၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၊ ဒေါင့်ကြီးကျေးရွာ၌ PDF အမည်ခံအကြမ်းဖက်သူများက နေအိမ်မီးရှို့ဖျက်ဆီးခဲ့ပြီး ရက်ရက်စက်စက် လူမဆန်စွာသတ်ဖြတ်ခဲ့မှုကြောင့် သေဆုံးခဲ့သူ ဒေါ်ဂျမ်းတောနှင့် ဒေါ်ခင်ဆွေမြင့်တို့၏ ငွေကြေးနှင့်လက်ဝတ်ရတနာများအား ပြန်လည်ရှာဖွေပေးရန် နေပြည်တော်သို့ ရောက်ရှိနေသည့် ကျန်ရှိမိသားစုဝင်များက သက်ဆိုင်ရာဝန်ကြီးဌာနမှ တစ်ဆင့် အကူအညီတောင်းခံခဲ့မှုအပေါ် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ရှာဖွေပေးခဲ့ရာ ပြန်လည်တွေ့ရှိသည့် လက်ဝတ်ရတနာများအား မိသားစုဝင်များထံ ပြန်လည်ပေးအပ်ပွဲအခမ်းအနားကျင်းပခဲ့ပါသည်။
အခမ်းအနားတွင် သေဆုံးသူများ၏ ငွေကြေးနှင့်လက်ဝတ်ရတနာရွှေထည် ပစ္စည်းအမျိုးအစား ၂၀ မျိုး၊ ငွေသား ၂,၁၁၃,၈၀၀ ကျပ်၊ အငြိမ်းစားလစာစာအုပ်(မူရင်း) ၁ အုပ်၊ နိုင်ငံ သားစိစစ်ရေးကတ်(မူရင်း) ၁ ခုနှင့် အိမ်ထောင်စုလူဦးရေစာရင်း (မူရင်း) ၁ ရွက်တို့အား သေဆုံးသူများ၏ မိသားစုဝင်များထံ တာဝန်ရှိသူများက ပြန်လည်ပေးအပ်ခဲ့ပါသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် မြို့၊ ရွာ၊ ရပ်ကွက်များအတွင်း အကြမ်းဖက်သမားများ၊ လက်နက်/ခဲယမ်း၊ ဖောက်ခွဲရေးပစ္စည်းများနှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေ ဖြင့် နေအိမ်များအတွင်း ရှာဖွေစစ်ဆေးခြင်းများ ပြုလုပ်ရလေ့ရှိ သော်လည်း အကြမ်းဖက်အုပ်စုနှင့် ဆက်စပ်လက်နက်/ ခဲယမ်း၊ မိုင်းများကို ရှာဖွေရှင်းလင်းဆောင်ရွက်ခြင်းဖြစ်ပြီး မသက်ဆိုင်သည့် ပြည်သူလူထု၏ပိုင်ဆိုင်မှုများအား လုံးဝထိပါးပျက်စီးစေခြင်းမပြုရန်နှင့် လိုအပ်သည့်အကူအညီများအား စိတ်ရင်းစေတနာဖြင့် ကူညီစောင့်ရှောက်ရန်ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိပါသည်။ သို့ရာတွင် အယောင်ဆောင်လုံခြုံရေးတပ်ဖွဲ့အချို့၏ မသမာမှုများလည်း ဖြစ်ပေါ်လေ့ရှိသဖြင့် ရှာဖွေစစ်ဆေးစဉ် ထိခိုက်နစ်နာမှုများရှိပါက ကာယကံရှင်များက သက်ဆိုင်ရာဌာနများသို့ သတင်းပို့တိုင်ကြားနိုင်ကြောင်း သတင်းရရှိပါသည်။
- စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ် ဒေါင့်ကြီးကျေးရွာ၌ PDF အကြမ်းဖက်သူများ၏ လူမဆန်စွာသတ် ဖြတ်ခဲ့မှုကြောင့် သေဆုံးသူဒေါ်ဂျမ်းတောနှင့် ဒေါ်ခင်ဆွေမြင့်တို့၏ ငွေကြေးနှင့် လက်ဝတ်ရတနာရွှေထည်ပစ္စည်း အမျိုးအစား ၂၀ မျိုး၊ ငွေသား ၂,၁၁၃,၈၀၀ ကျပ်၊ အငြိမ်းစားလစာစာအုပ်(မူရင်း) ၁ အုပ်၊ နိုင်ငံသားစိစစ်ရေး ကတ်(မူရင်း) ၁ ခုနှင့် အိမ်ထောင်စုလူဦးရေစာရင်း(မူရင်း) ၁ ရွက်တို့အား သေဆုံးသူများ၏ မိသားစုဝင်များထံ ပြန်လည်ပေးအပ်ခဲ့။
- လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အကြမ်းဖက်အုပ်စုနှင့်ဆက်စပ် လက်နက်/ ခဲယမ်း၊ မိုင်းများကို ရှာဖွေရှင်းလင်း ဆောင်ရွက်ခြင်းဖြစ်ပြီး မသက်ဆိုင်သည့် ပြည်သူလူထု၏ပိုင်ဆိုင်မှုများအား လုံးဝထိပါးပျက်စီးစေခြင်းမပြုရန်နှင့် လိုအပ်သည့်အကူအညီများအား စိတ်ရင်းစေတနာဖြင့် ကူညီစောင့်ရှောက်ရန် ညွှန်ကြားချက်များနှင့်အညီ ဆောင် ရွက်လျက်ရှိ။
- အယောင်ဆောင်လုံခြုံရေးတပ်ဖွဲ့အချို့၏ မသမာမှုများလည်း ဖြစ်ပေါ်လေ့ရှိသဖြင့် ရှာဖွေစစ်ဆေးစဉ် ထိခိုက် နစ်နာမှုများရှိပါက ကာယကံရှင်များက သက်ဆိုင်ရာဌာနများသို့ သတင်းပို့တိုင်ကြားနိုင်ကြောင်း။