ပြည်ထောင်စုဝန်ကြီးများ အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်အား လက်ခံတွေ့ဆုံ

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးတို့သည် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးနှင့် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ် မစ္စတာ ပရပ်ဆုတ်ခွန်းအား ဇွန်လ ၃၀ ရက် တွင် သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီး၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

  • နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် တွေ့ဆုံရာတွင်- ပြည်ထောင်စုဝန်ကြီးက တူညီဆန္ဒ(၅)ချက် အကောင်အထည်ဖော်ခြင်းလုပ်ငန်းစဉ်များ၊ လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးအပ်ရေးကိစ္စ၊ အကြမ်းဖက်မှုများရပ်တန့်ရေး၊ ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ်သတ်မှတ်၍ တစ်နိုင်ငံ လုံးထာဝရငြိမ်းချမ်းရေး ဖော်ဆောင်နေမှုများအားပြောကြားခဲ့ပြီး တူညီဆန္ဒ(၅)ချက် အကောင်အထည်ဖော်ရာတွင် မြန်မာနိုင်ငံအနေဖြင့် အာဆီယံပဋိညာဉ်နှင့် အခြေခံမူများအပေါ်အခြေခံပြီး အာဆီယံနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများကလည်း အာဆီယံ ပဋိညာဉ်နှင့် အာဆီယံ၏ အဓိကမူများကို လေးစားလိုက်နာရန်နှင့် အပြန်အလှန်လေးစားမှုရှိရန်လိုအပ်ကြောင်း ပြောကြားခဲ့။
  • အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် တွေ့ဆုံရာတွင်- မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးခြင်းဆိုင်ရာ ပထမအဆင့်လုပ်ငန်းစဉ် အကောင်အထည်ဖော်ပြီးမြောက်မှု ဖြစ်ပေါ်တိုးတက်မှုများ၊ ဒုတိယအဆင့် အကောင်အထည်ဖော်ရန် ပြင်ဆင် ဆောင်ရွက်ထားရှိမှုများနှင့် မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးစီမံခန့်ခွဲမှု မူဘောင်အကောင်အထည်ဖော်ခြင်းကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့။

တွေ့ဆုံပွဲအသီးသီးသို့ သက်ဆိုင်ရာဝန်ကြီးဌာနများမှ အဆင့်မြင့်အရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

  • နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက တူညီဆန္ဒ(၅)ချက် အကောင်အထည်ဖော်ခြင်းလုပ်ငန်းစဉ်များ၊ လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးအပ်ရေးကိစ္စ၊ အကြမ်းဖက်မှုများရပ်တန့်ရေး၊ တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေး ဖော်ဆောင်နေမှုများအားပြောကြားခဲ့ပြီး တူညီဆန္ဒ(၅)ချက် အကောင်အထည်ဖော်ရာတွင် မြန်မာနိုင်ငံအနေဖြင့် အာဆီယံပဋိညာဉ်နှင့် အခြေခံမူများအပေါ်အခြေခံပြီး အာဆီယံနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် အာဆီယံပဋိညာဉ်နှင့် အာဆီယံ၏ အဓိကမူများကို လေးစားလိုက်နာရန်နှင့် အပြန်အလှန် လေးစားမှုရှိရန် လိုအပ်ကြောင်း ပြောကြားခဲ့။
  • အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် တွေ့ဆုံရာတွင် မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးခြင်းဆိုင်ရာ အဆင့်အလိုက်လုပ်ငန်းစဉ်များ၊ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးစီမံခန့်ခွဲမှုမူဘောင် အကောင်အထည်ဖော်ခြင်းကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့။

Add new comment