အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြားမှုကိုမလိုလားသူ နိုင်ငံရေးအစွန်းရောက်များက အကြမ်းဖက်ခြိမ်းခြောက်မှုများ လုပ်ဆောင်

NUG နှင့် ၎င်း၏လက်အောက်ခံနိုင်ငံရေးအစွန်းရောက်အကြမ်းဖက်များက အနာဂတ်ရင်သွေးငယ်များ၏ ပညာသင်ကြားသင်ယူခွင့် အခွင့်အလမ်းများပျက်ပြား၍ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန်နှင့် ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ မိဘများအား အထိတ်တလန့်ဖြစ်စေရန် ယုတ်မာရိုင်းစိုင်းသော ရည်ရွယ်ချက်များဖြင့် စာသင်ကျောင်းများတွင် ဆန့်ကျင်ခြိမ်းခြောက်စာများ ရေးသားချိတ်ဆွဲ၍ ခြိမ်းခြောက်အကြမ်းဖက်ခြင်းများ လုပ်ဆောင်လျက်ရှိပါသည်-

  • ဇွန်လ ၂၁ ရက်တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် ပညာရေးမှူးရုံးဝင်းရှိ အားကစားခန်းမအုတ်နံရံအနီး ပန်းပင်များအတွင်း၌ အပြာရောင်ကွန်ကျူးပိုက်ဖြင့် ပြုလုပ်ထားသော လက်လုပ်မိုင်း ၂ လုံးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက တွေ့ရှိရသဖြင့် သက်မဲ့ပြုလုပ်သိမ်းဆည်းခဲ့။
  • ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်အတွင်းရှိ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ် (၄) အခြေခံပညာမူလတန်းကျောင်း၊ အမှတ် (၂) အခြေခံပညာအလယ်တန်းကျောင်းနှင့် အမှတ် (၆) အခြေခံပညာမူလတန်းကျောင်း၊ အမှတ် (၅) အခြေခံပညာမူလတန်းကျောင်းနှင့် အမှတ် (၇) အခြေခံပညာမူလတန်းကျောင်း စသည့်စာသင်ကျောင်း ၆ ကျောင်းသို့ အကြမ်းဖက်သမား ၂ ဦးက တားမြစ်သတိပေးချက် ခေါင်းစဉ်ဖြင့် ခြိမ်းခြောက်စာများအား ထမင်းစားကျောင်းဆင်းချိန်တွင် ကျောင်းပြင်ပနေအိမ်သို့ ထမင်းပြန်စားသော ကျောင်းသားများမှတစ်ဆင့် ကျောင်းအုပ်ကြီးများထံသို့ ပေးပို့ဖြန့်ဝေ ခိုင်းခဲ့။

အထက်ပါဖြစ်စဉ်များမှ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ မိဘများအား အထိတ်တလန့်ဖြစ်စေရန်နှင့် စာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားခြင်းမပြုနိုင်စေရန် ရည်ရွယ်၍ ခြိမ်းခြောက်အကြမ်းဖက်ခြင်းများ ပြုလုပ်ခဲ့သည့် နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်များအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

  • မော်လမြိုင်မြို့နယ် ပညာရေးမှူးရုံးဝင်းရှိ အားကစားခန်းမအုတ်နံရံအနီး ပန်းပင်များအတွင်း၌ အပြာရောင်ကွန်ကျူးပိုက်ဖြင့် ပြုလုပ်ထားသော လက်လုပ်မိုင်း ၂ လုံးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက တွေ့ရှိရသဖြင့် သက်မဲ့ပြုလုပ်သိမ်းဆည်းခဲ့။
  • ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်အတွင်းရှိ စာသင်ကျောင်း ၆ ကျောင်းသို့ အကြမ်းဖက်သမား ၂ ဦးက တားမြစ်သတိပေးချက် ခေါင်းစဉ်ဖြင့် ခြိမ်းခြောက်စာများအား ထမင်းစားကျောင်းဆင်းချိန်တွင် ကျောင်းပြင်ပနေအိမ်သို့ ထမင်းပြန်စားသော ကျောင်းသားများမှတစ်ဆင့် ကျောင်းအုပ်ကြီးများ ထံသို့ ပေးပို့ဖြန့်ဝေခိုင်းခဲ့။

 

Add new comment