နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့(၁၆)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲပြုလုပ်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၆) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ဇွန်လ ၁၆ ရက်တွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက-

  • PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများမှ ဥပဒေဘောင်အတွင်း ဝင်ရောက်လိုသူများအား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ပြန်လည်လက်ခံလျက်ရှိကြောင်း။

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား လုပ်ငန်းစဉ်အလိုက် ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း။  

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ငြိမ်းချမ်းရေးဆွေးနွေးရန် ကမ်းလှမ်းချက်အပေါ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ချင်းအလိုက် တွေ့ဆုံဆွေးနွေးပြီးခဲ့မှုများ၊ ဆက်လက်ဆွေးနွေးသွားမည့်အစီအစဉ်များနှင့် ငြိမ်းချမ်ရေးဆွေးနွေးပွဲသို့ ရောက်ရှိလာခြင်းမရှိသေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအား ယခင်ဖိတ်ခေါ် ကမ်းလှမ်းချက်များအတိုင်း ထပ်မံ၍ဖိတ်ခေါ် ကမ်းလှမ်းထားကြောင်း။

  • နိုင်ငံရေးသမားများ၏ သွေးထိုးလှုံ့ဆော်မှုများကြောင့် CDM ပြုလုပ်ခဲ့ပြီး တာဝန်မှ ကင်းကွာခဲ့ရသည့်  ဆရာ၊ ဆရာမများအနေဖြင့် သင်ကြားရေးတာဝန်များကို ပြန်လည်ထမ်းဆောင်နိုင်ရန်အတွက် နောက်ဆုံးတာဝန်ထမ်းဆောင်ခဲ့ရာ ကျောင်း၊ မြို့နယ်ပညာရေးမှူးရုံးသို့ ၎င်းတို့၏ သဘောဆန္ဒအလျောက် သတ်မှတ်ပုံစံဖြည့်၍ အယူခံလွှာ တင်သွင်းသတင်းပို့ကြရန် အသိပေးကြေညာထားကြောင်း။

  • ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်အတွင်း အကြမ်းဖက်သမားများက ဆရာ၊ ဆရာမများနှင့် ပညာရေးဝန်ထမ်းများအား အကြမ်းဖက်မှုကျူးလွန်ခဲ့မှုများနှင့် ကျောင်းအဆောက်အဦများအား ဖျက်ဆီးခဲ့မှုများကို video ဖိုင်များ၊ PowerPoint Presentation များဖြင့် ကျယ်ကျယ်ပြန့်ပြန့်ရှင်းလင်းပြောကြားခဲ့ပါသည်။

သတင်းစာရှင်းလင်းပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ဝင်များ၊ ဝန်ကြီးဌာနအသီးသီးမှကိုယ်စားလှယ်များ၊ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် ပြည်တွင်းသတင်းဌာနများ၊ နေ့စဉ်ထုတ်သတင်းစာများ၊ ပြည်တွင်းရုပ်မြင်သံကြားသတင်းဌာနများ၊ ပြည်တွင်းအခြေစိုက် ပြည်ပ သတင်းဌာနများမှ သတင်းထောက်များ တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

  • PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများမှ ဥပဒေဘောင်အတွင်း ဝင်ရောက်လိုသူများအား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ပြန်လည်လက်ခံလျက်ရှိ။

  • နိုင်ငံရေးသမားများ၏ သွေးထိုးလှုံ့ဆော်မှုများကြောင့် CDM ပြုလုပ်ခဲ့ပြီး တာဝန်မှ ကင်းကွာခဲ့ရသည့်  ဆရာ၊ ဆရာမများအနေဖြင့် သင်ကြားရေးတာဝန်များကို ပြန်လည်ထမ်းဆောင်နိုင်ရန်အတွက် နောက်ဆုံးတာဝန်ထမ်းဆောင်ခဲ့ရာ ကျောင်း၊ မြို့နယ်ပညာရေးမှူးရုံးသို့ ၎င်းတို့၏ သဘောဆန္ဒအလျောက် သတ်မှတ်ပုံစံဖြည့်၍ အယူခံလွှာ တင်သွင်းသတင်းပို့ကြရန် အသိပေးကြေညာထား။

Add new comment