မန္တလေးတိုင်းဒေသကြီးအတွင်း ပိုးမွေးတောင်သူများ၏ ဝင်ငွေမြင့်တက်လာစေရေးနှင့် နိုင်ငံခြားဝင်ငွေရရှိလာစေရေးအတွက် ပုဂ္ဂလိကကုမ္ပဏီများမှ ပိုးအိမ်များကို တစ်နှစ်လျှင် တန်ချိန် ၃၀၀ နီးပါးတရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိပါသည်။
ပြည်တွင်းဈေးကွက်အနေဖြင့် ပိုးအိမ်များကို ပိုးချည်စက်ရုံများတွင် ချည်ဆွဲပြီး ထွက်လာသော ပိုးချည်များကို အထည်ရက်လုပ်ရန်အတွက် ပိုးထည်ထုတ်လုပ်သည့် ဒေသများက တင်ဒါစနစ်ဖြင့် ဝယ်ယူကြကြောင်း၊ ကုမ္ပဏီများမှ တရုတ်နိုင်ငံသို့ နှစ်စဉ်ပိုးအိမ်အခြောက်ကို တန်ချိန်နှင့် ပို့ဆောင် လျက်ရှိပြီး ယခင်က တစ်နှစ်လျှင် နှစ်ကြိမ်၊ သုံးကြိမ်ခန့် ပို့သော်လည်း ယခုနှစ်တွင် ရောဂါအခြေအနေကြောင့် ပို့ဆောင်နိုင်ခြင်း မရှိသေးကြောင်း၊ ပိုးချည်ရရန်အတွက် ပိုးစာပင်ကို စိုက်ပျိုးခြင်းဖြစ်ပြီး ယခုနောက်ပိုင်းတွင် ပိုးစာပင်ကို ပိုးမွေးရန် တစ်ခုတည်းမဟုတ်ဘဲ လူများ၏ကျန်းမာရေးအတွက် အထောက်အကူပြုခြင်းကြောင့် ပိုးစာရွက်လက်ဖက်ခြောက်လုပ်ရန်လည်း စိုက်ပျိုးလျက်ရှိကြောင်းနှင့် ပိုးစာသီးအမှည့်ကို ပိုးစာသီးဝိုင်၊ ပိုးစာသီးယို စသဖြင့် ကျန်းမာရေးအစာအာဟာရအတွက်လည်း စားသုံးကြကြောင်း သိရှိရပါသည်။
- ပုဂ္ဂလိကကုမ္ပဏီများမှ ပိုးအိမ်များကို တစ်နှစ်လျှင် တန်ချိန် ၃၀၀ နီးပါး တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိ။
- ပြည်တွင်းဈေးကွက်အနေဖြင့် ပိုးအိမ်များကို ပိုးချည်စက်ရုံများတွင် ချည်ဆွဲပြီး ထွက်လာသော ပိုးချည်များကို အထည် ရက်လုပ်ရန်အတွက် ပိုးထည်ထုတ်လုပ်သည့်ဒေသများက တင်ဒါစနစ်ဖြင့် ဝယ်ယူကြကြောင်း။
- ပိုးစာပင်ကို ပိုးမွေးရန် တစ်ခုတည်းမဟုတ်ဘဲ ပိုးစာရွက်လက်ဖက်ခြောက်လုပ်ရန်လည်း စိုက်ပျိုးလျက်ရှိပြီး ပိုးစားသီး အမှည့်ကို ပိုးစာသီးဝိုင်၊ ပိုးစာသီးယို စသဖြင့် ကျန်းမာရေးအစာအာဟာရအတွက်လည်း စားသုံးကြကြောင်း။