(၃၄)ကြိမ်မြောက် မြန်မာ-ထိုင်း ဒေသဆိုင်ရာနယ်ခြားကော်မတီအစည်းအဝေး အောင်မြင်စွာကျင်းပပြီးစီး

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပပြုလုပ်သည့် (၃၄)ကြိမ်မြောက် မြန်မာ-ထိုင်း ဒေသဆိုင်ရာနယ်ခြားကော်မတီအစည်းအဝေး ဒုတိယနေ့ကို ဇွန်လ ၂၉ ရက်တွင် တောင်ကြီးမြို့၌ ဆက်လက်ကျင်းပခဲ့ရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံမှ ကိုယ်စား လှယ်အဖွဲ့ခေါင်းဆောင် Lt.Gen. Apichet Suesat နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင် မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုးနှင့် ထိုင်းကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Lt.Gen. Apichet Suesat တို့က (၃၄) ကြိမ်မြောက် မြန်မာ-ထိုင်း ဒေသဆိုင်ရာနယ်ခြားကော်မတီအစည်းအဝေး သဘောတူညီချက်အား အတည်ပြုလက်မှတ်ရေးထိုးကာ အပြန်အလှန် လဲလှယ်ခဲ့ပါသည်။ ထို့နောက် နှစ်နိုင်ငံ အထိမ်းအမှတ်တံဆိပ်များကို အပြန်အလှန်လဲလှယ်ကြပြီး အမှာစကားအသီးသီးပြောကြား၍ ကော်မတီအဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ အစည်းအဝေးကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

  • မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပပြုလုပ်သည့် (၃၄)ကြိမ်မြောက် မြန်မာ-ထိုင်း ဒေသဆိုင်ရာနယ်ခြားကော်မတီအစည်းအဝေးကို ဇွန်လ ၂၉ ရက်တွင် တောင်ကြီးမြို့၌ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့။

Add new comment