ပြစ်မှုကျူးလွန်ခြင်းမရှိဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လာရောက်ခိုလှုံသည့် PDF အဖွဲ့ဝင်များအား ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့သော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့လာရောက်ခိုလှုံသည့် ပြစ်မှုကျူးလွန်ခြင်းမရှိသူ PDF အဖွဲ့ဝင်များအား ၎င်းတို့၏မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားများကိုကျင်းပခဲ့ရာ ဇွန်လ ၂၀ ရက်တွင် မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်မှ PDF အဖွဲ့ဝင်အမျိုးသား ၃ ဦးနှင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်အတွင်းမှ PDFအဖွဲ့ဝင် အမျိုးသား ၆ ဦးတို့အား တိုင်းဒေသကြီးအစိုးရအဖွဲ့များမှ တာဝန်ရှိသူများက ထောက်ပံ့ငွေများအသီးသီးပေးအပ်ကာ ၎င်းတို့၏အုပ်ထိန်းသူမိဘဆွေမျိုးများထံသို့ ပြန်လည်အပ်နှံခဲ့ပါသည်။  

လက်ရှိအချိန်တွင် နိုင်ငံတော်အစိုးရက PDFအပါအဝင် အဖွဲ့အစည်းအမျိုးမျိုးတို့အနေဖြင့် နိုင်ငံတော်၏ရှေ့လုပ်ငန်းစဉ်များတွင် ပါဝင်ပူးပေါင်းဆောင်ရွက်နိုင်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဥပဒေဘောင်အတွင်းသို့လက်နက်အပ်နှံပြီး ပြည်သူ့ဘဝသို့ပြန်လည်ဝင်ရောက်ခြင်းပြုမည်ဆိုပါက ကြိုဆိုလက်ခံသွားမည်ဟု အသိပေးထုတ်ပြန်ထားပြီးဖြစ်ရာ ယနေ့အထိရန်ကုန်တိုင်းဒေသကြီးအတွင်းမှ ၅ ဦး၊ မန္တလေးတိုင်းဒေသကြီးအတွင်းမှ ၂၄ ဦး၊ မကွေးတိုင်းဒေသကြီးအတွင်းမှ ၁၃ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ ၇ ဦး၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ ၁၁ ဦး၊ ပဲခူးတိုင်းဒေသကြီးအတွင်းမှ ၆ ဦး စုစုပေါင်း ၆၆ ဦး ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။

  • မကွေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့သော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လာရောက်ခိုလှုံသည့် ပြစ်မှုကျူးလွန်ခြင်းမရှိသူ PDFအဖွဲ့ဝင် ၉ ဦးတို့အား တိုင်းဒေသကြီးအစိုးရအဖွဲ့များမှ တာဝန်ရှိသူများက ထောက်ပံ့ငွေများအသီးသီးပေးအပ်ကာ ၎င်းတို့၏ အုပ်ထိန်းသူမိဘဆွေမျိုးများထံသို့ ပြန်လည်အပ်နှံခဲ့။
  • ဇွန်လ ၂၀ ရက်အထိ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ ၅ ဦး၊ မန္တလေးတိုင်းဒေသကြီးအတွင်းမှ ၂၄ ဦး၊ မကွေးတိုင်းဒေသကြီးအတွင်းမှ ၁၃ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ ၇ ဦး၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ ၁၁ ဦး၊ ပဲခူးတိုင်းဒေသကြီးအတွင်းမှ ၆ ဦး စုစုပေါင်း ၆၆ ဦး ဥပဒေဘောင်အတွင်းသို့ ပြန်လည် ဝင်ရောက်ခဲ့ပြီးဖြစ်။

Add new comment