ရန်ကုန်တိုင်းဒေသကြီးအတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် Burma Final Revolution Armed Force- BFRAF အမည်ခံအကြမ်းဖက် အဖွဲ့ဝင်များအား ဖမ်းဆီးရမိ

ရန်ကုန်တိုင်းဒေသကြီးအတွင်း အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးခြင်းနှင့် အပြစ်မဲ့ပြည်သူများအား အဓိကပစ်မှတ်ထား၍ သတ်ဖြတ်ခြင်းတို့အား ဆောင်ရွက်နိုင်မှုမရှိစေရေး ဖော်ထုတ်ဖမ်းဆီးခြင်းများ ဆောင်ရွက်လျက်ရှိရာ အကြမ်းဖက်မှုအား မလိုလားသော ပြည်သူများ၏ သတင်းပေးမှုများကြောင့် ၂၀၂၂ ခုနှစ်၊ ဧပြီလ ၈ ရက်မှ ဇွန်လ ၂၆ ရက်အထိ Burma Final Revolution Armed Force- BFRAF အမည်ခံ အကြမ်းဖက်အဖွဲ့ဝင် ရဲနောင်ထွန်း (ခ) Demon အပါအဝင် ၇ ဦးအား ဖမ်းဆီးရမိခဲ့ပါသည်။

 ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ဇွန်လ ၂၆ ရက် ညပိုင်းတွင် BFRAF အမည်ခံ အကြမ်းဖက်အဖွဲ့ဝင်များဖြစ်သည့် ရှုမောင်မောင်အောင်၊ ၎င်းနှင့်တရားမဝင် ပေါင်းသင်းနေသူ သင်းရနံ့လှိုင်၊ ထက်လင်းနိုင်၊ ၎င်းနှင့်တရားမဝင်ပေါင်းသင်းနေသူ အေးသီရိမိုး၊ ဝေယံဖြိုး၊ ၎င်းနှင့်တရားမဝင်ပေါင်းသင်းနေသူ ဇွန်ပွင့်ခင်ဦး၊ ကျော်ဇင်သိန်း၊ ၎င်းနှင့်တရားမဝင် ပေါင်းသင်းနေသူ ဖြူဖြူသွယ်၊ ကောင်းဆက်သူ၊ ၎င်းနှင့် တရားမဝင် ပေါင်းသင်းနေသူ ခင်သန္တာလွင်နှင့် ဝေယံမိုးဦး(ခ)ဂျင်မီတို့ ၁၁ ဦးသည် ရွှေပြည်သာမြို့နယ်ရှိ တိုက်ခန်း၌ ပါတီပွဲကျင်းပ၍ မူးယစ်သောက်စားနေစဉ် ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ပါသည်။

ဖြစ်စဉ်တွင် တရားခံ ကျား ၁၃ ဦး၊ မ ၅ ဦး၊ စုစုပေါင်း ၁၈ ဦးတို့အား Sigsauer ပစ္စတို ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ပွိုင့်-၃၈၀ကျည် ၅၀ တောင့်၊ လက်လုပ်မိုင်း ၇၅ လုံး၊ လမ်းလျှောက်စကားပြောစက် ၂ လုံး၊ ၅ ဂါလံဆံ့အက်ဆစ်ပုံး ၃ ပုံ၊ ၂ ဂါလံဆံ့ အက်ဆစ်ပုံး ၂ လုံး၊ Keypad ဖုန်း ၁ လုံး၊ ဖောက်ခွဲရေးဆက်စပ် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။

ဖမ်းဆီးရမိတရားခံများ၏ လှုပ်ရှားဆောင်ရွက်မှုများအနေဖြင့်-

  • ၂၀၂၁ ခုနှစ်၊ ဇွန်လပထမပတ်တွင် ရဲနောင်ထွန်း(ခ)Demon၊ ရဲမင်းဟိန်း (ခ)ရဲဖြိုးအောင်(ခ)ရဲကြီးတို့သည် KIA ဗဟိုဌာနချုပ်ရှိရာ လိုင်ဇာမြို့၌ အကြမ်းဖက်ဖောက်ခွဲရေးသင်တန်း ၇ ရက် တက်ရောက်ခဲ့ပြီး ၂၀၂၁ ခုနှစ်၊ ဇွန်လတတိယပတ်တွင် BFRAF အမည်ခံ အကြမ်းဖက်အဖွဲ့အား ရဲနောင်ထွန်း (ခ) Demon၊ ရဲမင်းဟိန်း(ခ)ရဲဖြိုးအောင်(ခ)ရဲကြီး၊ ရန်နိုင်ထူး(ခ)နဂါးလေးတို့ ခေါင်းဆောင်၍ အင်အား ၁၅ ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း၊  အကြမ်းဖက်ဖောက်ခွဲရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လိုအပ်သောငွေကြေးနှင့် ဖောက်ခွဲရေးပစ္စည်းများအား CRPH ၊ NUG အကြမ်းဖက်အဖွဲ့များထံမှ ရရှိခဲ့ကြောင်း။
  • ရှုမောင်မောင်အောင်သည် KLNA တပ်မဟာ(၃)နယ်မြေ၌ လည်းကောင်း၊ ဝေယံဖြိုး၊ ဝေယံမိုးဦး(ခ)ဂျင်မီနှင့် ခင်သန္တာလွင်တို့သည် တိုက်ကြီးမြို့နယ်အနီးရှိ တောတွင်းတစ်နေရာ၌လည်းကောင်း အကြမ်းဖက်ဖောက်ခွဲရေးသင်တန်း ၁ လ တက်ရောက်ခဲ့ကြောင်း။

 BFRAF အမည်ခံ အကြမ်းဖက်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အများပြည်သူနှင့် သက်ဆိုင်သောနေရာများတွင် အကြမ်းဖက်ဖောက်ခွဲမှု ၁၁ ကြိမ် ကျူးလွန်ခဲ့ကြောင်း အောက်ပါအတိုင်း ဖော်ထုတ်သိရှိရပါသည်-

  • ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်တွင် သာကေတမြို့နယ်ရှိ အမှတ်(၁) မြို့မရဲစခန်းအား လက်လုပ်မိုင်းဖြင့် ပစ်ခတ်ဖောက်ခွဲခဲ့ကြောင်း။
  • ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ နှင်းဆီကုန်း(က)ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံးအား လက်လုပ်မိုင်းဖြင့် ပစ်ခတ်ဖောက်ခွဲခဲ့ကြောင်း။
  • ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ အမှတ် (၂၅)ရပ်ကွက်၊ ဇေယျသုခလမ်းနှင့် သပြေညိုလမ်းထောင့်၌ လက်လုပ်မိုင်း ၁ လုံး ဖောက်ခွဲခဲ့ကြောင်း။
  • ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁  ရက်တွင် ဒေါပုံမြို့နယ်၊ မြို့နယ်အခွန် ဦးစီးဌာနမှူးရုံးအနီးရှိ သင်္ဘောကျင်းမှတ်တိုင်၌ လက်လုပ်မိုင်း ၁ လုံး ဖောက် ခွဲခဲ့ကြောင်း။
  • ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်တွင် သာကေတမြို့နယ်၊ အမှတ်(၅) ရပ်ကွက်၊ မြင်တော်သာလမ်းရှိ မြို့နယ်စည်ပင်သာယာရေးရုံးအား လက်လုပ် မိုင်း ၁ လုံး ပစ်ခတ်ဖောက်ခွဲခဲ့ကြောင်း။
  • ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်တွင် ကျောက်တံတားမြို့နယ်၊ အမှတ်(၁) ရပ်ကွက်ရှိ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးအား လက်လုပ်မိုင်း ၁ လုံးဖြင့် ပစ်ခတ်ဖောက်ခွဲခဲ့ကြောင်း။
  • ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်တွင် ဒေါပုံမြို့နယ်ရှိ သင်္ဘောကျင်းရဲစခန်းအား လက်လုပ်မိုင်း ၁ လုံး ပစ်ခတ်ဖောက်ခွဲခဲ့ကြောင်း။
  • ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်တွင် သာကေတမြို့နယ်ရှိ မြို့နယ်လျှပ်စစ်ရုံးအား လက်လုပ်မိုင်း ၁ လုံး ပစ်ခတ်ဖောက်ခွဲခဲ့ကြောင်း။
  • ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်တွင် သာကေတမြို့နယ်၊ ရန်အောင်ရပ်ကွက်၌ လက်လုပ်မိုင်း ၁ လုံးဖြင့် ပစ်ခတ်ဖောက်ခွဲခဲ့ကြောင်း။
  • ၂၀၂၂ ခုနှစ်၊ ဧပြီလ ၆ ရက်တွင် လှိုင်သာယာမြို့နယ်ရှိ ဝါဝါဝင်း ဆောက်လုပ်ရေးမုခ်ဦးအား လက်လုပ်မိုင်း ၂ လုံး ပစ်ခတ်ဖောက်ခွဲခဲ့ကြောင်း။
  • ၂၀၂၂ ခုနှစ်၊ ဧပြီလ ၆ ရက်တွင် အလုံမြို့နယ်၊ ဧရာဝတီရပ်ကွက်၊ သခင်မြ ပန်းခြံဘေးရှိ YBS (၅၆)ဂိတ်၌ ရပ်တန့်ထားသည့် မော်တော်ယာဉ်တစ်စီးအား လက်လုပ်မိုင်းဖြင့် ပစ်ခတ်ဖောက်ခွဲခဲ့ကြောင်း။

သို့ဖြစ်ပါ၍ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

  • ရန်ကုန်တိုင်းဒေသကြီးအတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် Burma Final Revolution Armed Force- BFRAF အမည်ခံအကြမ်းဖက် အဖွဲ့ဝင် (၁၈) ဦးအား Sigsauer ပစ္စတို ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ပွိုင့်-၃၈၀ကျည် ၅၀ တောင့်၊ လက်လုပ်မိုင်း ၇၅ လုံး၊ လမ်းလျှောက်စကားပြောစက် ၂ လုံး၊ ၅ ဂါလံဆံ့အက်ဆစ်ပုံး ၃ ပုံ၊ ၂ ဂါလံဆံ့ အက်ဆစ်ပုံး ၂ လုံး၊ Keypad ဖုန်း ၁ လုံး၊ ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့။
  • ဖမ်းဆီးရမိ တရားခံများသည် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လိုအပ်သောငွေကြေးနှင့် ဖောက်ခွဲရေးပစ္စည်းများအား CRPH ၊ NUG အကြမ်းဖက်အဖွဲ့များထံမှ ရရှိခဲ့။
  • BFRAF အမည်ခံ အကြမ်းဖက်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အများပြည်သူနှင့် သက်ဆိုင်သောနေရာများတွင် အကြမ်းဖက်ဖောက်ခွဲမှု ၁၁ ကြိမ် ကျူးလွန်ခဲ့။

Add new comment