အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့တွင် မြန်မာနိုင်ငံ၌ တစ်နှစ်တာကာလအတွင်း ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများနှင့် ဓာတုပစ္စည်းများ မီးရှို့ဖျက်ဆီးပွဲအခမ်းအနားကို ဇွန်လ ၂၆ ရက်တွင် မန္တလေး၊ ရန်ကုန်နှင့် တောင်ကြီးမြို့တို့တွင် ပြုလုပ်ခဲ့ပါသည်။
-
မန္တလေးမြို့၌ပြုလုပ်သည့်မီးရှို့ဖျက်ဆီးပွဲတွင် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် မြန်မာနိုင်ငံအထက်ပိုင်းဒေသ၊ အလယ်ပိုင်းဒေသများမှဖမ်းဆီးရမိသည့် ဘိန်း ၆၁၁ ဒသမ ၅၇ ကီလိုကျော်၊ ဘိန်းဖြူ ၈၁၀ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၄၇ သန်းကျော်၊ အိုက်စ် ၇,၃၅၆ ကီလိုကျော်၊ ကက်တမင်း ၃၁၆ ကီလိုကျော်၊ ဆေးခြောက် ၁၁၆ ကီလိုကျော် အပါအဝင် မူးယစ်ဆေးဝါး ၁၆ မျိုးနှင့် ဓာတုပစ္စည်း ၉ မျိုးတို့၏ စုစုပေါင်းတန်ဖိုးငွေကျပ် ၃၁၆ ဒသမ ၇၇ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၁၇၁ ဒသမ ၂၃ သန်းကျော်)ကိုလည်းကောင်း။
-
ရန်ကုန်မြို့၌ပြုလုပ်သည့်မီးရှို့ဖျက်ဆီးပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် မြန်မာနိုင်ငံအောက်ပိုင်းဒေသများမှ ဖမ်းဆီးရမိသော ဘိန်း ၁ ဒသမ ၅၀ ကီလို၊ ဘိန်းဖြူ ၁၆၂ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၆၅ သန်းကျော်၊ အိုက်စ် ၇,၅၉၉ ကီလိုကျော်၊ ဘိန်းစာမှုန့် ၁,၂၀၅ ကီလို ကျော်၊ ကက်တမင်း ၁,၃၄၅ ကီလိုကျော်၊ ဆေးခြောက် ၄၆၃ ကီလိုကျော် အပါအဝင် မူးယစ်ဆေးဝါး ၂၆ မျိုးနှင့် ဓာတုပစ္စည်း ၇ မျိုးတို့၏ စုစုပေါင်းတန်ဖိုးငွေကျပ် ၃၅၆ ဒသမ ၆၈ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၁၉၂ ဒသမ ၈၀ သန်းကျော်)ကိုလည်းကောင်း။
-
တောင်ကြီးမြို့၌ပြုလုပ်သည့်မီးရှို့ဖျက်ဆီးပွဲတွင် ရှမ်းပြည်နယ်၊ ကယားပြည်နယ်တို့မှ ဖမ်းဆီးရမိသည့် ဘိန်း ၂,၀၄၁ ဒသမ ၈၀ ကီလိုကျော်၊ ဘိန်းဖြူ ၉၆၇ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၉၉ သန်းကျော်၊ အိုက်စ် ၈,၆၉၇ ကီလိုကျော်၊ ကက်တမင်း ၃၆၂ ကီလိုကျော်၊ ဆေးခြောက် ၁၃၀ ကီလိုကျော်၊ ကဖင်း ၁၂ တန် ကျော်အပါအဝင် မူးယစ်ဆေးဝါး ၁၈ မျိုးနှင့် ဓာတုပစ္စည်း ၄၀ မျိုး စုစုပေါင်းတန် ဖိုးငွေကျပ် ၅၁၅ ဒသမ ၃၆ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၂၇၈ ဒသမ ၅၆၇ သန်းကျော်)ကိုလည်းကောင်း မီးရှို့ဖျက်ဆီးခဲ့။
-
၂၀၂၂ ခုနှစ်အတွင်း ဖမ်းဆီးရမိစုစုပေါင်း ဘိန်း ၂,၆၅၄ ဒသမ ၈၉ ကီလိုကျော်၊ ဘိန်းဖြူ ၁,၉၄၀ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၁၂ သန်းကျော်၊ အိုက်စ် ၂၃,၆၅၃ ကီလိုကျော်၊ ဘိန်းစာမှုန့် ၁,၂၀၅ ကီလိုကျော်၊ ဆေးခြောက် ၇၀၉ ကီလို ကျော်၊ ကက်တမင်း ၂,၀၂၄ ကီလိုကျော်နှင့် ကဖင်း ၁၂ တန်ကျော်အပါအဝင် မူးယစ်ဆေးဝါးနှင့်ဓာတုပစ္စည်း ၇၉ မျိုး စုစုပေါင်းတန်ဖိုးငွေကျပ် ၁,၁၈၈ ဒသမ ၈၂ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၆၄၂ ဒသမ ၆၀ သန်းကျော်) တို့ကိုဖျက် ဆီးနိုင်ခဲ့။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများကို တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့တို့က အရှိန်အဟုန်မြှင့်တင်ကြိုးပမ်းဆောင်ရွက်မှုကြောင့် မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်းအများအပြား ဖမ်းဆီးရမိဖျက်ဆီးနိုင်ခဲ့ကြောင်း သိရှိရပါသည်။
-
တစ်နှစ်တာကာလအတွင်း ဖမ်းဆီးရမိမူးယစ်ဆေးဝါးများနှင့် ဓာတုပစ္စည်းများကို မန္တလေး၊ ရန်ကုန်နှင့် တောင်ကြီးမြို့တို့တွင် မီးရှို့ဖျက်ဆီးပွဲပြုလုပ်ခဲ့။
-
၂၀၂၂ ခုနှစ်အတွင်း ဖမ်းဆီးရမိစုစုပေါင်း ဘိန်း ၂,၆၅၄ ဒသမ ၈၉ ကီလိုကျော်၊ ဘိန်းဖြူ ၁,၉၄၀ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၁၂ သန်းကျော်၊ အိုက်စ် ၂၃,၆၅၃ ကီလိုကျော်၊ ဘိန်းစာမှုန့် ၁,၂၀၅ ကီလိုကျော်၊ ဆေးခြောက် ၇၀၉ ကီလို ကျော်၊ ကက်တမင်း ၂,၀၂၄ ကီလိုကျော်နှင့် ကဖင်း ၁၂ တန်ကျော်အပါအဝင် မူးယစ်ဆေးဝါးနှင့်ဓာတုပစ္စည်း ၇၉ မျိုး စုစုပေါင်းတန်ဖိုးငွေကျပ် ၁,၁၈၈ ဒသမ ၈၂ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၆၄၂ ဒသမ ၆၀ သန်းကျော်)တို့ကို မီးရှို့ဖျက်ဆီးနိုင်ခဲ့။
Add new comment