ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်က အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့သို့ သဝဏ်လွှာပေးပို့

မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်က ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၆ ရက်တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့ခဲ့သည့်သဝဏ်လွှာပါ ကောက်နုတ်ချက်မှာ-

  • ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၆ ရက်တွင် တစ်နိုင်ငံလုံးဖမ်းဆီးရမိထားသည့် မူးယစ်ဆေးဝါးများနှင့် ဓာတုပစ္စည်းများမီးရှို့ဖျက်ဆီးပွဲအစီအစဉ်များကို ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့တို့တွင် တစ်ပြိုင်တည်းကျင်းပပြုလုပ်ပြီး ကုလသမဂ္ဂအဖွဲ့အစည်းများ၊ ပြည်တွင်း/ပြည်ပအဖွဲ့အစည်းများနှင့် နိုင်ငံတကာသံရုံးများမှ ကိုယ်စားလှယ်များအား ဖိတ်ကြားတက်ရောက်စေမည်ဖြစ်။
  • မြန်မာနိုင်ငံအနေဖြင့် ခေတ်အဆက်ဆက်အစိုးရများက မူးယစ်ဆေးဝါးပပျောက်ရေးကို ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ယနေ့အချိန်အထိ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ကျဆင်းလာခဲ့သော်လည်း ဓာတုပစ္စည်းများဖြင့်သာထုတ်လုပ်ထားသည့် စိတ်ကြွရူးသွပ်ဆေး၊ အိုက်စ် (မက်အဖက်တမင်း)၊ ကတ်တမင်းစသည့် လူလုပ်မူးယစ်ဆေးဝါးများ (Synthetic Drugs) ပြဿနာများမှာ ပိုမိုကြီးထွားလာမှုကြောင့် စိန်ခေါ်မှုတစ်ရပ်အနေဖြင့် ရင်ဆိုင်ကြုံတွေ့နေရဆဲဖြစ်။
  • မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးပြဿနာဖြေရှင်းနိုင်ရေးအတွက် ဘက်ပေါင်းစုံချဉ်းကပ်မှုများပါဝင်သည့် အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒသစ်တစ်ရပ်ကို ရေးဆွဲထုတ်ပြန်ခဲ့ပြီး မူဝါဒအားအထောက်အကူပြုမည့် အမျိုးသားအဆင့်မဟာဗျူဟာစီမံချက်ကိုလည်း ရေးဆွဲခဲ့ပြီးဖြစ်ကာ မဟာဗျူဟာစီမံချက်ကို လမ်းညွှန်မူဘောင်တစ်ခုအနေဖြင့်သတ်မှတ်ပြီး သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်များအလိုက် လုပ်ငန်းစီမံချက် (ActionPlan)များ ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်နေကြပြီဖြစ်။
  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မူးယစ်ဆေးဝါး ထုတ်လုပ်သယ်ဆောင်ရောင်းဝယ်သူများသည် နိုင်ငံရေးအခြေအနေကိုအခွင့်ကောင်းယူ၍ နည်းလမ်းပေါင်းစုံဖြင့် မူးယစ်ဆေးဝါးများကို ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိကြောင်း၊ ထိထိရောက်ရောက် ရှာဖွေဖော်ထုတ် ဖမ်းဆီးကြရန်လိုအပ်ကြောင်းကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်တွင်ကျင်းပသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၁) ၌ လမ်းညွှန်မှာကြားခဲ့။
  • မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများကို တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အကောက်ခွန်ဦးစီးဌာနတို့ပူးပေါင်း၍ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိသည့်အပြင် အိမ်နီးချင်းနိုင်ငံများနှင့်ပူးပေါင်းပြီး တားဆီးနှိမ်နင်းရေးအထူးစစ်ဆင်ရေးများကို ဆောင်ရွက်လျက်ရှိရာ ၂၀၂၀ ပြည့်နှစ်အတွင်း မဲခေါင်(MoU) ၆ နိုင်ငံ ပါဝင်သော Operation ၁၅၁၁ ကိုလည်းကောင်း၊ ၂၀၂၁ ခုနှစ်အတွင်း မြန်မာ-လာအို- ထိုင်း ၃ နိုင်ငံပူးပေါင်း၍ ဘေးကင်းလုံခြုံသော မဲခေါင်စစ်ဆင်ရေးကိုလည်းကောင်း၊ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ မတ်လအထိ Operation ၁၅၁၁/ ၂၂ ကိုလည်းကောင်း ဆောင်ရွက်ခဲ့မှုကြောင့် ရွှေတြိဂံဒေသသို့ ဓာတုပစ္စည်းများ တရားမဝင် ဝင်ရောက်မှုထိန်းချုပ်ရေးနှင့် မူးယစ်ဆေးဝါးများ ပြင်ပဒေသသို့ ပျံ့နှံ့မှုမရှိစေရေး ရည်မှန်းချက်ကို အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့။
  • မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့အနေဖြင့် ဓာတုပစ္စည်းများတင်သွင်းမှုကို နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ စောင့်ကြပ်ကြည့်ရှုစစ်ဆေးဆောင်ရွက်လျက်ရှိသကဲ့သို့ သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်ထိန်းချုပ်ဓာတုပစ္စည်းစစ် ဆေးရေးအဖွဲ့များနှင့်လည်း လမ်းလွဲမရောက်ရှိစေရေး အနီးကပ်စစ်ဆေးကြပ်မတ်ဆောင်ရွက်လျက်ရှိ။
  • နိုင်ငံတော်အစိုးရသည် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသကဲ့သို့ ဘိန်းစိုက်တောင်သူများ၏ လူနေမှုဘဝမြင့်မားစေရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး အကူအညီများရယူလျက် အစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ။
  • မူးယစ်ဆေးစွဲသူများ ဆေးကုသမှုခံယူနိုင်စေရေးနှင့် နောက်ဆက်တွဲအန္တရာယ်များလျှော့ချနိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ မူးယစ်ဆေးစွဲရောဂါကုသရေးဌာနကြီး ၂၉ ခု၊ ဌာနငယ် ၅၉ ခုနှင့် ဘိန်းအမျိုးအစားမူးယစ်ဆေးစွဲရောဂါလူနာများအတွက် မက်သာဒုံးဆေးခန်း ၈၉ ခု ဖွင့်လှစ်ဆောင်ရွက် ပေးလျက်ရှိရာ ၂၀၂၁ ခုနှစ်အတွင်း မူးယစ်ဆေးစွဲသူ ၂၆,၃၁၈ ဦးကို ကုသပေးနိုင်ခဲ့ပြီး ၂၅,၈၁၆ ဦးကို မက်သာဒုံးဆေးတိုက်ကျွေးနိုင်ခဲ့။
  • မြန်မာနိုင်ငံသည် မူးယစ်ဆေးဝါးပြဿနာဖြေရှင်းနိုင်ရေးအတွက် ကုလသမဂ္ဂကွန်ဗင်းရှင်း ၃ ခု၌ ပါဝင်လက်မှတ်ရေးထိုးထားပြီး ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၊ အာဆီယံနိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများ၊ မဟာမဲခေါင်ဒေသခွဲနိုင်ငံများ၊ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် ကုလသမဂ္ဂနှင့် နိုင်ငံတကာအစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ မြန်မာနိုင်ငံအခြေစိုက် ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့်ပြစ်မှုဆိုင်ရာရုံး(UNODC)၊ ဩစတြေးလျပြည်ထောင်စုရဲတပ်ဖွဲ့ (AFP)၊ အမေရိကန်မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးစီမံခန့်ခွဲမှုအဖွဲ့ (DEA)၊ တရုတ် နိုင်ငံအမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေးကော်မရှင်(NNCC)၊ ထိုင်းနိုင်ငံမူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့(ONCB) စသည့်အဖွဲ့အစည်းများနှင့်လည်း မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်လျက်ရှိ။

          နိုင်ငံတော်အစိုးရအနေဖြင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး လုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ချမှတ်ဆောင်ရွက်လျက်ရှိသကဲ့သို့ မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့အနေဖြင့်လည်း မူးယစ်ဆေးဝါးထိန်းချုပ်ရေးလုပ်ငန်းများကို ဘက်ပေါင်းစုံမှဆောင်ရွက်ပေးနိုင်သမျှ နည်းလမ်းအားလုံးအသုံးပြု၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ယခုနှစ်အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အတွက် ကုလသမဂ္ဂမှပေးပို့လာသော ဆောင်ပုဒ်ဖြစ်သည့် “Addressing drug challenges in health and humanitarian crises” “လူသားချင်းစာနာကျန်းမာဖို့၊ စိန်ခေါ်မူးယစ်တိုက်ဖျက်စို့။ ဆိုသည့်အတိုင်း ကျန်းမာရေးနှင့်လူသားချင်းစာနာထောက်ထားမှုတို့အတွက် မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် စိန်ခေါ်မှုများကိုဌာနဆိုင်ရာအားလုံးနှင့် ပြည်သူလူထုတစ်ရပ်လုံးမှလည်း ပူးပေါင်းပါဝင်တိုက်ဖျက်ပေးကြရန် တိုက်တွန်းနှိုးဆော်လျက် သဝဏ်လွှာပေးပို့ခဲ့ပါသည်။

  • ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၆ ရက်တွင် တစ်နိုင်ငံလုံးဖမ်းဆီးရမိထားသည့် မူးယစ်ဆေးဝါးများနှင့် ဓာတုပစ္စည်းများ မီးရှို့ဖျက်ဆီးပွဲအစီအစဉ်များကို ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့တို့တွင် တစ်ပြိုင်တည်းကျင်းပပြုလုပ်ပြီး ကုလသမဂ္ဂအဖွဲ့အစည်းများ၊ ပြည်တွင်း/ပြည်ပအဖွဲ့အစည်းများနှင့် နိုင်ငံတကာသံရုံးများမှ ကိုယ်စားလှယ်များအား ဖိတ်ကြားတက်ရောက်စေမည်ဖြစ်။
  • မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများကို တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ နှင့် အကောက်ခွန်ဦးစီးဌာနတို့ ပူးပေါင်း၍ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိသည့်အပြင် အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းပြီး တားဆီးနှိမ်နင်းရေးအထူးစစ်ဆင်ရေးများကိုဆောင်ရွက်လျက်ရှိ။
  • မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့အနေဖြင့် ဓာတုပစ္စည်းများတင်သွင်းမှုကို နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ စောင့်ကြပ်ကြည့်ရှုစစ်ဆေးဆောင်ရွက်လျက်ရှိသကဲ့သို့ သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်ထိန်းချုပ်ဓာတုပစ္စည်းစစ်ဆေးရေးအဖွဲ့များနှင့်လည်း လမ်းလွဲမရောက်ရှိစေရေး အနီးကပ်စစ်ဆေးကြပ်မတ် ဆောင်ရွက်လျက်ရှိ။
  • နိုင်ငံတော်အစိုးရသည် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသကဲ့သို့ ဘိန်းစိုက်တောင်သူများ၏ လူနေမှုဘဝမြင့်မားစေရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး အကူအညီများရယူလျက် အစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ။
  • နိုင်ငံတော်အစိုးရအနေဖြင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ချမှတ်ဆောင်ရွက်လျက်ရှိသကဲ့သို့ မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့အနေဖြင့်လည်း မူးယစ်ဆေးဝါးထိန်းချုပ်ရေးလုပ်ငန်းများကို ဘက်ပေါင်းစုံမှ ဆောင်ရွက်ပေးနိုင်သမျှ နည်းလမ်းအားလုံး အသုံးပြု၍ ဆောင်ရွက်ပေးသွားမည်ဖြစ်။

Add new comment