NUG လက်အောက်ခံ PDF အကြမ်းဖက်အဖွဲ့များသည် အေးချမ်းစွာနေထိုင်သော ပြည်သူလူထုနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးတာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်ဖြင့် အများပြည်သူ သွားလာနေသော လမ်းမကြီးများ၊ လမ်းများနှင့် ဌာနဆိုင်ရာရုံးများအား လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲခြင်း၊ ပစ်ပေါက်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။
ထိုသို့အကြမ်းဖက်ဖောက်ခွဲရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ဇွန်လ ၂၇ ရက်တွင် မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်နေ မောင်ဖိုးချဲ (၁၇) နှစ် (ဘ) ဦးဇော်ခင်နှင့် မဝင်းဝင်းခိုင် (၁၇) နှစ် (ဘ) ဦးညိုဝင်း တို့ ၂ ဦးသည် ဆိုင်ကယ်တစ်စီးဖြင့်လည်းကောင်း၊ ချောင်းဦးမြို့၊ ချောင်းဦးမြောက်ရပ်ကွက်နေ ဒေါ်ခင်ငြိမ်းမြတ် (၂၉) နှစ် (ဘ) ဦးဝင်းကိုသည် ဆိုင်ကယ်တစ်စီးဖြင့်လည်းကောင်း ချောင်းဦးမြို့မှ မုံရွာမြို့သို့ အသီးသီးမောင်းနှင်လာစဉ် ချောင်းဦးမြောက်ရပ်ကွက် မုံရွာ-မန္တလေးကားလမ်း မိုင်တိုင်အမှတ် ၇၀ မိုင် ၁ ဖာလုံနှင့် ၂ ဖာလုံကြားသို့အရောက်၌ PDF အကြမ်းဖက်သမားများက လုံခြုံရေးတပ်ဖွဲ့ဝင်များအား တိုက်ခိုက်ရန်ရည်ရွယ်၍ ထောင်ထား သည့် ဒေသန္တရလုပ် နင်းမိုင်းတစ်လုံးကို နင်းမိပေါက်ကွဲခဲ့ပါသည်။
အဆိုပါပေါက်ကွဲမှုကြောင့် ဒေါ်ခင်ငြိမ်းမြတ်တွင် ယာလက်ဖျံမိုင်းစထိမှန် ဒဏ် ရာ ၁ ချက်၊ ယာခြေသလုံးမိုင်းစထိမှန်ဒဏ်ရာ ၁ ချက်၊ မောင်ဖိုးချဲတွင် ဝဲပေါင်မိုင်းစ ထိမှန် အရိုးကျိုးဒဏ်ရာ ၂ ချက်၊ ဝဲဒူးပွန်းပဲ့ဒဏ်ရာ ၁ ချက်နှင့် မဝင်းဝင်းခိုင်တွင် ဝဲတင်ပါးမိုင်းစထိမှန် ဒဏ်ရာ ၁ ချက်၊ ဦးခေါင်းနောက်စေ့ မိုင်းစထိမှန် ဒဏ်ရာ ၁ ချက်၊ ဝဲပေါင်ရိုးကျိုးဒဏ်ရာ ၁ ချက်တို့ အသီးသီးရရှိခဲ့ပြီး ချောင်းဦးမြို့ ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူလျက်ရှိပါသည်။
PDF အကြမ်းဖက်သမားများက စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သူ/အရပ်သားများအား ထိခိုက်ဒဏ်ရာရရှိစေရန် မိုင်းထောင်ခဲ့သည့် လုပ်ရပ်ကိုကျူးလွန်လျက်ရှိပြီး ၎င်းတို့လုပ်ရပ်များအား ပြည်သူများက ပြစ်တင်ရှုတ်ချလျက်ရှိသည့်အပြင် ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များကိုလည်း ဝိုင်းဝန်းဆန့်ကျင်ကြရန် လိုလား လျက်ရှိပါသည်။
အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ အများပြည်သူ သွားလာအသုံးပြုလျက်ရှိသည့် လမ်းမပေါ်တွင် မိုင်းထောင်ခဲ့သည့် အကြမ်းဖက်အဖွဲ့များအား ဖမ်းဆီးရမိရေး လုံခြုံ ရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
- PDF အကြမ်းဖက်သမားများက ချောင်းဦးမြောက်ရပ်ကွက် မုံရွာ-မန္တလေးကားလမ်း မိုင်တိုင်အမှတ် ၇၀ မိုင် ၁ ဖာလုံနှင့် ၂ ဖာလုံကြား၌ မိုင်းထောင်ဖောက်ခွဲမှုကြောင့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီး ၂ ဦးတို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့။
- PDF အကြမ်းဖက်သမားများက စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သူ/အရပ်သားများအား ထိခိုက်ဒဏ်ရာရရှိစေရန် မိုင်းထောင်ခဲ့သည့်လုပ်ရပ်ကို ကျူးလွန်လျက်ရှိပြီး ၎င်းတို့လုပ်ရပ်များအား ပြည်သူများက ပြစ်တင်ရှုတ်ချလျက်ရှိသည့်အပြင် ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များကိုလည်း ဝိုင်းဝန်းဆန့်ကျင် ကြရန် လိုလားလျက်ရှိ။
Add new comment