ဇွန်လ ၂၆ ရက်တွင် PDF အကြမ်းဖက်သမားများက မကွေးတိုင်းဒေသကြီး၊ ထီးလင်းမြို့အတွင်းသို့ လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်ခဲ့ရာ အမှတ်(၁)ရပ်ကွက်ရှိ ဦးအောင်သန်းဝင်း၏ နေအိမ်ပေါ်သို့ ဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့ပြီး ၎င်းအပါအဝင် ဇနီးဒေါ်ကြည်တင်နှင့် သမီးဖြစ်သူ မယမင်းအိတို့တွင် ဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့သဖြင့် ဆေးကုသမှုခံယူနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ထီးလင်းမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသစဉ် သေဆုံးသွားခဲ့ကြောင်း သိရှိရပါသည်။
နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် အစိုးရအုပ်ချုပ်ရေးယန္တရားများ ရပ်တန့်စေရန်နှင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် စစ်ရေးနှင့်မသက်ဆိုင်သည့် အပြစ်မဲ့ပြည်သူများနေထိုင်ရာ မြို့နယ်၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် ခြင်းနှင့် အများပြည်သူနှင့်သက်ဆိုင်သည့်နေရာများ၊ အဆောက်အဦများနှင့် လမ်း၊ တံတားများအား ဖောက်ခွဲဖျက်ဆီးခြင်းများသည် လူမဆန်သည့် အကြမ်းဖက်လုပ်ရပ်များဖြစ်သဖြင့် အပြစ်မဲ့ပြည်သူများ အသက်အိုးအိမ်စည်းစိမ် ပျက်စီးဆုံးရှုံးမှုများကြောင့် ပြည်သူတစ်ရပ်လုံးက ၎င်းတို့၏လုပ်ရပ်များအပေါ် ဝေဖန်ပြစ်တင် ရှုတ်ချ၍ ရွံရှာမုန်းတီးလျက်ရှိပါသည်။
ထိုကဲ့သို့ စစ်ရေးပစ်မှတ်မဟုတ်သည့် မြို့ရွာများအတွင်းသို့ လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ရေး နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
- PDF အကြမ်းဖက်သမားများက ထီးလင်းမြို့အတွင်းသို့ လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်ခဲ့ရာ အမှတ်(၁)ရပ်ကွက်ရှိ ဦးအောင်သန်းဝင်း၏ နေအိမ်ပေါ်သို့ ဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့ပြီး ၎င်းတို့မိသားစုဝင် ၃ ဦးတွင် ဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့ပြီး သေဆုံးသွားခဲ့။
Add new comment