တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၂၂) ကို ဇွန်လ ၂၈ ရက်တွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ကျင်းပခဲ့ပြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကားပြောကြားခဲ့ရာတွင်-
-
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ ပြန်လည်ပြင်ဆင်ဖွဲ့စည်းပြီးနောက်ပိုင်း ဖမ်းဆီးရမိမှုများကို ကြည့်မည်ဆိုလျှင် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ မေလအထိ ဖမ်းဆီးရမိမှု ခန့်မှန်းတန်ဖိုးကျပ် ၂၁ ဒသမ ၇၇၁ ဘီလီယံရှိသည့်အတွက် ယခင်နှစ်တစ်နှစ်လုံးနှင့် နှိုင်းယှဉ်ပါက ဖမ်းဆီးရမိခန့်မှန်းတန်ဖိုး ကျပ် ၁၃ ဒသမ ၃၁၈ ဘီလီယံ ပိုမိုဖမ်းဆီးနိုင်ခဲ့ကြောင်း။
-
၂၀၂၂ ခုနှစ်၊ ဧပြီလတွင် ခန့်မှန်းတန်ဖိုးကျပ် ၅ ဒသမ ၂၃၃ဘီလီယံ ဖမ်းဆီးရမိခဲ့သော်လည်း မေလတွင် ကျပ် ၃ ဒသမ ၆၃၃ ဘီလီယံသာ ဖမ်းဆီးရမိခဲ့သည့်အတွက် ခန့်မှန်းတန်ဖိုး ကျပ် ၁ ဒသမ ၆ ဘီလီယံလျော့နည်းခဲ့သည်ကို တွေ့ရကြောင်း။
-
ဖမ်းဆီးရမိလျော့နည်းမှုကို စိစစ်သည့်အခါ တိုင်းဒေသကြီးနှင့်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့များ၏ ဖမ်းဆီးရမိမှုမှာ ကျပ် ၁ ဘီလီယံကျော် လျော့နည်းခဲ့သည်ကိုတွေ့ရကြောင်း။
-
ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းနှင့် ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းတို့တွင် ကျပ် ၀ ဒသမ ၇၂၁ ဘီလီယံကျော် လျော့နည်းသည်ကို တွေ့ရသည့်အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့များ၊ အကောက်ခွန်ဦးစီးဌာနနှင့် OSS ဌာနဆိုင်ရာများအနေဖြင့် စီမံချက်များ အတိုင်း ထိထိမိမိတားဆီးစစ်ဆေးဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း။
-
အချို့တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ ကုန်သွယ်မှုလမ်းကြောင်းများတွင် တရားမဝင်ကုန်သွယ်မှုကို ရနိုင်သမျှနည်းလမ်းများဖြင့် တားဆီးထိန်းချုပ်သွားကြရမည်ဖြစ်ကြောင်း။
-
တရားမဝင်ကုန်သွယ်မှု စတင်ရာနေရာ၊ သိုလှောင်ထားရှိသည့်နေရာများနှင့် တင်သွင်းရောက်ရှိပြီး ဖြန့်ဖြူးရန်သိုလှောင်ထားသည့်နေရာများကိုပါ ပုံမှန်၊ ရှောင်တခင်ဝင်ရောက်စစ်ဆေးအရေးယူခြင်းများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
-
စစ်ဆေးရှာဖွေရာတွင်လည်း သတ်မှတ်ထားသည့် တရားမဝင်ကုန်ပစ္စည်းများအပါအဝင် ကန့်သတ်ကုန်ပစ္စည်းများကိုပါ စနစ်တကျရှာဖွေ စစ်ဆေးကြရမည်ဖြစ်ကြောင်း။
-
ဖမ်းဆီးရမိကုန်စည်များကို လုပ်ထုံးလုပ်နည်းနှင့်အညီ ထုခွဲရောင်းချပြီး ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာများ နိုင်ငံတော်က ရရှိရန်လိုအပ်ကြောင်း။
-
လေလံမပစ်မီ ဖမ်းဆီးရမိပစ္စည်းများ ပျက်စီးဆုံးရှုံးသွားလျှင် ဖမ်းဆီးပေးသူများ၏ ကြိုးပမ်းအားထုတ်မှုများ အချည်းနှီးဖြစ်ရသကဲ့သို့ နိုင်ငံဘဏ္ဍာရရှိမှုလည်း လျော့နည်းသွားမည်ဖြစ်ကြောင်း။
-
ပုပ်သိုးပျက်စီးလွယ်သည့် ကုန်စည်များကို လုပ်ထုံးလုပ်နည်းနှင့်အညီ မြန်မြန်ဆန်ဆန် လေလံတင်ရောင်းချသွားရမည်ဖြစ်ပြီး ဖမ်းဆီးရမိ လိုင်စင်ရှိ၊ လိုင်စင်မဲ့မော်တော်ယာဉ်များကိုလည်း ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ အမြန်ဆုံးအပ်နှံဆောင်ရွက်သွားကြရန်နှင့် အမှုများအမြန်ဆုံး ပြီးပြတ်နိုင်အောင်လည်း လုပ်ဆောင်ရမည်ဖြစ်ကြောင်း။
-
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီအဖွဲ့ဝင်များနှင့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးတွင် ပါဝင်နေသူအားလုံးသည် နိုင်ငံတော်မှ ချမှတ်ထားသည့် မူဝါဒ၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ကြော်ငြာစာများနှင့်အညီ တိတိကျကျ လိုက်နာဆောင်ရွက်ကြရမည်ဖြစ်ပြီး ဖမ်းဆီးအရေးယူရာ တွင်လည်း ဥပဒေနှင့်အညီ အားလုံးတစ်ပြေးညီဖြစ်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း မှာကြားခဲ့ပါသည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်၊ အခွန်အယူခံခုံအဖွဲ့ဥက္ကဋ္ဌ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တာဝန်ရှိသူများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
-
အချို့တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ ကုန်သွယ်မှုလမ်းကြောင်းများတွင် တရားမဝင်ကုန်သွယ်မှုကို ရနိုင်သမျှနည်းလမ်းများဖြင့် တားဆီးထိန်းချုပ်သွားကြရမည်ဖြစ်။
-
တရားမဝင်ကုန်သွယ်မှု စတင်ရာနေရာ၊ သိုလှောင်ထားရှိသည့်နေရာများနှင့် တင်သွင်းရောက်ရှိပြီး ဖြန့်ဖြူးရန်သိုလှောင်ထားသည့်နေရာများကိုပါ ပုံမှန်၊ ရှောင်တခင်ဝင်ရောက်စစ်ဆေး အရေးယူခြင်းများကို ဆောင်ရွက်ရမည်ဖြစ်။
-
စစ်ဆေးရှာဖွေရာတွင်လည်း သတ်မှတ်ထားသည့် တရားမဝင်ကုန်ပစ္စည်းများအပါအဝင် ကန့်သတ်ကုန်ပစ္စည်းများကိုပါ စနစ်တကျရှာဖွေ စစ်ဆေးကြရမည်ဖြစ်။
-
ဖမ်းဆီးရမိကုန်စည်များကို လုပ်ထုံးလုပ်နည်းနှင့်အညီ ထုခွဲရောင်းချပြီး ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာများ နိုင်ငံတော်က ရရှိရန်လို။
-
လေလံမပစ်မီ ဖမ်းဆီးရမိပစ္စည်းများ ပျက်စီးဆုံးရှုံးသွားလျှင် ဖမ်းဆီးပေးသူများ၏ ကြိုးပမ်းအားထုတ်မှုများ အချည်းနှီးဖြစ်ရသကဲ့သို့ နိုင်ငံဘဏ္ဍာရရှိမှုလည်း လျော့နည်းသွားမည်ဖြစ်။
-
ပုပ်သိုးပျက်စီးလွယ်သည့် ကုန်စည်များကို လုပ်ထုံးလုပ်နည်းနှင့်အညီ မြန်မြန်ဆန်ဆန် လေလံတင်ရောင်းချသွားရမည်ဖြစ်ပြီး ဖမ်းဆီးရမိ လိုင်စင်ရှိ၊ လိုင်စင်မဲ့ မော်တော်ယာဉ်များကိုလည်း ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ အမြန်ဆုံး အပ်နှံဆောင်ရွက်သွားကြရမည်ဖြစ်။
-
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီအဖွဲ့ဝင်များနှင့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးတွင် ပါဝင်နေသူအားလုံးသည် နိုင်ငံတော်မှ ချမှတ်ထားသည့် မူဝါဒ၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ကြော်ငြာစာများနှင့်အညီ တိတိကျကျ လိုက်နာဆောင်ရွက်ကြရမည်ဖြစ်ပြီး ဖမ်းဆီးအရေး ယူရာတွင်လည်း ဥပဒေနှင့်အညီ အားလုံးတစ်ပြေးညီဖြစ်အောင် ဆောင်ရွက်ကြရမည်ဖြစ်။
-
တရားမဝင်ကုန်သွယ်မှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားကြရန်နှင့် တားဆီးအရေးယူရာတွင် ဌာနအချင်းချင်း ညှိနှိုင်းပေါင်းစပ်ပြီး စီးပွားရေးအမြင်၊ နိုင်ငံရေးအမြင်၊ လုံခြုံရေးအမြင်များဖြင့် ကျယ်ပြန့်စွာ ဆောင်ရွက်သွားရန်လို။
Add new comment