ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိသော Quarantine Center များအား ဆက်လက်ဖွင့်လှစ်ပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးပေးခြင်းတို့အား တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်-
· တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာလ ၂၉ ရက်တွင် ဒုတိယအကြိမ်အဖြစ် ပြည်သူ စုစုပေါင်း ၁၈၁,၉၉၃ ဦးအားလည်းကောင်း၊ ပထမအကြိမ်အဖြစ် ပြည်သူစုစုပေါင်း ၇၆,၀၇၁ ဦးအားလည်းကောင်း ကာကွယ်ဆေးထိုးနှံပေးခဲ့။
· တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် အသက် ၁၂ နှစ် နှင့်အထက် ကျောင်းသား/သူများ၏ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးစီးမှုမှာ ဒီဇင်ဘာလ ၂၉ ရက် တွင် ဒုတိယအကြိမ်အဖြစ် ၄,၅၁၅ ဦးအားလည်းကောင်း၊ ပထမအကြိမ်အဖြစ် ၆,၃၀၁ ဦးအားလည်းကောင်း ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး ဒီဇင်ဘာလ ၂၉ ရက် အထိ ကျောင်းသား/သူစုစုပေါင်း ၁,၄၈၆,၄၉၀ ဦးကာကွယ်ဆေးထိုးနှံပြီးစီးခဲ့ပြီးဖြစ်။
· ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၌ ပြည်နယ်အစိုးရအဖွဲ့နှင့် စေတနာရှင်၊ အလှူရှင်များ၏ စုပေါင်းပါဝင်လှူဒါန်းမှုဖြင့် ၁ ရက်လျှင် အောက်ဆီဂျင် ၄၀ လီတာဝင် ၆၀ မှ ၈၀ လုံးထွက်ရှိသည့် အောက်ဆီဂျင်စက်ရုံကို ပြည်နယ်ဝန်ကြီးချုပ်က ဒီဇင်ဘာလ ၂၉ ရက်တွင် ဖွင့်လှစ်ပေးခဲ့။
· ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၌ ၁ ရက်လျှင် အောက်ဆီဂျင် လီတာ ၄၀ ဆံ့အိုး ၇၆ လုံးထုတ်လုပ်နိုင်သည့် အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေးအတွက် လှူဒါန်းပေးခဲ့ကြသည့် အလှူရှင်များအား ဒီဇင်ဘာလ ၂၉ ရက်တွင် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများအား ပြည်ပမှအဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရန်အတွက် ဆောင်ရွက်ပေးလျက်ရှိရာ-
· ဒီဇင်ဘာလ ၂၉ ရက်တွင် မြဝတီကုန်သွယ်ရေးဇုန်နှင့် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းများမှ တင်သွင်းရာ၌ ကုမ္ပဏီ ၂ ခုမှ ယာဉ် ၂ စီးဖြင့် အောက်ဆီဂျင်(အရည်) Bowser ယာဉ် ၁ စီးဖြင့် ၂၀ တန်နှင့် နှာခေါင်းစည်း (Mask) ၉ တန် တင်သွင်းနိုင်ခဲ့။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါရှိ/မရှိ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာလ ၂၉ ရက်တွင် ဓာတ်ခွဲနမူနာစုစုပေါင်း ၁၃,၀၅၁ ခုအား စစ်ဆေးခဲ့ပြီး၊ ဓာတ်ခွဲအတည်ပြုလူနာသစ် ၂၇၆ ဦးဖြင့် ရောဂါပိုးတွေ့ရှိမှု ၂.၁၁ ရာခိုင်နှုန်းရှိခဲ့ပါသည်။ ၂၉-၁၂-၂၀၂၁ ရက်အထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၆,၀၁၈,၄၇၅ ခုအား စစ်ဆေး ခဲ့ရာ အတည်ပြုလူနာစုစုပေါင်း ၅၃၀,၂၇၆ ဦးနှင့် သေဆုံးသူစုစုပေါင်း ၁၉,၂၆၂ ဦးရှိကြောင်း သိရှိရပါသည်။
- တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာလ ၂၉ ရက်တွင် ဒုတိယအကြိမ်အဖြစ် ပြည်သူစုစုပေါင်း ၁၈၁,၉၉၃ ဦးအားလည်းကောင်း၊ ပထမအကြိမ် အဖြစ် ပြည်သူစုစုပေါင်း ၇၆,၀၇၁ ဦးအားလည်းကောင်း ကာကွယ်ဆေးထိုးနှံပေးခဲ့။
- ၂၉-၁၂-၂၀၂၁ ရက်အထိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား/သူ စုစုပေါင်း ၁,၄၈၆,၄၉၀ ဦး ကာကွယ်ဆေးထိုးနှံပြီးစီးခဲ့ပြီးဖြစ်။
- ၂၉-၁၂-၂၀၂၁ ရက်အထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၆,၀၁၈,၄၇၅ ခုအား စစ်ဆေးခဲ့ရာ အတည်ပြုလူနာစုစုပေါင်း ၅၃၀,၂၇၆ ဦး နှင့် သေဆုံးသူစုစုပေါင်း ၁၉,၂၆၂ ဦးဖြစ်ပြီး ၂၉-၁၂-၂၀၂၁ ရက်တွင် ရောဂါပိုးတွေ့ရှိမှု ၂.၁၁ ရာခိုင်နှုန်းရှိ။