ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ဇွန်လ ၂၄ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ၊ ခရီးသွားလုပ်ငန်းနှင့် စီးပွားရေးတီထွင်ဆန်းသစ်မှုဆိုင်ရာဝန်ကြီးဌာနမှ Hybridစနစ်ဖြင့် ဦးဆောင်ကျင်းပသော နိုင်ငံအဆင့်ခရီးသွားလုပ်ငန်းကျွမ်းကျင်ပညာရှင်များအဖွဲ့ (National Tourism Professional Board-NTPB) နှင့် ခရီးသွားလုပ်ငန်းကျွမ်းကျင်ပညာရှင်များ အသိအမှတ်ပြုလက်မှတ်ထုတ်ပေးရေးအဖွဲ့ (Tourism Professioanl Certification Board-TPCB)ဆိုင်ရာ ဒေသတွင်းအလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် အာဆီယံခရီးသွားလုပ်ငန်းကျွမ်းကျင်ပညာရှင်များ အပြန်အလှန်အသိအမှတ်ပြုမှု အကောင်အထည်ဖော်ရေးဆိုင်ရာ ဒေသတွင်းအတွင်းရေးမှူးရုံးတို့အနေဖြင့် ခရီးသွားလုပ်ငန်းကျွမ်းကျင်အလုပ်သမားများနှင့် ခရီးသွားလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေသူများအတွက် အာဆီယံခရီးသွားလုပ်ငန်း အပြန်အလှန်အသိအမှတ်ပြုရေးအစီအစဉ်ကို တွန်းအားပေးမြှင့်တင်ဆောင်ရွက်သွားနိုင်ရေး၊ ASEAN Master Trainer နှင့် ASEAN Master Assessor များ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ အာဆီယံ-သြစတြေးလျ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အောက်တွင် Freelance Professionals များအတွက် ဆရာဖြစ်သင်တန်းအစီအစဉ်များပံ့ပိုးပေးနိုင်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးပြောကြားခဲ့ပါသည်။
ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံမှ NTPB နှင့် TPCB အဖွဲ့ဝင်ဖြစ်သော ဆက်စပ်ဝန်ကြီးဌာနများနှင့် ပုဂ္ဂလိကခရီးသွားလုပ်ငန်းအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ်၊ အရှေ့တောင်အာရှဒေသတွင်း သင်ကြားရေးစင်တာများဖွင့်လှစ်ရေးဆိုင်ရာ ပညာရေးဝန်ကြီးများအဖွဲ့၊ အာဆီယံနှင့် အရှေ့အာရှစီးပွားရေးသုတေသနအဖွဲ့မှ Speaker များ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ NTPB နှင့် TPCB အဖွဲ့ဝင်များနှင့် အာဆီယံခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့မှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပါသည်။
- ပြည်ထောင်စုဝန်ကြီးသည် အင်ဒိုနီးရှားနိုင်ငံ၊ ခရီးသွားလုပ်ငန်းနှင့် စီးပွားရေးတီထွင်ဆန်းသစ်မှုဆိုင်ရာဝန်ကြီးဌာနမှ Hybrid စနစ်ဖြင့် ဦးဆောင်ကျင်းပသော နိုင်ငံအဆင့်ခရီးသွားလုပ်ငန်း ကျွမ်းကျင်ပညာရှင်များအဖွဲ့နှင့် ခရီးသွားလုပ်ငန်းကျွမ်းကျင်ပညာရှင်များအသိအမှတ်ပြု လက်မှတ်ထုတ်ပေးရေးအဖွဲ့ဆိုင်ရာ ဒေသတွင်းအလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့။
- ASEAN Master Trainer နှင့် ASEAN Master Assessor များ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ အာဆီယံ-သြစတြေးလျ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အောက်တွင် Freelance Professionals များအတွက် ဆရာဖြစ်သင်တန်းအစီအစဉ်များပံ့ပိုးပေးနိုင်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးပြောကြားခဲ့။
Add new comment