မဲခေါင်-လန်ချန်းအထူးရန်ပုံငွေဖြင့် ၂၀၂၂ ခုနှစ်တွင် စီမံကိန်းလုပ်ငန်း ၇ ခု အကောင်အထည်ဖော်ဆောင်ရွက်မည်

မဲခေါင်-လန်ချန်းအထူးရန်ပုံငွေဖြင့် အကောင်အထည်ဖော်သည့် စီမံကိန်းများဆိုင်ရာအစည်းအဝေးကို ဇွန်လ ၂၉ ရက်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

မဲခေါင်-လန်ချန်းစီမံကိန်းလုပ်ငန်းများသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ မတည်ရန်ပုံငွေဖြင့် ဆောင်ရွက်နေခြင်းဖြစ်ပြီး စီမံကိန်း၏ ပထမအသုတ်အဖြစ် ၂၀၁၇ ခုနှစ်တွင် စီမံကိန်း ၅ ခု၊ ဒုတိယအသုတ်အဖြစ် ၂၀၁၈ ခုနှစ်တွင် စီမံကိန်း ၉ ခု၊ တတိယအသုတ်အဖြစ် ၂၀၂၀ ပြည့်နှစ်တွင် စီမံကိန်း ၆ ခု၊ စတုတ္ထအသုတ်အဖြစ် ၂၀၂၁ ခုနှစ်တွင် စီမံကိန်းလုပ်ငန်း ၄ ခုတို့အား အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါသည်။ လာမည့် ၂၀၂၂ ခုနှစ်တွင် ပဉ္စမအသုတ်အဖြစ် စီမံကိန်းလုပ်ငန်း ၇ ခု အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ရာ အမေရိကန်ဒေါ်လာ ၁၀ သန်းကျော်ဖြင့် စုစုပေါင်းစီမံကိန်း ၃၁ ခုကို ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

အဆိုပါအစည်းအဝေးတွင် ဒုတိယဝန်ကြီးဒေါက်တာအောင်ကြီးက စိုက်ပျိုးမြေများကို ထိထိရောက်ရောက်အသုံးချကာ စိုက်ပျိုးရာသီအလိုက် သီးနှံမျိုးစုံမျိုးကွဲများ စုံလင်စွာစိုက်ပျိုးရေး၊ သီးထပ်သီးညှပ်စိုက်ပျိုးရေး၊ ဒေသနှင့်ကိုက်ညီသည့် သီးနှံများ စိုက်ပျိုးရေး၊ မျိုးကောင်းမျိုးသန့်များ အသုံးပြုစိုက်ပျိုးမှုတိုးတက်ရေး၊ အရည် အသွေးမြင့်မားသည့် စိုက်ပျိုးရေးထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်၍ ဈေးကွက်ရရှိရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်ပြီး လယ်ယာကဏ္ဍ၏ ပြည်ပပို့ကုန်တိုးမြှင့်ရေးကို ဒေသတွင်းနိုင်ငံများ၊ ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ဟု ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

  • မဲခေါင်-လန်ချန်းစီမံကိန်း၏ ပထမအသုတ်အဖြစ် ၂၀၁၇ ခုနှစ်တွင် စီမံကိန်း ၅ ခု၊ ဒုတိယအသုတ်အဖြစ် ၂၀၁၈ ခုနှစ်တွင် စီမံကိန်း ၉ ခု၊ တတိယအသုတ်အဖြစ် ၂၀၂၀ ပြည့်နှစ်တွင် စီမံကိန်း ၆ ခု၊ စတုတ္ထအသုတ်အဖြစ် ၂၀၂၁ ခုနှစ်တွင် စီမံကိန်းလုပ်ငန်း ၄ ခုတို့အား အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် ပဉ္စမအသုတ်အဖြစ် စီမံကိန်းလုပ်ငန်း ၇ ခု အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ရာ အမေရိကန်ဒေါ်လာ ၁၀ သန်းကျော်ဖြင့် စုစုပေါင်းစီမံကိန်း ၃၁ ခုကို ဆောင်ရွက်သွားမည်ဖြစ်။

 

Add new comment