(၃၄) ကြိမ်မြောက် မြန်မာ-ထိုင်း ဒေသဆိုင်ရာနယ်ခြားကော်မတီအစည်းအဝေးကျင်းပ

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပပြုလုပ်သည့် (၃၄) ကြိမ်မြောက် မြန်မာ-ထိုင်း ဒေသဆိုင်ရာနယ်ခြားကော်မတီအစည်းအဝေးဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၂၈ ရက်တွင် တောင်ကြီးမြို့ရှိ တောင်ကြီးဟိုတယ်၌ကျင်းပရာ မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးအောင်စိုးနှင့် တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ထိုင်းနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Lt. Gen. Apichet Suesat နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနား၌ မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုးနှင့် ထိုင်းကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Lt.Gen. Apichet Suesat တို့က အမှာစကားများ အသီးသီးပြောကြားပြီးနောက် မြန်မာ-ထိုင်း ဒေသဆိုင်ရာနယ်ခြား ကော်မတီအတွင်းရေးမှူးအဖွဲ့ အစည်းအဝေးကို ဆက်လက်ကျင်းပရာ မြန်မာ-ထိုင်း နယ်ခြားကော်မတီအဖွဲ့ဝင်များက (၃၃) ကြိမ်မြောက် မြန်မာ-ထိုင်း ဒေသဆိုင်ရာနယ် ခြားကော်မတီအစည်းအဝေးမှတ်တမ်းအား ပြန်လည်သုံးသပ်ခြင်း၊ ယုံကြည်မှုတည် ဆောက်ခြင်းဆိုင်ရာကိစ္စရပ်များ၊ နယ်စပ်ဒေသပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များ၊ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံနယ်နိမိတ်ဆိုင်ရာကိစ္စရပ်များ၊ နယ်စပ်ဒေသဆိုင်ရာကိစ္စရပ်များနှင့် အခြားကိစ္စရပ်များအား ကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

  • မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပပြုလုပ်သည့်(၃၄)ကြိမ်မြောက် မြန်မာ- ထိုင်း ဒေသဆိုင်ရာနယ်ခြားကော်မတီအစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးအောင်စိုးနှင့် တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ထိုင်းနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် Lt. Gen. Apichet Suesat နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြ။

Add new comment