နိုင်ငံ့ဝန်ထမ်းများ၊ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၊ သာမန်ပြည်သူများအတွက် အိမ်ရာ လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရန် ရည်မှန်းချက်ထားပြီး ဆောင်ရွက်နေ

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် တာဝန်ရှိသူများ လိုက်ပါလျက် ဇွန်လ ၂၆ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အိမ်ရာစီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုအားလည်းကောင်း၊ မြို့ပြအိမ်ရာဖွံ့ဖြိုးရေးနှင့်ပတ်သက်သည့် ရုံးလုပ်ငန်းဆောင်ရွက်မှုအားလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများက လိုအပ်သည်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။

ရှင်းလင်းတင်ပြမှုများနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီးက-

  • နိုင်ငံတော်အနေဖြင့် မြို့ပြကဏ္ဍ စနစ်တကျဖွံ့ဖြိုးတိုးတက်ရေးအတွက် တန်ဖိုးသင့်အိမ်ရာစီမံကိန်းများအား အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်  နိုင်ငံ့ဝန်ထမ်းများ၊ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၊ သာမန်ပြည်သူများအတွက် အိမ်ရာလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရန် ရည်မှန်းချက်ထားပြီး ဆောင်ရွက်နေ သကဲ့သို့ ရန်ကုန်မြို့အား  မြို့ပြအဆင့်အတန်း မြှင့်တင်ရန်အတွက် သက်တမ်းလွန်အိမ်ရာစခန်းများအား ပြန်လည်စည်ပင်ဖွံ့ဖြိုးရေးအစီအစဉ်ဖြင့် လူနေထိုင်မှုအဆင့်အတန်းမြှင့်တင်ရေးအတွက် ဆောင်ရွက်ရန်လိုကြောင်း။
  • ပုဂ္ဂလိကလုပ်ငန်းရှင်များ ရေရှည်ရင်းနှီးမြှုပ်နှံနိုင်မည့် နည်းလမ်းကောင်းများ ရှာဖွေဆောင်ရွက်ရန်၊ ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်းရရှိရေး ဆောင်ရွက်ရန်တို့ကို မှာကြားခဲ့။

ယခုအစိုးရလက်ထက်တွင် နိုင်ငံ့ဝန်ထမ်းများ တာဝန်ထမ်းဆောင်စဉ်နှင့် အငြိမ်းစားယူသည့်အခါတွင် နေထိုင်ရေးအဆင်ပြေစေရန်ရည်ရွယ်၍ နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာများကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အထိ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောက်လုပ်ခဲ့ပြီး ဝန်ထမ်းအိမ်ရာအခန်းပေါင်း ၁၉,၈၂၅ ခန်း၊ တိုင်းနှင့် ပြည်နယ်များရှိ ဌာနများမှ ဆောက်လုပ်ပြီး ဝန်ထမ်းအိမ်ရာအခန်းပေါင်း ၁၂၄,၁၈၁ ခန်း၊ စုစုပေါင်း ၁၄၄,၀၀၆ ခန်း ရှိပြီဖြစ်ပြီး နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာ၌ နေထိုင်ခွင့်ရရှိသူများသည် အိမ်ငှားရမ်းခအဖြစ် တစ်လလျှင် အရာထမ်းများမှာ ငွေကျပ် ၁၃,၈၀၀၊ အမှုထမ်းများမှာ ငွေကျပ် ၅,၄၀၀ ကျသင့်မည်ဖြစ်ကြောင်း သိရှိရပါသည်။

  • နိုင်ငံတော်အနေဖြင့် မြို့ပြကဏ္ဍ စနစ်တကျဖွံ့ဖြိုးတိုးတက်ရေးအတွက် တန်ဖိုးသင့် အိမ်ရာစီမံကိန်းများအား အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်  နိုင်ငံ့ဝန်ထမ်းများ၊ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၊ သာမန်ပြည်သူများအတွက် အိမ်ရာလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရန် ရည်မှန်းချက်ထားပြီး ဆောင်ရွက်နေ။
  • ရန်ကုန်မြို့အား  မြို့ပြအဆင့်အတန်း မြှင့်တင်ရန်အတွက် သက်တမ်းလွန် အိမ်ရာစခန်းများအား ပြန်လည်စည်ပင်ဖွံ့ဖြိုးရေးအစီအစဉ်ဖြင့် လူနေထိုင်မှုအဆင့်အတန်းမြှင့်တင်ရေးအတွက် ဆောင်ရွက်ရန်လိုအပ်။
  • နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာ၌ နေထိုင်ခွင့်ရရှိသူများသည် အိမ်ငှားရမ်းခအဖြစ် တစ်လလျှင် အရာထမ်းများမှာ ငွေကျပ် ၁၃,၈၀၀၊ အမှုထမ်းများမှာ ငွေကျပ် ၅,၄၀၀ စီ ကျသင့်မည်ဖြစ်။

Add new comment