တီးတိန်မြို့နယ်၊ ဆွောင်းပီးကျေးရွာနေ တပ်မတော်သား မိသားစုဝင်များအား CDF အမည်ခံ အကြမ်းဖက်သမားများက အကြောင်းမဲ့အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်

ဒီဇင်ဘာလ ၂၈ ရက်တွင် CDF အမည်ခံ အကြမ်းဖက်သမားများက ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ဆွောင်းပီးကျေးရွာသို့ မော်တော်ဆိုင်ကယ် ၅ စီးဖြင့် ရောက်ရှိလာပြီး အဆိုပါကျေးရွာနေ တပ်မတော်သားမိသားစုဝင်များဖြစ်သည့် ၂ နှစ်နှင့် ၁ လသား အရွယ်ကလေးငယ် ၁ ဦးအပါအဝင် မိသားစု ဝင် ၄ ဦးအား အကြောင်းမဲ့ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင် သွားခဲ့ပါသည်။

NUG အဖွဲ့၏ စေခိုင်းချက်အရ PDF/CDF အမည်ခံ အကြမ်းဖက်အဖွဲ့များက ငါနှင့်မတူ ငါ့ရန်သူ အယူအဆဖြင့်  ၎င်းတို့ကိုမထောက်ခံသည့် အေးချမ်းစွာနေထိုင်သော ဒေသခံပြည်သူများကို ဒလန်အဖြစ်စွပ်စွဲ၍ လုပ်ကြံသတ်ဖြတ်ခြင်း အကြမ်းဖက်မှုလုပ်ရပ်များအား ဥပဒေမဲ့လုပ်ဆောင်လျက်ရှိပါသည်။  

အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသည့် မိသားစုဝင်များအား အမြန်ဆုံးပြန်လည်လွတ်မြောက်နိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှာဖွေဖော်ထုတ်စစ်ဆေးမှုများနှင့် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

  • CDF အမည်ခံအကြမ်းဖက်သမားများက တီးတိန်မြို့နယ်၊ ဆွောင်းပီးကျေးရွာနေ တပ်မတော်သားမိသားစုဝင်များ ဖြစ်သည့် ၂ နှစ်နှင့် ၁ လသားအရွယ်ကလေးငယ် ၁ ဦးအပါအဝင် မိသားစုဝင် ၄ ဦးအား အကြောင်းမဲ့အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့။
  • လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသည့် မိသားစုဝင်များအား အမြန်ဆုံးပြန်လည်လွတ်မြောက် နိုင်ရေးအတွက် ရှာဖွေဖော်ထုတ် စစ်ဆေးမှုများနှင့် လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ။