ပေါက်မြို့နယ်၊ ရေပြာကျေးရွာရှိ ရေပြာအခြေခံပညာအထက်တန်းကျောင်းအား PDF အကြမ်းဖက်သမားများက လက်လုပ်အသံဗုံးဖြင့် ပစ်ခတ်

NUG အကြမ်းဖက်အဖွဲ့နှင့် ၎င်း၏လက်အောက်ခံ PDF အကြမ်းဖက်သမားများသည် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ မိဘများအား ခြိမ်းခြောက်အကျပ်ကိုင်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာ အဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ အထောက်အကူပြုပစ္စည်းများနှင့် ကျောင်းသုံး ပုံနှိပ်စာအုပ်များအား မီးရှို့ဖျက်ဆီးခြင်းစသည့် နည်းလမ်းမျိုးစုံအသုံးပြုကာ ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီးလျက်ရှိပါသည်။

ဇွန်လ ၂၈ ရက်တွင် မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ရေပြာကျေးရွာ၌ ဆိုင်ကယ်မောင်းနှင်လာသည့် အကြမ်းဖက်သမား အမျိုးသား ၂ ဦးက ရေပြာအခြေခံပညာအထက်တန်းကျောင်းအတွင်းသို့ လက်လုပ်အသံဗုံး ၁ လုံးဖြင့် ပစ်ပေါက်ထွက်ပြေးသွားခဲ့ရာ ကျောင်းအနောက်တောင်ဘက်ရှိ ဝန်းအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ ကြောင်း သိရှိရပါသည်။

တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးက ယခုကဲ့သို့ ယုတ်မာရိုင်းစိုင်းသည့်လုပ်ရပ်ကို ကျူးလွန်ခဲ့သည့်၊ ကျူးလွန်ရန် အားပေးလှုံ့ဆော်နေသည့် NUG၊ PDF အကြမ်းဖက်အဖွဲ့များအပေါ် ရွံရှာမုန်းတီး၍ ဝိုင်းဝန်းဆန့်ကျင်လျက်ရှိပြီး ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိပါသည်။

  • ပေါက်မြို့နယ်၊ ရေပြာကျေးရွာ၌ ဆိုင်ကယ်မောင်းနှင်လာသည့် အကြမ်းဖက်သမား အမျိုးသား ၂ ဦးက ရေပြာအခြေခံပညာအထက်တန်းကျောင်းအတွင်းသို့ လက်လုပ်အသံဗုံး ၁ လုံးဖြင့် ပစ်ပေါက်ထွက်ပြေးသွားခဲ့ရာ ကျောင်းအနောက်တောင်ဘက်ရှိ ဝန်းအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့။

Add new comment