အိန္ဒိယနိုင်ငံမှ COVISHIELD ကိုဗစ်-၁၉ ကာကွယ်ဆေး (၆ ဒသမ ၇ သန်း) ဒုတိယအသုတ်ရောက်ရှိ

မြန်မာနိုင်ငံအနေဖြင့် အိန္ဒိယနိုင်ငံနိုင်ငံမှ COVISHIELD ကိုဗစ်-၁၉ ကာကွယ်ဆေး စုစုပေါင်း ၁၃ ဒသမ ၄ သန်းဝယ်ယူထားရာ ဒီဇင်ဘာလ  ၂၇ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပထမအသုတ်အဖြစ် ၆ ဒသမ ၇ သန်း ရောက်ရှိခဲ့ပြီး ဒီဇင်ဘာလ ၂၉ ရက်တွင် ဒုတိယသုတ်အဖြစ် ၆ ဒသမ ၇ သန်း ထပ်မံရောက်ရှိလာခဲ့ပါသည်။

· ဒုတိယအသုတ်အဖြစ်ရောက်ရှိလာသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး COVISHIELD ၆ ဒသမ ၇ သန်း Doses ကို ရန်ကုန်တိုင်းဒေသကြီး ကုသရေးနှင့်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးဦးဆောင်သည့်အဖွဲ့က လက်ခံရယူခဲ့။

· ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တစ်ကြိမ်နှင့်အထက် ထိုးနှံပြီးသည့် အသက် ၁၈ နှစ်နှင့်အထက်ရှိသူ စုစုပေါင်း ၁၉ ဒသမ ၁၅ သန်းရှိပြီဖြစ်သောကြောင့် ရည်မှန်းလူဦးရေ အားလုံး၏ ၅၁ ရာခိုင်နှုန်းကျော်ကို ထိုးနှံပြီးစီးခဲ့ပြီးဖြစ်။

· လာမည့် ၂၀၂၂ ခုနှစ်တွင်လည်း ကာကွယ်ဆေးလွှမ်းခြုံမှု ပိုမိုကောင်းမွန်ရေးအတွက် သတ်မှတ်ဦးတည်အုပ်စုများအလိုက် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဝယ်ယူခြင်းမှ COVISHIELD ၁၅ ဒသမ ၄ သန်း၊ Sinopharm ၂၆ ဒသမ ၇ သန်း၊ Sinovac ၃ သန်းဖြင့် စုစုပေါင်း ၄၅ ဒသမ ၁ သန်း၊ လှူဒါန်းမှုမှ COVISHIELD ၂ ဒသမ ၅ သန်း၊ Sinopharm ၃ ဒသမ ၆ သန်း၊ Sinovac ၆ သန်း၊ Covaxin ၀ ဒသမ ၇ သန်း၊ Sputnik-V ၁,၇၀၀ ဖြင့် စုစုပေါင်း ၁၂ ဒသမ ၈ သန်း ရရှိခဲ့ရာ စုစုပေါင်း ၅၇ ဒသမ ၉ သန်းခန့်ရရှိခဲ့ပြီးဖြစ်ပါသည်။ မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို မပျက်မကွက် အကြိမ်ပြည့်ထိုးနှံနိုင်ရေး အတွက် သတ်မှတ်ရက်တွင် (သို့မဟုတ်) အနီးဆုံးသတ်မှတ်ကာလအတွင်းတွင် နီးစပ်ရာကာကွယ်ဆေးထိုးစုရပ်များသို့ သွားရောက်၍ ထိုးနှံမှုခံယူခြင်းနှင့် ကာကွယ်ဆေးထိုးလုပ်ငန်းများတွင် တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန် ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းနှိုးဆော်ထားပါသည်။

  • အိန္ဒိယနိုင်ငံမှ COVISHIELD ကိုဗစ်-၁၉ ကာကွယ်ဆေးစုစုပေါင်း ၁၃ ဒသမ ၄ သန်း ဝယ်ယူထားရာ ဒုတိယအသုတ် အဖြစ် ၆ ဒသမ ၇ သန်းထပ်မံရောက်ရှိခဲ့။
  • ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးတစ်ကြိမ်နှင့်အထက် ထိုးနှံပြီးသည့် အသက် ၁၈ နှစ်နှင့်အထက်ရှိသူ စုစုပေါင်း ၁၉ ဒသမ ၁၅ သန်းရှိပြီဖြစ်သောကြောင့် ရည်မှန်းလူဦးရေအားလုံး၏ ၅၁ ရာခိုင်နှုန်းကျော်ကို ထိုးနှံပြီးစီးခဲ့ပြီးဖြစ်။
  • ၂၉-၁၂-၂၀၂၁ ရက်အထိ  ပြည်ပနိုင်ငံများမှဝယ်ယူထားသည့် ကိုဗစ်-၁၉ ကာကွယ်ဆေးစုစုပေါင်း ၄၅ ဒသမ  ၁ သန်း နှင့် လှူဒါန်းမှုမှ ၁၂ ဒသမ ၈ သန်းရရှိခဲ့ရာ စုစုပေါင်း ၅၇ ဒသမ ၉ သန်းလက်ခံရရှိခဲ့ပြီးဖြစ်။