ပြစ်မှုကျူးလွန်ခြင်းမရှိဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လာရောက်ခိုလှုံသည့် PDF အဖွဲ့ဝင်များအား ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့သော်လည်း ပြစ်မှုကျူးလွန်ခြင်းမရှိဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လာရောက်ခိုလှုံသည့် PDF အဖွဲ့ ဝင်များအား ၎င်းတို့၏မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားများကိုကျင်းပခဲ့ရာ-

  • ဇွန်လ ၁၅ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ မြို့နယ် (၇)မြို့နယ်မှ PDF အဖွဲ့ဝင် ၁၅ ဦးတို့အားလည်းကောင်း၊
  • ဇွန်လ ၁၆ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၆ မြို့နယ်မှ PDF အဖွဲ့ဝင် အမျိုးသား ၁၀ ဦးနှင့် အမျိုးသမီး ၁ ဦးတို့အားလည်းကောင်း၊  
  • ဇွန်လ ၁၇ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့မှ PDF အဖွဲ့ဝင် အမျိုးသမီး ၁ ဦးအားလည်းကောင်း၊
  • ဇွန်လ ၁၉ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၆ မြို့နယ်မှ PDF အဖွဲ့ဝင် အမျိုးသား ၇ ဦးတို့အားလည်းကောင်း ဝန်ခံကတိလက်မှတ်ရေးထိုးစေပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့များမှ တာဝန်ရှိသူများက ထောက်ပံ့ငွေများအသီးသီးပေးအပ်ကာ ၎င်းတို့၏အုပ်ထိန်းသူ မိဘဆွေမျိုးများထံသို့ ပြန်လည်အပ်နှံခဲ့ပါသည်။  

လက်ရှိအချိန်တွင် နိုင်ငံတော်အစိုးရက PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးတို့အနေဖြင့် နိုင်ငံတော်၏ရှေ့လုပ်ငန်းစဉ်များတွင် ပါဝင်ပူးပေါင်းဆောင်ရွက်နိုင်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဥပဒေဘောင်အတွင်းသို့ လက်နက်အပ်နှံပြီး ပြည်သူ့ဘဝသို့ ပြန်လည်ဝင်ရောက်ခြင်းပြုမည်ဆိုပါက ကြိုဆိုလက်ခံသွားမည်ဟု အသိပေးထုတ်ပြန်ထားပြီးဖြစ်ကြောင်း သိရှိရပါသည်။

  • မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့သော်လည်း ပြစ်မှုကျူးလွန်ခြင်းမရှိဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လာရောက်ခိုလှုံသည့် PDF အဖွဲ့ဝင် ၃၄ ဦးတို့အား တိုင်းဒေသကြီးအစိုးရအဖွဲ့များမှ တာဝန်ရှိသူများက ထောက်ပံ့ငွေများအသီးသီးပေးအပ်ကာ ၎င်းတို့၏ အုပ်ထိန်းသူမိဘဆွေမျိုးများထံသို့ ပြန်လည်အပ်နှံခဲ့။

 

 

 

Add new comment