နိုင်ငံတကာရာဇဝတ်မှုတရားစီရင်ရေးဆိုင်ရာအထူးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နိုင်ငံတကာရာဇဝတ်မှုတရားစီရင်ရေးဆိုင်ရာအထူးအဖွဲ့ (Special Unit on Inter- national Criminal Justice) ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန်လ ၂၃ ရက်တွင် ဥပဒေရေးရာဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ကျင်းပခဲ့ပြီး အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက အမှာစကားပြောကြားခဲ့ရာတွင်-

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးက မတ်လ ၁၇ ရက်တွင် “နိုင်ငံတကာရာဇဝတ်မှုတရားစီရင်ရေးဆိုင်ရာအထူးအဖွဲ့” ကို ပြင်ဆင်ဖွဲ့စည်းခဲ့ပြီးနောက် အဆိုပါအဖွဲ့တွင် ဥပဒေရေးရာဝန်ကြီးဌာနမှ ခေါင်းဆောင်အဖြစ်ပါဝင်လျက် စစ်ဥပဒေချုပ်ရုံး၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့မှ ကိုယ်စား လှယ်များပါဝင်သော အဖွဲ့ဝင်စုစုပေါင်း ၁၅ ဦးပါဝင်ကြောင်း။
  • ဥပဒေရေးရာဝန်ကြီးဌာနအနေဖြင့် နိုင်ငံတကာရာဇဝတ်မှုတရားစီရင်ရေးဆိုင်ရာ အထူးအဖွဲ့၏ ToR (Term of Reference) လုပ်ငန်းတာဝန်များကိုလည်း ရေးဆွဲခဲ့ပြီးဖြစ်ကြောင်း၊ လုပ်ငန်းတာဝန်များအရ အဆိုပါအထူးအဖွဲ့အနေဖြင့် နိုင်ငံတကာရာဇဝတ်မှုဥပဒေ၊ တရားစီရင်ရေးတို့နှင့်ပတ်သက်ပြီး အစိုးရ၊ တပ်မတော်၊ ဥပဒေရေးရာဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပြည်ပရှိ မြန်မာနိုင်ငံသံရုံးများအပါအဝင် အစိုးရဌာနဆိုင်ရာအဖွဲ့အစည်းများအပေါ် ဥပဒေရေးရာသုံးသပ်မှုများ၊ အကြံပြုချက်များပေးရန်။
  • နိုင်ငံတကာဥပဒေအရ ဆောင်ရွက်ရန်လိုအပ်သည့် ကိစ္စရပ်များ၊ ၎င်းတို့နှင့်ဆက်စပ်သည့် မြန်မာနိုင်ငံ၏ စစ်ဘက်ဥပဒေအပါအဝင် အမျိုးသားဥပဒေများကို လေ့လာသုံးသပ်ပြီး လိုအပ်ပါက ရပ်တည်ချက်စာတမ်းများ၊ နိုင်ငံတကာဥပဒေဆိုင်ရာအကြံပြုချက်များ၊ သုတေသနပြုချက်များကို ပြုစုဆောင်ရွက်လျက် အထက်အဆင့်အဖွဲ့အစည်းများသို့ တင်ပြရန်လိုအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက ဆောင်ရွက်မည့်အကြောင်းအရာများနှင့် လေ့လာဆောင်ရွက်သင့်သည့်ကိစ္စရပ်များကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြပါသည်။

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးက မတ်လ ၁၇ ရက်တွင် “နိုင်ငံတကာရာဇဝတ်မှုတရားစီရင်ရေးဆိုင်ရာအထူးအဖွဲ့” ကို ပြင်ဆင်ဖွဲ့စည်းခဲ့ပြီးနောက် အဆိုပါအဖွဲ့တွင် ဥပဒေရေးရာဝန်ကြီးဌာနမှ ခေါင်းဆောင်အဖြစ်ပါဝင်လျက် စစ်ဥပဒေချုပ်ရုံး၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့မှ ကိုယ်စားလှယ်များပါဝင်သော အဖွဲ့ဝင်စုစုပေါင်း ၁၅ ဦးပါဝင်။
  • နိုင်ငံတကာဥပဒေအရ ဆောင်ရွက်ရန်လိုအပ်သည့်ကိစ္စရပ်များ၊ ၎င်းတို့နှင့်ဆက်စပ်သည့် မြန်မာနိုင်ငံ၏ စစ်ဘက်ဥပဒေအပါအဝင် အမျိုးသားဥပဒေများကို လေ့လာသုံးသပ်ပြီး လိုအပ်ပါက ရပ်တည်ချက်စာတမ်းများ၊ နိုင်ငံတကာဥပဒေဆိုင်ရာ အကြံပြုချက်များ၊ သုတေသနပြုချက်များကို ပြုစုဆောင်ရွက်လျက် အထက်အဆင့်အဖွဲ့အစည်းများသို့ တင်ပြရန်လိုအပ်မည်ဖြစ်။

Add new comment