နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများသည် နိုင်ငံတော်အတွင်း တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန်နှင့် ပြည်သူလူထုအကြား စိုးရိမ်ထိတ်လန့်မှုဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ မြို့နယ်အချို့၌ ဌာနဆိုင်ရာအဆောက်အဦများ၊ လမ်းတံတားများနှင့် စာသင်ကျောင်းများအား အကြမ်းဖက်ဖောက်ခွဲခြင်း၊ ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူများအား ရက်စက်စွာလုပ်ကြံသတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် ပြည်သူ့ဆေးရုံများကိုပါ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းနှင့် Drone ယာဉ်များတွင် လက်လုပ်ဗုံးချိတ်ဆွဲပစ်ချတိုက်ခိုက်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။
ထိုသို့ ပြုလုပ်လျက်ရှိရာ ဇွန်လ ၂၁ ရက်တွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ မြောက်ကုန်းရပ်ကွက်ရှိ ခရိုင်ပြည်သူ့ဆေးရုံကြီးအား PDF အကြမ်းဖက်အဖွဲ့ က Drone ယာဉ်တွင် လက်လုပ်ဗုံး ၁ လုံး ချိတ်ဆွဲပစ်ချတိုက်ခိုက်ခဲ့သဖြင့် ဆေးရုံဝင်းအတွင်းရှိ ပြင်ပလူနာဆောင်ရှေ့ ပေ ၂၀ ခန့်အကွာသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရှိရပါသည်။
ထိုကဲ့သို့ ပြည်သူလူထုအား ဆေးကုသမှုဆောင်ရွက်ပေးနေသည့် ခရိုင်ပြည်သူ့ ဆေးရုံကြီးအား လက်လုပ်ဗုံးပစ်ချတိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
- နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများသည် နိုင်ငံတော်အတွင်း တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန်နှင့် ပြည်သူလူထုအကြား စိုးရိမ်ထိတ်လန့်မှုဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူများအား ရက်စက်စွာလုပ်ကြံသတ်ဖြတ်ခြင်းများအပြင် ပြည်သူ့ဆေးရုံများကိုပါ အကြမ်းဖက်ပစ်ခတ် တိုက်ခိုက်ခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းနှင့် Drone ယာဉ်များတွင် လက်လုပ်ဗုံးချိတ်ဆွဲပစ်ချတိုက်ခိုက်ခြင်းများ ပြုလုပ်လျက်ရှိ။
- ဇွန်လ ၂၁ ရက်တွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ မြောက်ကုန်းရပ်ကွက်ရှိ ခရိုင်ပြည်သူ့ဆေးရုံကြီးအား PDF အကြမ်းဖက်အဖွဲ့က Drone ယာဉ်တွင် လက်လုပ်ဗုံး ၁ လုံး ချိတ်ဆွဲပစ်ချတိုက်ခိုက်ခဲ့။
Add new comment