စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေစီမံကိန်းမှ တောင်သူ ၅,၅၇၆ ဦး သို့ ချေးငွေကျပ် ၂၂၉ ဒသမ ၉၇၉ ဘီလီယံထုတ်ချေးပေးထားပြီးဖြစ်

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်‌ချေးငွေစီမံကိန်း(JICA, Two Step Loan) ဦးဆောင်ကော်မတီအစည်းအဝေး(၂၂/၂၀၂၂) ကို ဇွန်လ ၂၈ ရက်တွင် ပြည်ထောင်စုဝန်ကြီးရုံး၌ ကျင်းပပြုလုပ် ခဲ့ပါသည်။

JICA, Two Step Loan ချေးငွေစီမံကိန်းကို ၂၀၁၇ ခုနှစ်၊ ဇူလိုင်လတွင်စတင်ခဲ့ပြီး ယခုအချိန်အထိ မြို့နယ်ပေါင်း(၁၈၇)ခုမှ တောင်သူ (၅၅၇၆) ဦးသို့ ချေးငွေ ကျပ် (၂၂၉.၉၇၉) ဘီလီယံ ထုတ်ချေးပေးထားပြီးဖြစ်ကြောင်း၊  ချေးငွေရယူထားသည့် တောင်သူများမှ အချိန်စေ့ရောက်၍ အရစ်ကျပြန်ဆပ်လာသည့်ငွေများကို ချေးငွေ ရယူလိုသည့် တောင်သူအသစ်များသို့ စဉ်ဆက်မပြတ် ထုတ်ချေးလျက်ရှိကြောင်း၊ လယ်ယာသုံးစက်ကိရိယာများအပြင် ချေးငွေအမယ်သစ်များဖြစ်သည့် ဆန်စက်ငယ်၊ ဆီစက်ငယ်များ၊ ဈေးကွက်ဝင်သီးနှံအမျိုးမျိုး အတွက် ထုတ်ချေးပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

  • JICA, Two Step Loan ချေးငွေစီမံကိန်းကို ၂၀၁၇ ခုနှစ်၊ ဇူလိုင်လတွင်စတင်ခဲ့ပြီး ယခုအချိန်အထိ မြို့နယ်ပေါင်း (၁၈၇) ခုမှ တောင်သူ (၅၅၇၆) ဦးသို့ ချေးငွေ ကျပ် (၂၂၉.၉၇၉) ဘီလီယံ ထုတ်ချေးပေးထားပြီးဖြစ်။
  • လယ်ယာသုံးစက်ကိရိယာများအပြင် ချေးငွေအမယ်သစ်များဖြစ်သည့် ဆန်စက်ငယ်၊ ဆီစက်ငယ်များ၊ ဈေးကွက်ဝင်သီးနှံအမျိုးမျိုးအတွက် ထုတ်ချေးပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိ

Add new comment