၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ဇွန်လ ၁၇ ရက်အထိ နှစ်လတာကာလအတွင်း ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ၄ သိန်းကျော်တင်ပို့မှုမှ အမေရိကန်ဒေါ်လာသန်း ၃၀၀ ကျော်ရရှိခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရှိရပါသည်။
ပြည်ပနိုင်ငံများသို့ ပဲမျိုးစုံတင်ပို့ရာတွင်-
- ပင်လယ်ရေကြောင်းမှ ပဲမျိုးစုံတန်ချိန် ၃၃၁,၈၁၄ ဒသမ ၅၈၃ တန်တင်ပို့နိုင်ပြီး အမေရိကန်ဒေါ်လာ ၂၅၉ ဒသမ ၄၉၆ သန်း။
- နယ်စပ်ကုန်သွယ်မှုမှ ပဲမျိုးစုံတန်ချိန် ၉၄,၈၂၈ ဒသမ ၇၇၇ တန်တင်ပို့နိုင်ပြီး အမေရိကန်ဒေါ်လာ ၆၂ ဒသမ ၉၄၅ သန်း။
- စုစုပေါင်းပဲမျိုးစုံတန်ချိန် ၄၂၆,၆၄၃ ဒသမ ၃၆ တန်တင်ပို့နိုင်ပြီး အမေရိကန်ဒေါ်လာ ၃၂၂ ဒသမ ၄၄၁ သန်းရရှိခဲ့။
အိန္ဒိယ၊ တရုတ်နိုင်ငံအပါအဝင် အာရှနှင့် ဥရောပနိုင်ငံများသို့ ပြည်တွင်းမှထွက်ရှိသည့် ပဲတီစိမ်း၊ မတ်ပဲနှင့် ပဲစင်းငုံတို့ကို အများဆုံးတင်ပို့လျက်ရှိကြောင်း သိရှိရပါသည်။
- ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် နှစ်လတာကာလအတွင်း ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ၄၂၆,၆၄၃ ဒသမ ၃၆ တန်တင်ပို့နိုင်ပြီး အမေရိကန်ဒေါ်လာ ၃၂၂ ဒသမ ၄၄၁ သန်း ရရှိခဲ့။
- ပြည်တွင်းမှ ထွက်ရှိသည့် ပဲမျိုးစုံအနက် ပဲတီစိမ်း၊ မတ်ပဲနှင့် ပဲစင်းငုံတို့ကို ပြည်ပသို့ အများဆုံးတင်ပို့လျက်ရှိ။
Add new comment