(၃၆) ကြိမ်မြောက် အာဆီယံလူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဆိုင်ရာ အထူးအဖွဲ့ ခေါင်းဆောင်များ အစည်းအဝေးကျင်းပ

(၃၆) ကြိမ်မြောက် အာဆီယံလူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဆိုင်ရာ အထူးအဖွဲ့ခေါင်းဆောင်များ အစည်းအဝေး (The 36th ASEAN Head of Specialist Anti-Trafficking Unit-HSU) ကို ဇွန်လ ၂၈ ရက်တွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပခဲ့ပြီး သဘာပတိဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

အစည်းအဝေးတွင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ တပ်ဖွဲ့မှူး ရဲမှူးချုပ် မြင့်ထူးက မြန်မာနိုင်ငံ၏ လူကုန်ကူးမှုတိုက်ဖျက်ရေး ကြိုးပမ်းအားထုတ်မှုများကို ရှင်းလင်းဆွေးနွေးရာတွင်-

  • ၂ဝဝ၅ ခုနှစ်၌ ပြဋ္ဌာန်းခဲ့သည့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေကို နိုင်ငံတကာစံနှုန်းများနှင့်အညီဖြစ်စေရေး သက်ဆိုင်ရာဌာနများ၊ ပြည်တွင်းနှင့် နိုင်ငံတကာဥပဒေပညာရှင်များက ညှိနှိုင်းပြင်ဆင်ရေးဆွဲကာ ကလေးသူငယ်များအပေါ် ကျူးလွန်သည့် လူကုန်ကူးမှုများကို ထိရောက်စွာ အရေးယူနိုင်မည့် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေအသစ်ကို ယခုနှစ် ဇွန်လ ၁၆ ရက်တွင် အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့ကြောင်း။
  • (၁၄) ကြိမ်မြောက် COMMIT အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် Regional COMMIT Task Force အစည်းအဝေးများတွင် အမျိုးသားအဆင့်နှင့် နိုင်ငံဖြတ်ကျော် လွှဲပြောင်းညွှန်းပို့မှု ယန္တရားရေးဆွဲရန်နှင့် ဒေသခွဲလုပ်ငန်းစီမံချက် (၂၀၁၄-၂၀၁၈) (SPA IV) ကို သက်တမ်းတိုးဆောင်ရွက်ရန် လုပ်ဆောင် နိုင်ခဲ့ကြောင်း ဆွေးနွေးပြောကြားခဲ့။

အာဆီယံအဖွဲ့ဝင်နိုင်ငံများက နိုင်ငံအလိုက် လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ ကြိုးပမ်းဆောင်ရွက်မှုများကိုလည်းကောင်း၊ HSU လုပ်ငန်းစီမံချက် (၂၀၂၂-၂၀၂၃) (မူကြမ်း)နှင့်ပတ်သက်၍လည်းကောင်း၊ (၃၇) ကြိမ်မြောက် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဆိုင်ရာ အထူးအဖွဲ့ခေါင်းဆောင်များ အစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပရေးနှင့်စပ်လျဉ်း၍လည်းကောင်း ဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေးသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့မှူး ဦးဆောင်သောကိုယ်စားလှယ်များ၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ အထူးအဖွဲ့ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။

  • (၃၆) ကြိမ်မြောက် အာဆီယံလူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဆိုင်ရာ အထူးအဖွဲ့ ခေါင်းဆောင်များ အစည်းအဝေးကို ဇွန်လ ၂၈ ရက်တွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပခဲ့
  • ကလေးသူငယ်များအပေါ် ကျူးလွန်သည့် လူကုန်ကူးမှုများကို ထိရောက်စွာ အရေးယူနိုင်မည့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေအသစ်ကို အတည်ပြု ပြဋ္ဌာန်းနိုင်ခဲ့။

 

 

 

 

 

 

 

 

 

 

Add new comment