နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးသည် ဇွန်လ ၂၂ ရက်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌနိုင်ငံဖြစ်သည့် ကမ္ဘေဒီးယားနိုင်ငံက ဦးစီးကျင်းပမည့် (၁၆) ကြိမ်မြောက် အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက် ရန် ဇွန်လ ၂၁ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့သို့ ထွက်ခွာသွားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အတူ ကာကွယ်ရေးဝန်ကြီးဌာန နိုင်ငံတကာရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဇော်စိုးနှင့် တာဝန်ရှိသူများ လိုက်ပါသွားကြပြီး မြန်မာကိုယ်စားလှယ်အဖွဲ့အား တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သိရှိရပါသည်။
- ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးသည် ဇွန်လ ၂၂ ရက်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌနိုင်ငံဖြစ်သည့် ကမ္ဘေဒီးယားနိုင်ငံက ဦးစီးကျင်းပမည့် (၁၆) ကြိမ်မြောက် အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့တက်ရောက်ရန် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့သို့ ထွက်ခွာသွားခဲ့။
Add new comment