လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်အား မိုင်းထောင်ဖောက်ခွဲရန် ကြိုးပမ်းသူအား ဖမ်းဆီးရမိ

ဇွန်လ ၂၉ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်သို့ လက်လုပ်မိုင်းဖြင့် မိုင်းထောင်ဖောက်ခွဲရန် ကြိုးပမ်းစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အဆိုပါမိုင်းထောင်ဖောက်ခွဲသူအား ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရပါသည်။

ဖြစ်စဉ်မှာ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်ရှေ့ရှိ စင်္ကြန်လမ်း၌ ပေါက်ကွဲသံကြားသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်နေသူ ထက်အောင်ကို(ခ)ကိုအောင်(၁၆)နှစ်သည် ၎င်း၏ ဘေးလွယ်အိတ်အတွင်းမှ လက်လုပ်မိုင်းဖြင့် မိုင်းထောင်ဖောက်ခွဲရန် ကြိုးပမ်းစဉ် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ထက်အောင်ကိုအား မိုင်းစထိမှန်ဒဏ်ရာများဖြင့် ဖမ်းဆီးရမိခဲ့ကြောင်းနှင့် လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် အဆောက်အဦ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရှိရပါသည်။

အစွန်းရောက်အကြမ်းဖက်သမားများအနေဖြင့် ပြည်သူလူထု အထိတ်တလန့်ဖြစ်ပွားစေရန်ရည်ရွယ်၍ ယခုကဲ့သို့ အသက်ငယ်ရွယ်သူများကို မက်လုံးပေးစေခိုင်း၍ မိုင်းထောင်ဖောက်ခွဲစေခဲ့ခြင်းဖြစ်ပြီး လက်လုပ်မိုင်းပြုလုပ်နည်း၊ မိုင်းထောင်နည်းများအား တိုင်းရင်းသားလက်နက်ကိုင်နယ်မြေများတွင် အချိန်တိုကာလအတွင်း သင်ကြားခြင်း၊ ဆိုရှယ်မီဒီယာမှတစ်ဆင့် online အသုံးပြုသင်ကြားခဲ့ခြင်းတို့ကြောင့် ကျမ်းကျွင်စွာ တတ်မြောက်မှုမရှိသဖြင့် မိုင်းထောင်စဉ်ပေါက်ကွဲမှုများဖြစ်ပွားကာ သေဆုံးမှုများ မကြာခဏဖြစ်ပွားလျက်ရှိရာ ဇူလိုင်လ ၁ ရက်အထိ ဖြစ်စဉ် ၄၁ ကြိမ်ရှိပြီး သေဆုံးသူ ၄၅ ဦး၊ ဒဏ်ရာရရှိသူ ၃၇ ဦး ရှိကြောင်း တွေ့ရှိရပါသည်။ 

ဖြစ်စဉ်တွင် မိုင်းထောင်ဖောက်ခွဲရန် ကြိုးပမ်းခဲ့သည့် တရားခံနှင့် ပါဝင်ပတ်သက်သူများကို ထိရောက်စွာအရေးယူနိုင်ရေး လိုအပ်သည်များ ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။   

  • လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်သို့ လက်လုပ်မိုင်းဖြင့် မိုင်းထောင်ဖောက်ခွဲရန် ကြိုးပမ်းစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အဆိုပါမိုင်းထောင် ဖောက်ခွဲသူအား ဖမ်းဆီးရမိခဲ့။
  • အစွန်းရောက်အကြမ်းဖက်သမားများအနေဖြင့် အကြမ်းဖက်မှုလုပ်ရပ်များ လုပ်ဆောင်ရန် လက်လုပ်မိုင်းတပ်ဆင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွားကာ ဒဏ်ရာရသေဆုံးမှုများ မကြာခဏဖြစ်ပွားလျက်ရှိပြီး ဇူလိုင်လ ၁ ရက်အထိ ဖြစ်စဉ် ၄၁ ကြိမ်ရှိပြီး သေဆုံးသူ ၄၅ ဦး၊ ဒဏ်ရာရရှိသူ ၃၇ ဦးရှိပြီဖြစ်။

Add new comment