နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ တာဝန်ယူစဉ်ကာလအတွင်း နယ်စပ်ကုန်သွယ်ရေးစခန်းများမှတစ်ဆင့် ပြည်ပပို့ကုန်များ တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ-
- ဆန်နှင့်ဆန်ကွဲတင်ပို့မှုအနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ဇွန်လ ၁၀ ရက်အထိ ဆန်တန်ချိန် သုံးသိန်းတစ်သောင်းကျော်နှင့် ဆန်ကွဲတန်ချိန် တစ်သိန်းကိုး သောင်းကျော် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၇၃ သန်း ကျော်ရရှိထား။
- ရေထွက်ကုန်တင်ပို့မှုအနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဇွန်လ ၁၁ ရက်အထိ ရခိုင်ပြည်နယ်ရှိ မောင်တောနှင့် စစ်တွေ နယ်စပ်ကုန်သွယ်ရေးစခန်း ၂ ခုမှ ကုန်တန်ချိန် ၂၇၁၁ ဒသမ ၈၀ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃ ဒသမ ၃၇၈ သန်းရရှိထား။
- ကချင်ပြည်နယ်ရှိ လွယ်ဂျယ်နှင့်ကန်ပိုက်တီနယ်စပ်ကုန်သွယ်ရေးစခန်းများမှ ယခု နှစ် ဇွန်လ ၁၁ ရက်မှ ၁၇ ရက်အတွင်း တင်ပို့ကုန်၏ ငွေပမာဏ စုစုပေါင်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄,၁၇၁,၈၄၈ သန်းကျော်ရှိခဲ့။
ယခုနှစ်အတွင်း ပြည်ပနိုင်ငံများမှ ဆန်နှင့် ဆန်ကွဲဝယ်လိုအားကောင်းနေပြီး ဆန် FOB ဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် ဈေးနှုန်းပိုမိုရရှိနေသည့်အပြင် ယခင်ကာလတူထက် တင်ပို့မှုပမာဏ ပိုမိုတိုးတက်လာကြောင်း၊ ရေချိုထွက်ကုန် ပြည်ပတင်ပို့မှုဈေးကွက် ရရှိထား၍ ရခိုင်ပြည်နယ်၌ ရေချိုငါးမွေးမြူရေးကဏ္ဍကို ဦးတည် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
- ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ဇွန်လ ၁၀ ရက်အထိ ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတန်ချိန် ငါးသိန်းကျော်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၇၃ သန်း ကျော်ရရှိခဲ့။
- ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဇွန်လ ၁၁ ရက်အထိ မောင်တောနှင့် စစ်တွေနယ်စပ်ကုန်သွယ် ရေးစခန်း ၂ ခုမှ ရေထွက်ကုန်တန်ချိန် ၂၇၁၁ ဒသမ ၈၀ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃ ဒသမ ၃၇၈ သန်းရရှိခဲ့။
- လွယ်ဂျယ်နှင့် ကန်ပိုက်တီနယ်စပ်ကုန်သွယ်ရေးစခန်းများမှ ယခုနှစ် ဇွန်လ ၁၁ ရက်မှ ၁၇ ရက်အတွင်း တင်ပို့ကုန်ငွေပမာဏ စုစုပေါင်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄,၁၇၁,၈၄၈ သန်းကျော်ရှိခဲ့။
Add new comment