ပြည်ထောင်စုဝန်ကြီးဦးခင်ရီ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လူဝင်မှုကြီးကြပ်ရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေး

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီသည် ဇွန်လ ၂၂ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ ဧည့်ခန်းမ၌ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းတို့မှ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာလုပ်ငန်းတာဝန်ခံများအား တွေ့ဆုံခဲ့ရာ သက်ဆိုင်ရာ လုပ်ငန်းတာဝန်ခံများက နိုင်ငံတကာလေကြောင်းလိုင်းများ ဝင်/ထွက်သွားလာမှု၊ ပြည်ပနိုင်ငံအသီးသီးမှ ခရီးသည်များဝင်ရောက်ထွက်ခွာမှု၊ ပြည်ပခရီးသည်များအား လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှု၊ သီလဝါ၊ ရန်ကုန်နှင့် သန်လျင်ဆိပ်ကမ်းများ၌ နိုင်ငံတကာသင်္ဘောများ ဝင်/ထွက်မှုတို့အား ရှင်းလင်း တင်ပြခဲ့ကြပါသည်။

ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက-

  • အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့်ဆိပ်ကမ်းများတွင် တာဝန်ထမ်းဆောင်နေကြသည့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာလုပ်ငန်းတာဝန်ခံများအနေဖြင့် ပြည်တွင်း/ပြည်ပ ခရီးသွားများနှင့် ထိတွေ့ဆက်ဆံဆောင်ရွက်ရသူများ ဖြစ်သည်နှင့်အညီ ဆက်ဆံရေးပြေပြစ်ကောင်းမွန်ရန်နှင့် နိုင်ငံတကာဥပဒေများကိုလည်း သိရှိ နားလည်ထားရန် လိုကြောင်း။
  • ဝန်ကြီးဌာနအနေဖြင့် Online စနစ် eVisa လုပ်ငန်းနှင့် eVisa (ကမ္ဘာလှည့်)တို့ ခွင့်ပြုဆောင်ရွက်ပေးလျှက်ရှိရာ ခရီးသည်များ ဝင်/ထွက် သွားလာမှုများပြားလာပြီး လေဆိပ်/ဆိပ်ကမ်းနှင့် နယ်စပ်ဝင်ထွက်ပေါက်များ၌ လူဝင်မှုစစ်ဆေးရေးလုပ်ငန်းများ ထိရောက်လျှင်မြန်စွာ ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့။

ပြည်ထောင်စုဝန်ကြီးသည် ပြည်ပလေကြောင်းလိုင်းဖြင့် ဝင်ရောက်လာကြသည့် ခရီးသည်များအား လူဝင်မှုကြီးကြပ်ရေးကောင်တာများ၌ လူဝင်မှုစစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ကိုဗစ်-၁၉ ကျန်းမာရေးစစ်ဆေးမှုဆိုင်ရာ လုပ်ငန်းအဆင့်ဆင့်ဆောင်ရွက်နေမှု၊ ပြည်ပနိုင်ငံများသို့ ထွက်ခွာမည့်ခရီးသည်များအား လူဝင်မှုကြီးကြပ်ရေးကောင်တာများ၌ လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများ စစ်ဆေးဆောင်ရွက်နေမှု၊ Over Stay Counter နှင့် ဌာန၏ Server ခန်းအတွင်း ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအားလိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရှိရပါသည်။

  • အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့်ဆိပ်ကမ်းများတွင် တာဝန်ထမ်းဆောင်နေကြသည့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာလုပ်ငန်းတာဝန်ခံများအနေဖြင့် ပြည်တွင်း/ပြည်ပ ခရီးသွားများနှင့် ထိတွေ့ဆက်ဆံဆောင်ရွက်ရသူများ ဖြစ်သည်နှင့်အညီ ဆက်ဆံရေးပြေပြစ်ကောင်းမွန်ရန်နှင့် နိုင်ငံတကာဥပဒေများကို သိရှိနားလည် ထားရန် လိုအပ်။
  • ဝန်ကြီးဌာနအနေဖြင့် Online စနစ် eVisa လုပ်ငန်းနှင့် eVisa (ကမ္ဘာလှည့်)တို့ ခွင့်ပြုဆောင်ရွက်ပေးလျှက်ရှိရာ ခရီးသည်များ ဝင်/ထွက်သွားလာမှုများပြားလာပြီး လေဆိပ်/ ဆိပ်ကမ်းနှင့် နယ်စပ်ဝင်ထွက်ပေါက်များ၌ လူဝင်မှုစစ်ဆေးရေးလုပ်ငန်းများ ထိရောက်လျှင်မြန်စွာ ဆောင်ရွက်ပေးကြရမည်ဖြစ်။

Add new comment