မြေမြှုပ်မိုင်းတားဆီးပိတ်ပင်ရေးစာချုပ် Anti-Personal Mine Ban Convention ၏ ၂၀၂၂ ခုနှစ် Intersessional Meeting သို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ ဇွန် ၂၀ ရက်မှ ၂၂ ရက်အထိ ကျင်းပသည့် မြေမြှုပ်မိုင်းတားဆီးပိတ်ပင်ရေးစာချုပ် (APMBC) ၏ ၂၀၂၂ ခုနှစ် Intersessional Meeting သို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်မိုး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါသည်။

အစည်းအဝေး၌ APMBC တွင် ပါဝင်သည့် မိုင်းထိခိုက်ဒဏ်ရာရသူများကို ထောက်ပံ့ခြင်း၊ Oslo Action Plan အား အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ Making Every Effort Count: Towards a Successful 2025၊ Fostering Cooperation for Rehabilitation တို့ကို ဆွေးနွေးခြင်းနှင့် မိုင်းရှင်းလင်းရေးအပါအဝင် APMBC အား အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အရေးကြီးသည့် အကြောင်းအရာများ စသည်တို့ကို ဆွေးနွေးခဲ့ကြပါသည်။

 ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်မိုး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့အနေဖြင့်-

  • မိုင်းအန္တရာယ် အသိပညာပေးလုပ်ငန်းအဖွဲ့ကို နေပြည်တော်အပါအဝင် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ရခိုင်ပြည်နယ် တို့တွင် ဖွဲ့စည်း၍ ပုံမှန်ညှိနှိုင်းအစည်းအဝေးများ ကျင်းပခဲ့ပါကြောင်း။
  • ၂၀၁၇-၂၀၁၈ ခုနှစ် ဘဏ္ဍာနှစ်မှစတင်၍ မိုင်းအန္တရာယ်ကြောင့် ထိခိုက်ဒဏ်ရာရသူ တစ်ဦးလျှင် ငွေကျပ်နှစ်သိန်းနှုန်းဖြင့် ထောက်ပံ့ပေးခဲ့ရာ ၆၉၄ ဦးအတွက် စုစုပေါင်း ငွေကျပ် ၁,၃၈၈ သိန်း ထောက်ပံ့ပြီးဖြစ်ပါကြောင်း။
  • မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း (UNCRPD) အရ မသန်စွမ်းသူများ၏ အခွင့်အရေးတို့ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း ဆွေးနွေးခဲ့ပါသည်။

 အဆိုပါ အစည်းအဝေးသို့ တက်ရောက်ခြင်းဖြင့် Anti-Personal Mine Ban Convention ကို အကောင်အထည်ဖော်ရာတွင် လက်ရှိဖြစ်ပေါ်တိုးတက်မှုနှင့် ရှုထောင့်အမြင်တို့ကို သိရှိနိုင်ခြင်း၊ ကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံများ ဆောင်ရွက်လျက်ရှိသည့် မိုင်းထိပြည်သူများကို ကူညီထောက်ပံ့ခြင်းဆိုင်ရာ လုပ်ငန်းအစီအစဉ်တို့ကို လေ့လာ သိရှိနိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိခဲ့ကြောင်း သိရှိရပါသည်။

  • မိုင်းအန္တရာယ် အသိပညာပေးလုပ်ငန်းအဖွဲ့ကို နေပြည်တော်အပါအဝင် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) ရခိုင်ပြည်နယ် တို့တွင် ဖွဲ့စည်း၍ ပုံမှန်ညှိနှိုင်းအစည်းအဝေးများ ကျင်းပခဲ့။
  • ၂၀၁၇-၂၀၁၈ ခုနှစ် ဘဏ္ဍာနှစ်မှစတင်၍ မိုင်းအန္တရာယ်ကြောင့် ထိခိုက်ဒဏ်ရာရသူတစ်ဦးလျှင် ငွေကျပ်နှစ်သိန်းနှုန်းဖြင့် ထောက်ပံ့ပေးခဲ့ရာ ၆၉၄ ဦးအတွက် စုစုပေါင်း ငွေကျပ် ၁,၃၈၈ သိန်း ထောက်ပံ့ပြီးဖြစ်။

Add new comment