ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး (DKBA) မှ ကိုယ်စားလှယ်အဖွဲ့နှင့် စိုက်ပျိုးမွေးမြူရေးအခြေခံသော ဒေသစီးပွားရေးဖွံ့ဖြိုးမှုဆိုင်ရာများ ဆွေးနွေး

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးသည် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) ကိုယ်စားလှယ်အဖွဲ့နှင့် စိုက်ပျိုးမွေးမြူရေးအခြေခံသော ဒေသစီးပွားရေးဖွံ့ဖြိုးမှုဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကို ဇွန်လ ၂၂ ရက်တွင် အဆိုပါ ပြည်ထောင်စုဝန်ကြီးရုံးဧည့်ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။

တွေ့ဆုံဆွေးနွေးပွဲတွင်-

  • ဒေသခံပြည်သူများအနေဖြင့် မိမိတို့ရေမြေတွင် ဖြစ်ထွန်းအောင်မြင်သည့်သီးနှံကို စုပေါင်းစိုက်ပျိုး၍ ဈေးကွက်ဝေစုရနိုင်သော ထုတ်လုပ်မှုဖြစ်စေရေး ကြိုးပမ်းစေလိုကြောင်း။

  • ဈေးကွက်ဝင် ဈေးကောင်းရ တန်ဖိုးမြင့်သီးနှံများ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် လိုအပ်သောနည်းပညာနှင့်အကူအညီများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။

  • ငါးမွေးမြူရေးလုပ်ငန်းနှင့် တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းများအတွက် နည်းပညာနှင့် လိုအပ်ချက်များ ကူညီပေးနိုင်ရေး၊ ကုန်ချောထုတ်လုပ်နည်းပညာများ အသုံးပြုနိုင်ရေးအပြင် စိတ်ဝင်စားသည့် ပြည်တွင်းပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်နိုင်ရေးတို့ကို ချိတ်ဆက်ကူညီပေးသွားမည်ဖြစ်ကြောင်း။

  • ဒေသ၌စိုက်ပျိုးထုတ်လုပ်လျက်ရှိသည့် ရာသီသီးနှံနှင့်သစ်သီးဝလံများအပြင် မြေပြန့်ကော်ဖီနှင့် ကိုကိုးသီးနှံကဲ့သို့သော နှစ်ရှည်သီးနှံများ စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်လိုပါက မြေယာအသုံးပြုခွင့်၊ မျိုးရရှိရေးနှင့် နည်းပညာအကူအညီများ ပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့။

ထို့နောက် တက်ရောက်လာသည့် တာဝန်ရှိပုဂ္ဂိုလ်များက ဒေသဖွံ့ဖြိုးရေးနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရာတွင် ကူညီပေးနိုင်မည့် အခြေအနေများကို ဆွေးနွေးခဲ့ကြပြီး ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) ကိုယ်စားလှယ်အဖွဲ့ဝင်များ၏ လိုအပ်ချက်များနှင့်စပ်လျဉ်း၍ ဆွေးနွေးမှုများအပေါ် ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်မည့်အခြေအနေများကို ရင်းနှီးခင်မင်စွာဆွေးနွေးခဲ့ကြကြောင်းနှင့် တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦးနှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) မှ ကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်ကြကြောင်း သိရှိရပါသည်။

  • ပြည်ထောင်စုဝန်ကြီးသည် (DKBA) မှ ကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံ၍ စိုက်ပျိုးမွေးမြူရေးအခြေခံသော ဒေသစီးပွားရေးဖွံ့ဖြိုးရေးဆိုင်ရာများ ဆွေးနွေးခဲ့။

  • ငါးမွေးမြူရေးလုပ်ငန်းနှင့် တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းများအတွက် နည်းပညာနှင့် လိုအပ်ချက်များ ကူညီပေးနိုင်ရေး၊ ကုန်ချောထုတ်လုပ်နည်းပညာများ အသုံးပြုနိုင်ရေးအပြင် စိတ်ဝင်စားသည့် ပြည်တွင်းပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်နိုင်ရေးတို့ကို ချိတ်ဆက်ကူညီပေးသွားမည်ဖြစ်။

  • ဒေသ၌စိုက်ပျိုးထုတ်လုပ်လျက်ရှိသည့် ရာသီသီးနှံနှင့်သစ်သီးဝလံများအပြင် နှစ်ရှည်သီးနှံများ စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်လိုပါက မြေယာအသုံးပြုခွင့်၊ မျိုးရရှိရေးနှင့် နည်းပညာအကူအညီများ ပေးအပ်သွားမည်ဖြစ်။

Add new comment