နိုင်ငံတော်နှင့်ပြည်သူတို့ လိုအပ်လျက်ရှိသည့် ထာဝရ ငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်ရာတွင် တပ်မတော်အနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ပါအတိုင်း တိကျစွာလိုက်နာသွားမည်ဖြစ်ပြီး လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့်လည်း သဘောတူစာချုပ်ပါကတိကဝတ်များကို အလေးထားလိုက်နာဆောင်ရွက်သွားရန်နှင့် မိမိလက်အောက်ခံအဖွဲ့အစည်းများအပေါ်တွင်လည်း စာချုပ်ပါ စည်းကမ်းများလိုက်နာစေရေးထိန်းသိမ်းသွားရန် တိုက်တွန်းကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ သတင်းထုတ်ပြန်ထားပါသည်။
သတင်းထုတ်ပြန်ချက်
တပ်မတော်က နိုင်ငံရေးအရ အရေးပေါ်အခြေအနေကြောင့် နိုင်ငံတော်တာဝန်အား ထိန်းသိမ်းဆောင်ရွက်ခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက် နောက်ပိုင်းတွင် NLD အစွန်းရောက်တို့၏ သွေးထိုးလုံ့ဆော်မှု၊ ၎င်းတို့ဖန်တီးခဲ့သည့် CRPH၊ NUG နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များကမြို့ကြီးအချို့တွင် ဆူပူအကြမ်းဖက်မှုများပြုလုပ်ခဲ့ပြီး ဆေးရုံ၊ ကျောင်းများမှစ၍ ဘာသာရေးနှင့် သက်ဆိုင်သောနေရာ၊ အဆောက်အဦများ ဖောက်ခွဲဖျက်ဆီးခြင်း၊ သတ်ဖြတ်ခြင်းများ ဆောင်ရွက်လာခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက တာဝန်သိပြည်သူများဖြင့် ပူးပေါင်း၍ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ခဲ့ရာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် မှ ယနေ့အထိ မြို့ကြီးအချို့တွင် အကြမ်းဖက်မှု ၃၇၅၁ ကြိမ်ရှိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက ထိန်းသိမ်းခဲ့ရမှုအနေဖြင့် အကြမ်းဖက်သူ ၁၄၉၂ ဦး၊ လက်နက်မျိုးစုံ ၁၃၃ လက်၊ ခဲယမ်းမျိုးစုံ ၁၆၉၃ တောင့်၊ လက်ပစ်ဗုံး ၂၈ လုံး၊ လက်လုပ်မိုင်း ၂၁၇ လုံးနှင့် အခြားဖောက်ခွဲဖျက်ဆီးရေးပစ္စည်းများကို သိမ်းဆည်းရမိခဲ့ သည်။ ထို့ပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်မှုများမရှိစေရေးအတွက် ရှာဖွေဖော်ထုတ်မှုများ ဆောင်ရွက်ခဲ့ရာ အကြမ်း ဖက်သူ ၉၉၅၈ ဦး၊ လက်နက်မျိုးစုံ ၃၄၁၇ လက်၊ ခဲယမ်းမျိုးစုံ ၁၆၁၅၀၀ တောင့်၊ လက်ပစ်ဗုံး ၆၄၇ လုံး၊ လက်လုပ်မိုင်း ၆၈၉၅ လုံးနှင့် အခြားဖောက်ခွဲဖျက်ဆီးရေးပစ္စည်းများကို အချိန်မီ ဖော်ထုတ်တားဆီးထိန်းသိမ်းနိုင်ခဲ့သည်။
ထိုသို့ဆောင်ရွက်ခဲ့မှုကြောင့် ရန်ကုန်မြို့နှင့် မြန်မာနိုင်ငံတောင်ပိုင်းရှိ မြို့ကြီးများတွင် အကြမ်းဖက်မှုများကို အဓိကဦးဆောင်ကြိုးကိုင်ဆောင်ရွက်နေသည့် အကြမ်းဖက်အဖွဲ့ကြီးများကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ပြီး ဖြစ်စဉ် ၁၅ ကြိမ်တွင် ဖမ်းဆီးရ မိသူ ၂၇၂ ဦး၊ လက်နက်ခဲယမ်းအနေဖြင့် ပစ္စတို ၄၄ လက် ၊ ပွိုင့်-၂၂ သေနတ် ၈ လက်၊ MK-12 ၅၁ လက်၊ M-16 ၃၀ လက်၊ M-22 ၁၅ လက်၊ AK-47 ၅၅ လက်၊ M4-A1 ၁၀ လက်၊ 56-1 ၅ လက်၊ M-79 ၄ လက် အပါအဝင် လက်နက်မျိုးစုံ ၂၂၈ လက်၊ ခဲယမ်း မျိုးစုံ ၂၇၂၂၈ တောင့်၊ ရှေ့ထွက်မိုင်းနှင့် လက်ပစ်ဗုံးမျိုးစုံ ၂၈၆ လုံးတို့အား သိမ်းဆည်းရမိခဲ့သည်။ ဖမ်းဆီးရမိသူများကို ဖော်ထုတ်ချက်များအရ KNU အဖွဲ့၏အချို့တပ်မဟာများတွင် အကြမ်းဖက်ဖောက်ခွဲရေးသင်တန်းတက်ရောက်ခဲ့ပြီး အမည်စာရင်းတိကျစွာ ဖော်ထုတ်ရရှိသူ ၁၇၃ ဦး ရှိကြောင်းနှင့် အမည်စာရင်း တိကျစွာဖော်ထုတ်မရရှိသူ မြောက်မြားစွာရှိကြောင်း သိရှိရ သည်။ ဖမ်းဆီးရမိ လက်နက်၊ ခဲယမ်းအများစုသည်လည်း KNU နယ်မြေအသီးသီးမှတဆင့် ပြည်တွင်းသို့ ဝင်ရောက်လာသော လက်နက်/ ခဲယမ်းများဖြစ်သည်။ အရှေ့တောင်အာရှဒေသအတွင်း စစ်အေးခေတ်နှင့် စစ်အေးလွန်ခေတ်၌ ဖြစ်ပွားခဲ့သည့် လက် နက်ကိုင်ပဋိပက္ခများ၌ အားပေးအားမြှောက်ပြုလုပ်ခဲ့သည့် နိုင်ငံကြီးအချို့၏ ပဋိပက္ခလက်ကျန်လက်နက်များဖြစ်ကြောင်း တွေ့ရှိရသည်။
တပ်မတော်အနေဖြင့် ထာဝရငြိမ်းချမ်းရေးကို ရှေးရှု၍ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်တွင် သဘောတူလက်မှတ် ရေးထိုးခဲ့သည့် NCA သဘောတူညီချက်များကို တိကျစွာ လေးစားလိုက်နာလျက်ရှိသည့်အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကိုလည်း ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်အထိ သက်တမ်းတိုးမြှင့်ထားပြီးဖြစ်သည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေဖြင့်လည်း ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် အစည်းအဝေးများ၊ ဆွေးနွေးပွဲများနှင့် အခမ်းအနားများ၌ “နိုင်ငံတော်နှင့် ပြည် သူတို့ လိုအပ်လျက်ရှိသည့် ထာဝရငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်ရာတွင် တပ်မတော်အနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)ပါအတိုင်း တိကျစွာလိုက်နာသွားမည်” ဖြစ်ကြောင်း သဘောထားထုတ်ပြန်ပြီးဖြစ်သည်။ ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်နှင့် ဦးတည်ချက် ၉ ရပ်တို့တွင်လည်း ငြိမ်းချမ်းရေးကို ဦးစားပေးလုပ်ငန်းအဖြစ်ချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တိုးမြှင့်လုပ်ဆောင်နိုင်ရေးအတွက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းကော်မတီ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီများဖွဲ့စည်း၍ ငြိမ်းချမ်းရေးဆွေးနွေးပွဲများအတွက် လျင်မြန်လွယ်ကူထိရောက်စွာ ဆွေးနွေးဆောင်ရွက်နိုင်သည့် လမ်းကြောင်းများ ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်သည်။
သို့ဖြစ်၍ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် သဘောတူစာချုပ်ပါ ကတိကဝတ်များကို အလေးထားလိုက်နာဆောင်ရွက်သွားရန်နှင့် မိမိလက်အောက်ခံအဖွဲ့အစည်းများအပေါ်တွင်လည်း စာချုပ်ပါစည်းကမ်းများ လိုက်နာစေရေး ထိန်းသိမ်းသွားရန် တိုက်တွန်းကြောင်းနှင့် စာချုပ်ပါစည်းကမ်းများကိုကျူးလွန် ချိုးဖောက်မှုများနှင့်ပတ်သက်၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက် လိုအပ် သည့် လုံခြုံရေးဆိုင်ရာ ဆောင်ရွက်ချက်များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
သတင်းထုတ်ပြန်ရေးအဖွဲ့
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
- ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှ ယနေ့ထိ အကြမ်းဖက်မှု ၃၇၅၁ ကြိမ်၊ အကြမ်းဖက်သူ ၁၄၉၂ ဦး၊ လက် နက်မျိုးစုံ ၁၃၃ လက်၊ ခဲယမ်းမျိုးစုံ ၁၆၉၃ တောင့်၊ လက်ပစ်ဗုံး ၂၈ လုံး၊ လက်လုပ်မိုင်း ၂၁၇ လုံးနှင့် အခြား ဖောက်ခွဲဖျက်ဆီးရေးပစ္စည်းများ သိမ်းဆည်းရမိခဲ့။
- တပ်ဖွဲ့ဝင်များက အကြမ်းဖက်မှုများမရှိစေရေးအတွက် ရှာဖွေဖော်ထုတ်မှုများဆောင်ရွက်ခဲ့ရာ အကြမ်းဖက်သူ ၉,၉၅၈ ဦး၊ လက်နက်မျိုးစုံ ၃,၄၁၇ လက်၊ ခဲယမ်းမျိုးစုံ ၁၆၁,၅၀၀ တောင့်၊ လက်ပစ်ဗုံး ၆၄၇ လုံး၊ လက် လုပ်မိုင်း ၆၈၉၅ လုံးနှင့် အခြားဖောက်ခွဲ ဖျက်ဆီးရေးပစ္စည်းများကို အချိန်မီဖော်ထုတ်နိုင်ခဲ့။
- ရန်ကုန်မြို့နှင့် မြန်မာနိုင်ငံတောင်ပိုင်းရှိမြို့ကြီးများတွင် အကြမ်းဖက်မှုဖြစ်စဉ် ၁၅ ကြိမ်တွင် ဖမ်းဆီးရမိသူ ၂၇၂ ဦး၊ လက်နက်ခဲယမ်းအနေဖြင့် ပစ္စတို ၄၄ လက် ၊ ပွိုင့်-၂၂ သေနတ် ၈ လက်၊ MK-12 ၅၁ လက်၊ M-16 ၃၀ လက်၊ M-22 ၁၅ လက်၊ AK-47 ၅၅ လက်၊ M4-A1 ၁၀ လက်၊ 56-1 ၅ လက်၊ M-79 ၄ လက် အပါအဝင် လက်နက်မျိုးစုံ ၂၂၈ လက်၊ ခဲယမ်း မျိုးစုံ ၂၇၂၂၈ တောင့်၊ ရှေ့ထွက်မိုင်းနှင့် လက်ပစ်ဗုံးမျိုးစုံ ၂၈၆ လုံး သိမ်း ဆည်းရမိခဲ့။
- ဖမ်းဆီးရမိသူများမှာ KNU အဖွဲ့၏အချို့တပ်မဟာများတွင် အကြမ်းဖက်ဖောက်ခွဲရေးသင်တန်းတက်ရောက် ခဲ့ပြီး အမည်စာရင်းတိကျစွာ ဖော်ထုတ်ရရှိသူ ၁၇၃ ဦး နှင့် အမည်စာရင်းတိကျစွာဖော်ထုတ်မရရှိသူ မြောက် မြားစွာရှိပြီး ဖမ်းဆီးရမိ လက်နက်၊ ခဲယမ်းများသည် KNU နယ်မြေမှတဆင့် ပြည်တွင်းသို့ ဝင်ရောက်လာခဲ့။
- တပ်မတော်အနေဖြင့် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်တွင် သဘောတူလက်မှတ်ရေးထိုးခဲ့သည့် NCA သဘောတူညီချက်များကို တိကျစွာ လေးစားလိုက်နာလျက်ရှိသည့်အပြင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးကိုလည်း ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်အထိ သက်တမ်းတိုးမြှင့်ထားပြီးဖြစ်။
- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေဖြင့်လည်း ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် အစည်းအဝေးများ၊ ဆွေးနွေး ပွဲများနှင့် အခမ်းအနားများ၌ “နိုင်ငံတော်နှင့် ပြည်သူတို့ လိုအပ်လျက်ရှိသည့် ထာဝရငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်ရာတွင် တပ်မတော်အနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ပါအတိုင်း တိကျစွာလိုက်နာသွားမည်” ဖြစ်ကြောင်း သဘောထားထုတ်ပြန်ပြီးဖြစ်။
- တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင် အဖွဲ့အစည်း များအနေဖြင့် သဘောတူစာချုပ်ပါကတိကဝတ်များကို အလေးထားလိုက်နာဆောင်ရွက်သွားရန်နှင့် မိမိလက်အောက်ခံ အဖွဲ့အစည်းများအပေါ်တွင်လည်း စာချုပ်ပါစည်းကမ်းများလိုက်နာစေရေး ထိန်းသိမ်းသွားရန် တိုက်တွန်းကြောင်း။