အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် (ASEAN Intergovernmental Commission on Human Rights - AICHR) နှင့် အရှေ့တောင်အာရှအမျိုးသား လူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ် (Southeast Asia National Human Rights Institutions Forum – SEANF) တို့အကြား တွေ့ဆုံဆွေးနွေးပွဲကို ဇွန်လ ၂၁ ရက်တွင် Virtual Platform စနစ်ဖြင့်ကျင်းပခဲ့ရာ ဆွေးနွေးပွဲ၌ အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
ဖိုရမ်ဥက္ကဋ္ဌဖြစ်သည့် ဖိလစ်ပိုင်နိုင်ငံ လူ့အခွင့်အရေးကော်မရှင် (CHRP) က ၂၀၂၂ ခုနှစ် SEANF ပထမအကြိမ်လုပ်ငန်းအဖွဲ့အစည်းအဝေးနောက်ပိုင်း ဆောင်ရွက်ချက်များနှင့် တိုးတက်ဖြစ်ပေါ်မှုများကို ဆွေးနွေးတင်ပြခဲ့ပြီးနောက် အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် (AICHR) ဥက္ကဋ္ဌက ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် AICHR ၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ဦးစားပေးကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးပွဲ၌ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌက AICHR-SEANF တို့အကြား ရှေ့ဆက်ပူးပေါင်းဆောင်ရွက်ရေးဆောင်ရွက်နိုင်မည့် နည်းလမ်းများကို အကြံပြု ဆွေးနွေးခဲ့ပါသည်။
အခမ်းအနားသို့ ဖိုရမ်အဖွဲ့ဝင် ၆ နိုင်ငံဖြစ်သည့် ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်းနှင့် တီမောလက်စ်တေနိုင်ငံတို့မှ ကိုယ်စားလှယ်များ၊ AICHR ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ဥက္ကဋ္ဌ ဦးလှမြင့်နှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
- အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင်နှင့် အရှေ့တောင်အာရှအမျိုးသား လူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ်တို့အကြား တွေ့ဆုံဆွေးနွေးပွဲကို Virtual Platform စနစ်ဖြင့်ကျင်းပခဲ့။
Add new comment