နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၄/၂၀၂၁)သို့ တက်ရောက် အမှာစကားပြောကြား

             ဒီဇင်ဘာလ ၃၀ ရက်တွင် နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စု အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ်(၄/၂၀၂၁)၌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားခဲ့သော အမှာစကားကောက်နုတ်ချက် များမှာ-

· နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူချိန်မှစ၍ ရှေ့လုပ်ငန်းစဉ် (၅)ရပ် ချမှတ်ဆောင်ရွက်ခဲ့ပြီး ရွေးကောက် ပွဲကော်မရှင်အား ပြန်လည်ဖွဲ့စည်းခြင်း၊ မဲစာရင်းများအား ပြန်လည်စိစစ်ခြင်း၊ တာဝန်ရှိသူများအား ဖော်ထုတ်အရေးယူခြင်းများကို ဆောင်ရွက်ခဲ့ရာ အတိုင်းအတာတစ် ခုအထိ အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း။

· ယခုအခါ ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်း များစွာလျော့နည်း လာပြီဖြစ်သဖြင့် အချို့သောတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါ၊ ကာကွယ်၊ ထိန်းချုပ်၊ ကုသ ရေးနှင့် ပတ်သက်သည့် စည်းကမ်းချက်တချို့ကို တာဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်း၍ ဖြေလျှော့ပေးမည်ဖြစ်သော် လည်း ကိုဗစ်-၁၉ မျိုးရိုးဗီဇ ပြောင်းရောဂါပိုး(အိုမီခရွန်) ကူးစက်မှုအချို့ရှိခြင်းကြောင့် သတိထားဆောင်ရွက်ရန်လိုကြောင်း။

· ကိုဗစ်-၁၉ ရောဂါကူးစက်မှုများဖြစ်ပွားခဲ့ချိန် အတွေ့အကြုံ များကြောင့် ယခုအခါ ဆေးရုံများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးအတွက် အောက်ဆီဂျင်နှင့် ကုသဆေးများအပြင် အခြားလိုအပ်သည်များကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ကျဆင်းသွားသည့် နိုင်ငံ၏စီးပွားရေး ပြန်လည်တိုးတက်မှုရှိစေရေးအတွက် ကြိုးပမ်းဆောင် ရွက်လျက်ရှိကြောင်း။

· ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့် ဆူပူအကြမ်းဖက်လုပ်ရပ်များကြောင့် စက်ရုံအလုပ်ရုံအချို့ ရပ်နားထားခဲ့ရသော်လည်း ယခုအခါ စက်ရုံအလုပ်ရုံအားလုံးနီးပါး ပြန်လည်ဖွင့် လှစ်ဆောင်ရွက်လျက်ရှိကြောင်း။

· ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ မိမိတို့အနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများအတွက် အမြဲတမ်းဖိတ်ခေါ်ဆောင်ရွက် လျက်ရှိကြောင်း၊ ယခုအခါတွင်ညှိနှိုင်းမှုများကြောင့် မကြာမီ အချိန်အတွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ကျင်းပနိုင်ပြီး ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် အကျိုးကျေးဇူးများ တိုးတက်ရရှိမည်ဟု မျှော်လင့်ကြောင်း။

· နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသော ရှေ့လုပ်ငန်းစဉ်(၅)ရပ်၏ နောက်ဆုံးအချက်ဖြစ်သည့် လုပ် ဆောင်ဖွယ်ရာများလုပ်ဆောင်ပြီးပါက ရွေးကောက်ပွဲအသစ် ပြန်လည်ပြုလုပ်၍ အနိုင်ရရှိသည့်ပါတီအား အာဏာပြန်လည်လွှဲပြောင်းပေးရန် ဖြစ်ကြောင်း။

· ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာ သုံးလ တာကာလအတွင်း ပို့ကုန်များအထိုက်အလျောက်တင်ပို့နိုင်ခဲ့ပြီး ထိုသို့တင်ပို့ရာတွင် လယ်ယာထုတ်ကုန်များ ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း၊ သွင်းကုန်များနှင့်ပတ်သက်၍လည်း စားအုန်းဆီများနှင့် စက်သုံးဆီများတင်သွင်းမှုကို ထိန်းသိမ်းဆောင်ရွက်ရန်လိုကြောင်း။

· နိုင်ငံ၏ GDP ကို ကုန်သွယ်မှုလုပ်ငန်းတစ်ခုတည်းဖြင့် တွက် ချက်၍ မရသော်လည်း ကုန်သွယ်မှုပမာဏများပြားလာခြင်းဖြင့် နိုင်ငံ၏ GDP တိုးတက်အောင် အထောက်အကူပြုနိုင်ကြောင်း၊ စားသောက်ကုန်နှင့် သုံးကုန်များထက် အခြားကုန်ထုတ်လုပ်မှုကို ပိုမိုတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း။

· ဝန်ကြီးဌာနများအလိုက် အချက်အလက်များ သိမ်းဆည်းထားရှိရန်လိုအပ်မှုနှင့် ပတ်သက်၍ မိမိသိလိုသည့် Data ကို ခက်ခက်ခဲခဲရှာရပြီး မှတ်တမ်းမှတ်ရာနှင့်ပတ်သက်၍ အချို့တန်ဖိုးကိုနားမလည်ကြကြောင်း၊ ယခုခေတ်တွင် လွန်ခဲ့သည့် ၁၀ စုနှစ်နှစ်ခု၊ သုံးခုလောက်အထိလှမ်း၍   Data ပြန်ကောက်လို့ရကြောင်း၊ ထိုသို့လုပ်ထားပါက နောင် ၁၀ နှစ်၊ ၁၅ နှစ်အကြာတွင် နှစ်ပေါင်း ၅၀ ဖြစ်လာ မည်ဖြစ်ကြောင်း၊ လွန်ခဲ့သော နှစ် ၃၀ က Data ကို ပြန်ကောက်နိုင်လျှင် နောင် အနှစ် ၂၀ အကြာတွင် အဆိုပါ  Data သည် နှစ် ၅၀ ကြာသည့် Data ဖြစ်သွားမည်ဖြစ်ကြောင်းနှင့် အဆိုပါ နှစ် ၅၀ အချိန်တွင် နောက် Data ကောက်မည့်သူများသည် နှစ် ၅၀ Data ရရှိ၍ ပိုတန်ဖိုးရှိကြောင်း။

· မိမိတို့သည် ထိုကဲ့သို့ Data ထိန်းသိမ်းနိုင်ခြင်းမရှိသည့်အတွက် အခက်အခဲဖြစ် ရပြီး ဝန်ကြီးဌာနများအနေဖြင့်  ထိုအားနည်းချက်အား ပြင်ပေးရန်လိုကြောင်း။

· မိမိတို့အစိုးရသည် အချိန်ကာလတိုတစ်ခုအတွင်းသာ နိုင်ငံ တော်၏ တာဝန်ကို ထမ်းဆောင်သည့် အစိုးရအဖွဲ့ဖြစ်   သဖြင့် ရေရှည်လုပ်ငန်းများထက် လတ်တလော အကောင် အထည်ဖော်ဆောင်ရွက်၍ ရသည်များကိုသာ ဦးစားပေးဆောင်ရွက်ကြရန်လိုကြောင်း။

· အားကစားကဏ္ဍနှင် ပို့ဆောင်ရေးကဏ္ဍတို့တွင် ကာလတိုအတွင်းဆောင်ရွက်၍ ရသည်များကို ပထမဦးစားပေးဆောင်ရွက်လျက်ရှိပြီး ပညာရေးကဏ္ဍနှင့်ပတ်သက်၍လည်း နိုင်ငံတော်၏အမျိုးသားပညာရေးစီမံကိန်း (နှစ်-၃၀) အတိုင်း သာ ဆောင်ရွက်လျက်ရှိကာ ယခင်ဆောင်ရွက်ခဲ့သည့်သင် ရိုးများမှ မိမိတို့နိုင်ငံ၏ လူမှုရေးစနစ်နှင့် မကိုက်ညီသည်များကိုသာ တည်းဖြတ်ဆောင်ရွက်ခြင်းများသာရှိကြောင်း။

· တိုင်းပြည်၏ အခွန်အကောက်နှင့်ပတ်သက်၍ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီးပွားရေးယန္တရားများ တုံ့ဆိုင်းခဲ့ရပြီး အထွေထွေဝင်ငွေများ လျော့နည်းမှုရှိခဲ့သဖြင့် ဝန်ကြီးဌာန များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် ရသင့်ရထိုက်သည့် အခွန်အခများ ပြည့်ပြည့်ဝဝရရှိနိုင် ရေး ဆောင်ရွက်ကြရန်လိုအပ်ကြောင်း။

· ပြည်ပကုန်သွယ်မှုတွင် ပိုငွေပြသော်လည်း နှစ်စဉ်ဘတ်ဂျက် ရေးဆွဲရာတွင် လိုငွေပြနေကြောင်း၊ ယင်းမှာ အခွန်အကောက် များ လျာထားချက်ပြည့်မီစွာမရရှိခြင်း၊ မြန်မာကျပ်ငွေနှင့် နိုင်ငံခြားငွေလဲလှယ်မှုနှုန်းထား ကွာဟချက်ရှိခြင်းတို့ကြောင့် ဖြစ်ကြောင်း၊ ဝန်ကြီးဌာနများအနေဖြင့် နိုင်ငံခြားသုံးငွေနှင့် ပတ်သက်၍ တတ်နိုင်သမျှ ချိုးခြံချွေတာကြရန်နှင့် နိုင်ငံခြားငွေပိုမိုရရှိစေရေး နည်းလမ်းများ ရှာဖွေဆောင်ရွက်သွားကြရန်လိုကြောင်း။

· ပြည်ပသို့ ပို့ကုန်များတင်ပို့ရာတွင် ကုန်ကြမ်းတင်ပို့ရောင်း ချခြင်းထက် တန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းများအဖြစ် ထုတ် လုပ်တင်ပို့ ရောင်းချသွားကြရန်လိုကြောင်း၊ တိုင်းပြည်၏ သယံဇာတပစ္စည်းများအား ထိထိရောက်ရောက် အသုံးချ၍ တန်ဖိုးမြှင့် ထုတ်ကုန်ပစ္စည်းများအဖြစ် ထုတ်လုပ်တင်ပို့နိုင်ရေး နည်းလမ်းရှာဖွေဆောင်ရွက်သွားကြရန်လိုကြောင်း။

· ကုန်သွယ်ရောင်းဝယ်မှုများဆောင်ရွက်ရာတွင် တရုတ်နိုင်ငံ သုံး ယွမ်ငွေနှင့် မြန်မာကျပ်ငွေတိုက်ရိုက်လဲလှယ်သုံးစွဲနိုင် ရန် နှစ်နိုင်ငံသဘောတူစာချုပ် ချုပ်ဆိုဆောင်ရွက်ခဲ့ပြီးဖြစ် ကြောင်း၊ ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံတို့နှင့်လည်း နှစ်နိုင်ငံသုံး ငွေကြေးများ တိုက်ရိုက်လဲလှယ်သုံးစွဲနိုင်ရန်အတွက် သဘောတူညီမှုများ ရရှိထားပြီးဖြစ်ပြီး ဆက်လက်ဆောင် ရွက်နေကြောင်း။

· ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုနှင့်ပတ်သက်၍ ဒီဇင်ဘာလတွင် နိုင်ငံလူဦးရေ၏ ၁၈ နှစ်နှင့်အထက် ၅၀ ရာခိုင်နှုန်း ထိုးနှံပြီးစီးရန်လျာထားပြီး ကျန်းမာရေးဝန်ကြီးဌာန၏တင် ပြချက်အရ ၁၈ နှစ်နှင့်အထက် ၅၁ ရာခိုင်နှုန်းကျော်နှင့် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူ ၈၇ ရာခိုင်နှုန်းကျော် ထိုးနှံပြီးစီးပြီဟု သိရကြောင်း။

· ၂၀၂၂ ခုနှစ်သည် စိန်ရတု ပြည်ထောင်စုနေ့၊ ၂၀၂၃ ခုနှစ်သည် စိန်ရတုလွတ်လပ်ရေးနေ့တို့နှင့် တိုက်ဆိုင်နေပြီး တိုင်းသူပြည်သားများအနေဖြင့် မိမိတို့နိုင်ငံအတွက် နိုင်ငံချစ်စိတ်၊ ဇာတိမာန်တို့ဖြင့် ဂုဏ်ယူနေစေရန်အကောင်းဆုံး လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် ပြည်ထောင်စုဝန်ကြီးများ တက်ရောက်ခဲ့ကြပါသည်။

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူချိန်မှစ၍ ရှေ့လုပ်ငန်းစဉ်(၅)ရပ် ချမှတ်ဆောင်ရွက်ခဲ့ပြီး ရွေး ကောက်ပွဲကော်မရှင်အား ပြန်လည်ဖွဲ့စည်းခြင်း၊ မဲစာရင်းများအား ပြန်လည်စိစစ်ခြင်း၊ တာဝန်ရှိသူများအား ဖော်ထုတ်အရေးယူခြင်းများကို ဆောင်ရွက်ခဲ့ရာ အတိုင်းအတာတစ်ခုအထိ အောင်မြင်အောင်ဆောင်ရွက်နိုင်ခဲ့
  • ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့်ဆူပူအကြမ်းဖက်လုပ်ရပ်များကြောင့် စက်ရုံအလုပ်ရုံအချို့ ရပ်နားထားခဲ့ရ သော်လည်း ယခုအခါစက်ရုံအလုပ်ရုံအားလုံးနီးပါး ပြန်လည်ဖွင့်လှစ်ဆောင်ရွက်လျက်ရှိ။
  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသော ရှေ့လုပ်ငန်းစဉ်(၅)ရပ်၏ နောက်ဆုံးအချက်ဖြစ်သည့် လုပ်ဆောင်ဖွယ်ရာများလုပ်ဆောင်ပြီးပါက ရွေးကောက်ပွဲအသစ်ပြန်လည်ပြုလုပ်၍ အနိုင်ရရှိသည့်ပါတီအား အာဏာပြန်လည်လွှဲပြောင်းပေးရန်ဖြစ်။
  • မိမိတို့အစိုးရသည် အချိန်ကာလတိုတစ်ခုအတွင်းသာ နိုင်ငံတော်၏တာဝန်ကို ထမ်းဆောင်သည့်အစိုးရအဖွဲ့ ဖြစ်သဖြင့် ရေရှည်လုပ်ငန်းများထက် လတ်တလောအကောင်အထည်ဖော်ဆောင်ရွက်၍ ရသည်များကိုသာ ဦးစားပေးဆောင်ရွက်ကြရန်လိုအပ်။
  • ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီးပွားရေးယန္တရားများ တုံ့ဆိုင်းခဲ့ရပြီး အထွေထွေဝင်ငွေများ လျော့နည်းမှုရှိခဲ့သဖြင့် ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် ရသင့်ရထိုက်သည့်အခွန်အခများ ပြည့်ပြည့်ဝဝရရှိနိုင်ရေး ဆောင်ရွက်ကြရန်လိုအပ်။
  • ကုန်သွယ်ရောင်းဝယ်မှုများ ဆောင်ရွက်ရာတွင် တရုတ်နိုင်ငံသုံး ယွမ်ငွေနှင့် မြန်မာကျပ်ငွေ တိုက်ရိုက်လဲလှယ် သုံးစွဲနိုင်ရန် နှစ်နိုင်ငံသဘောတူစာချုပ် ချုပ်ဆိုဆောင်ရွက်ခဲ့ပြီးဖြစ်သည့်အပြင် ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံတို့ နှင့်လည်း နှစ်နိုင်ငံသုံး ငွေကြေးများ တိုက်ရိုက်လဲလှယ်သုံးစွဲနိုင်ရန်အတွက် သဘောတူညီမှုများရရှိထားပြီးဖြစ်
  • ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုနှင့်ပတ်သက်၍ ဒီဇင်ဘာလတွင် နိုင်ငံလူဦးရေ၏ ၁၈ နှစ်နှင့်အထက် ၅၀ ရာခိုင်နှုန်း ထိုးနှံပြီးစီးရန် လျာထားပြီး ကျန်းမာရေးဝန်ကြီးဌာန၏တင်ပြချက်အရ ၁၈ နှစ်နှင့်အထက် ၅၁ ရာခိုင်နှုန်းကျော်နှင့် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ကျောင်းသူ ၈၇ ရာခိုင်နှုန်းကျော် ထိုးနှံပြီးစီးပြီဟု သိရ။