နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ် H.E. Mr. Prak Sokhonn အား လက်ခံတွေ့ဆုံ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်  အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး H.E. Mr. Prak Sokhonn အား ဇွန်လ ၃၀ ရက် တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာ၌-

  • အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှုနှင့် တိုးတက်မှုရှိသည့် အခြေအနေများ။
  • NUG ၊ CRPH တို့မှ ပေါက်ဖွားလာသည့်  PDF အမည်ခံ အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်သတ်ဖြတ်မှုများကြောင့် သံဃာတော်များနှင့် ကိုရင်များ၊ အပြစ်မဲ့ပြည်သူများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် လုံခြုံရေးတာဝန်ရှိသူများ သေဆုံးမှုများ၊  ၎င်းတို့၏ မိုင်းထောင်ဖောက်ခွဲမှုများနှင့် မီးရှို ဖျက်ဆီးခဲ့မှုများကြောင့် ပြည်သူပိုင်အဆောက်အဦများနှင့် နိုင်ငံတော်ပိုင်အဆောက်အဦများ ပျက်စီးခဲ့သည့် အခြေအနေများ။
  • အကြမ်းဖက်မှုပပျောက်ရေးအတွက် ဆောင်ရွက်လျက်ရှိမှု၊ စာသင်ကျောင်းများပြန် လည်ဖွင့်လှစ်သင်ကြားလျက်ရှိမှု၊ ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးလျက်ရှိသည့်အခြေအနေများ။
  • မြန်မာနိုင်ငံရှိပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူ အညီများရရှိစေရေး ဆောင်ရွက်ပေးလျက်ရှိမှု၊ အာဆီယံ၏မူဝါဒတွင် လူသားချင်း စာနာထောက်ထားမှုအကူအညီပေးရေးနှင့်ပတ်သက်၍ “တစ်ဦးတစ်ယောက်မှမကျန်ရ” ဆိုသကဲ့သို့ မြန်မာနိုင်ငံအနေဖြင့်လည်း “လူ့အသက်ထက် အရေးကြီးတာဘာမျှမရှိ”  ဆိုသည့် မူဝါဒထားရှိဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဝဏ္ဏမောင်လွင်၊ ဦးကိုကိုလှိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ်၊ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့်အတူ အာဆီယံဒုတိယအထွေထွေအတွင်းရေးမှူးချုပ် H. E. Ekkaphab Phanthavong၊ မြန်မာနိုင်ငံဆိုင်ရာကမ္ဘောဒီးယား နိုင်ငံသံအမတ်ကြီး H.E. Mr. Chhouk Bunna နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်  အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်အား ဇွန်လ ၃၀ ရက်တွင် နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့။
  • အကြမ်းဖက်မှုပပျောက်ရေးအတွက် ဆောင်ရွက်လျက်ရှိမှု၊ စာသင်ကျောင်းများပြန် လည်ဖွင့်လှစ်သင်ကြားလျက်ရှိမှု၊ ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးလျက်ရှိသည့်အခြေအနေများ။
  • မြန်မာနိုင်ငံရှိပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများရရှိစေရေး ဆောင်ရွက်ပေးလျက်ရှိမှု၊ အာဆီယံ၏မူဝါဒတွင် လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးနှင့်ပတ်သက်၍ “တစ်ဦးတစ်ယောက်မှမကျန်ရ” ဆိုသကဲ့သို့ မြန်မာနိုင်ငံအနေဖြင့်လည်း “လူ့အသက်ထက် အရေးကြီးတာဘာမျှမရှိ”  ဆိုသည့် မူဝါဒထားရှိဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြ။

Add new comment