အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြားမှုကို မလိုလားသူ နိုင်ငံရေးအစွန်းရောက်များက အကြမ်းဖက်ခြိမ်းခြောက်မှုများ ပြုလုပ်

NUG အကြမ်းဖက်အဖွဲ့နှင့် ၎င်း၏လက်အောက်ခံ နိုင်ငံရေးအစွန်းရောက်အကြမ်းဖက်များက အနာဂတ်ရင်သွေးငယ်များ၏ ပညာသင်ကြားသင်ယူခွင့် အခွင့်အလမ်းများ ပျက်ပြား၍ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန်နှင့် ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ မိဘများအား အထိတ်တလန့်ဖြစ်စေရန် ယုတ်မာရိုင်းစိုင်းသော ရည်ရွယ်ချက်များဖြင့် စာသင်ကျောင်းများတွင် ဆန့်ကျင်ခြိမ်းခြောက်စာများ ရေးသားချိတ်ဆွဲ၍ ခြိမ်းခြောက်အကြမ်းဖက်ခြင်းများ၊ ပညာရေးအဆောက်အဦများအား မိုင်းဖောက်ခွဲခြင်းများ လုပ်ဆောင်လျက်ရှိပါသည်။

  • ဇွန်လ ၂၇ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်၊ မြတောင်ကျေးရွာရှိ ကျောင်းသူ၊ ကျောင်းသား ၁၉၆ ဦး ပညာသင်ကြားလျက်ရှိသည့် အခြေခံပညာအထက်တန်းကျောင်းအရှေ့ ခြံစည်းရိုးအုတ်တံတိုင်းအနီး၌ အကြမ်းဖက်သမားများက လက်လုပ်အသံမိုင်းတစ်လုံး ဖောက်ခွဲခဲ့သဖြင့် ပေါက်ကွဲမှုဖြစ် ပွားခဲ့ပြီး ပေါက်ကွဲမှုကြောင့် လူနှင့်အဆောက်အဦ ထိခိုက်ပျက်စီးမှုမရှိ။
  • ဇွန်လ ၂၇ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၊ ထန်းသုံးပင်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း၌ ခြိမ်းခြောက်စာများ ရေးသားထားကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျောင်းဝင်းအတွင်းရှိ ဆရာ၊ ဆရာမများ နားနေဆောင်ရှေ့ ကွန်ကရစ် လျှောက်လမ်းပေါ်တွင် အုတ်ခဲကျိုးအပိုင်းအစဖြင့် ရေးသားထားသည့် ခြိမ်းခြောက်စာများအား တွေ့ရှိရသဖြင့် ဖယ်ရှားရှင်းလင်းခဲ့။
  • ဇွန်လ ၂၈ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ညင်းထွေးကျေးရွာနေ ညင်းထွေးအခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်စိန် (၅၃)နှစ်၏ နေအိမ်ခြံစည်းရိုးအနီးတွင် ပလတ်စတစ်အဖြူရောင်အိတ်ဖြင့် ထည့်ထားသော ခြိမ်းခြောက်စာ ၁ စောင်နှင့် ၅.၅၆ ကျည် ၁ တောင့်တို့အား တွေ့ရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သိမ်းဆည်းရှင်းလင်းခဲ့။

 အထက်ပါဖြစ်စဉ်မှ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ မိဘများအား အထိတ်တလန့်ဖြစ်စေရန်နှင့် စာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားခြင်းမပြုနိုင်စေရန် ရည်ရွယ်၍ ခြိမ်းခြောက်အကြမ်းဖက်ခြင်းများ ပြုလုပ်ခဲ့သည့် နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင် များက ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။

  • PDF အကြမ်းဖက်သမားများက ထီးချိုင့်မြို့နယ်၊ မြတောင်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းအရှေ့ ခြံစည်းရိုးအုတ်တံတိုင်းအနီး၌ လက်လုပ်အသံမိုင်းတစ်လုံး ဖောက်ခွဲခဲ့ပြီး မြန်အောင်မြို့နယ်၊ ထန်းသုံးပင်ကျေးရွာနှင့် ရေဖြူမြို့နယ်၊ ညင်းထွေးကျေးရွာတို့ရှိ အခြေခံပညာကျောင်းများသို့ ခြိမ်းခြောက်စာများ ပေးပို့ဖြန့်ဝေခဲ့။

Add new comment