အကြိမ်(၄၀)မြောက် အာဆီယံစွမ်းအင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကျင်းပ

အကြိမ်(၄၀)မြောက် အာဆီယံစွမ်းအင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ(40th Senior Officials Meeting on Energy (SOME) and Associated Meetings) ကို ဇွန်လ ၂၈ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံမှ အလှည့်ကျဥက္ကဋ္ဌအဖြစ် Video Conferencing စနစ်ဖြင့် ကြီးမှူးကျင်းပ လျက်ရှိရာ အစည်းအဝေးသို့ မြန်မာနိုင်ငံ၏ အာဆီယံစွမ်းအင်ဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်(Head Of Delegation) စွမ်းအင်ဝန်ကြီးဌာန ရေနံနှင့်သဘာဝဓာတ်ငွေ့စီမံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းမော်နှင့်အတူ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင်-

  • စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် သန့်စင်သောစွမ်းအင်သုံးစွဲရေး၊ ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေး၊ စွမ်းအင်ခြိုးခြံချွေတာ သုံးစွဲရေး၊ စွမ်းအင်ဖူလုံမှုရှိရေး၊ ပြန်ပြည့်မြဲစွမ်းအင် တိုးမြှင့်သုံးစွဲရေး၊ စွမ်းအင်သုံးစွဲမှုဆိုင်ရာ စံစနစ်များ လိုက်လျောညီထွေဖြစ်စေရေးတို့အတွက် အာဆီယံအဖွဲ့ဝင် နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ။၊
  • စွမ်းအင်ဆိုင်ရာကဏ္ဍခွဲများအပြင် အာဆီယံစွမ်းအင် မူဝါဒချမှတ်သူများ အဖွဲ့အစည်းကွန်ရက်၊ အာဆီယံစွမ်းအင်ဗဟိုဌာန အဆင့်မြှင့်တင်ရေးကဏ္ဍများနှင့်ပတ်သက်၍ ရှေ့ ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များကို အပြန်အလှန်ညှိနှိုင်းဆွေးနွေးကြမည်ဖြစ်။

အကြိမ်(၄၀)မြောက် အာဆီယံစွမ်းအင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို ဇွန်လ ၂၈ ရက်မှ ဇူလိုင်လ ၁ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ စွမ်းအင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ၊ အာဆီယံ၏ ဆွေးနွေးဘက်နိုင်ငံများဖြစ်သော ဩစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယား၊ နယူးဇီလန်၊ ရုရှားနှင့် အမေရိကန်နိုင်ငံတို့မှ စွမ်းအင်အရာရှိကြီးများနှင့် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များ တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။

  • စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ။
  • စွမ်းအင်ဆိုင်ရာကဏ္ဍခွဲများအပြင် အာဆီယံစွမ်းအင် မူဝါဒချမှတ်သူများ အဖွဲ့အစည်း ကွန်ရက်၊ အာဆီယံစွမ်းအင်ဗဟိုဌာန အဆင့်မြှင့်တင်ရေးကဏ္ဍများနှင့်ပတ်သက်၍ ရှေ့ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များကို အပြန်အလှန်ညှိနှိုင်းဆွေးနွေးကြမည်ဖြစ်။
  • အကြိမ်(၄၀)မြောက် အာဆီယံစွမ်းအင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ဆွေးနွေးဘက် နိုင်ငံများဖြစ်သော ဩစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယား၊ နယူးဇီလန်၊ ရုရှားနှင့် အမေရိကန်နိုင်ငံတို့မှ စွမ်းအင်အရာရှိကြီး များနှင့် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များ တက်ရောက်ခဲ့ကြ။

Add new comment