့်ကိစ္စများကို စိစစ်ဆောင်ရွက်ပေးလျက်ရှိပြီး၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေနှင့် တည်ဆဲအခွန်ဆိုင်ရာ ဥပဒေများနှင့်အညီ ရသင့်ရထိုက်သော အခွန်အကောက်များကိုလည်း အပြည့်အဝရရှိ စေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

  • ရသင့်ရထိုက်သည့် အခွန်အကောက်ရငွေများ တိုးမြင့်ရရှိစေရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသကဲ့သို့ တစ်ဖက်တွင်လည်း နိုင်ငံတော်နှင့်ပြည်သူ့အကျိုးကို ရှေးရှု၍ တည်ဆဲဥပဒေများနှင့်အညီ အခွန်ကင်းလွတ်သက်သာခွင့်နှင့် အခွန် လျှော့ပေါ့ခွင့်တို့ကိုလည်း စိစစ်ဆောင်ရွက်ခွင့်ပြုပေးလျက်ရှိ။

 

Add new comment