ပြည်ထောင်စုဝန်ကြီးများ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး မစ္စတာ ဗီနေးကူးမား ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား အသီးသီးလက်ခံတွေ့ဆုံ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးတို့သည် ဇွန်လ ၁၅ ရက်တွင်လည်းကောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး  ဒေါက်တာသက်သက်ခိုင်သည် ဇွန်လ ၁၆ ရက်တွင်လည်းကောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး မစ္စတာ ဗီနေးကူးမား ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား အသီးသီးလက်ခံတွေ့ဆုံခဲ့ပါသည်။

  • စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်တွေ့ဆုံရာတွင် နှစ်နိုင်ငံအကြား လယ်ယာကဏ္ဍဆိုင်ရာ နည်းပညာနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေး၊ လယ်ယာထွက်ကုန် တင်သွင်းတင်ပို့ မှုဆိုင်ရာ အရည်အသွေး စံသတ်မှတ်ချက် သဘောတူညီမှု ညှိနှိုင်းဆောင်ရွက်ရေး၊ စိုက်ပျိုးမွေးမြူရေး ထွက်ကုန်များအား တန်ဖိုးမြှင့်ကုန်ချောထုတ်လုပ်မှုဆိုင်ရာ ရင်းနှီးမြုပ်နှံမှုပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့။
  • ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်တွေ့ဆုံရာတွင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်နေသည့်ကိစ္စ၊ အိန္ဒိယနိုင်ငံ၏ ကူညီထောက်ပံ့မှုဖြင့် မြန်မာနိုင်ငံတွင် State-of-the-Art ဆေးရုံတည်ဆောက်ရေးဆိုင်ရာ လုပ်ငန်းများ ပြန်လည်စတင်ရေးဆိုင်ရာကိစ္စ၊ အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ ဆေးနှင့် ဆေး ပစ္စည်းများ တင်သွင်းရာတွင် လျင်မြန်ချောမွေ့စေရေးကိစ္စ၊ မြန်မာနိုင်ငံ၏ ကျန်းမာရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆေးသုတေသနလုပ်ငန်းများတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ၊ အိန္ဒိယနိုင်ငံတွင် ကျောက်ကပ်အစားထိုး၊ အသည်းအစားထိုး ခွဲစိတ်ခြင်းများကဲ့သို့သော အဆင့်မြင့်ဆေးပညာရပ် ဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းများကို မြန်မာနိုင်ငံမှ ကျန်းမာရေးဝန်ထမ်းများ စေလွှတ်သင်ကြားနိုင်ရေးကိစ္စ၊ ကင်ဆာရောဂါ ဆေးကုသမှုလုပ်ငန်းများ ပိုမိုအားကောင်းစေရေး အိန္ဒိယနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စ၊ တိုင်းရင်းဆေးပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စ၊ အိန္ဒိယနိုင်ငံမှ ပုဂ္ဂလိကလုပ်ငန်းရှင်များ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံနိုင်မည့် အခွင့်အလမ်းများနှင့် မိမိတို့ဘက်မှ ပံ့ပိုးပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကို ရင်းနှီးခင်မင်စွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့။
  • ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်တွေ့ဆုံရာတွင် မြန်မာ - အိန္ဒိယ နှစ်နိုင်ငံ လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ အိန္ဒိယနိုင်ငံ အကူအညီဖြင့် ဆောင်ရွက်သော ယာကြီး - ကလေးဝ လမ်းပိုင်းကို နှစ်လမ်းသွားလမ်း အဆင့်မြှင့်တင်ခြင်း၊ ပလက်ဝ-ဇိုရမ်ပူလမ်း အဆင့်မြှင့်တင်ခြင်း၊ ကလေးဝ-ကျီကုန်း-တမူးလမ်းပေါ် ရှိ တံတား (၆၉) စင်း ပြုပြင်ထိန်းသိမ်းခြင်းနှင့် အသစ်တည်ဆောက်မည့်လုပ်ငန်းအစီအစဉ်များ၊ တမူးနယ်စပ်၌ အဆင့်မီဘက်ပေါင်းစုံ စစ်ဆေးရေးဂိတ် (Integrated Check Post) တည်ဆောက်ရေးကိစ္စရပ်များ၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေး နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့။
  • လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်တွေ့ဆုံရာတွင် အိန္ဒိယနိုင်ငံမှလှူဒါန်းသည့် ဆန်နှင့် ဂျုံများဖြန့်ဝေပြီးစီးမှု၊ လူမှုရေးပညာအတွက်  အိန္ဒိယနိုင်ငံမှ  သင်ရိုးညွှန်းတမ်းဆိုင်ရာ နည်းပညာအကူအညီ ပေးရေး၊ ပညာတော်သင်အကူအညီပေးရေး၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် အိန္ဒိယ နိုင်ငံအစိုးရနှင့် နားလည်မှုစာချွန်လွှာ(MoU)ရေးထိုး ဆောင်ရွက်နေသည့် စီမံကိန်းများ တိုးတက်မှုနှင့် စီမံကိန်းအကောင်အထည်ဖော်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများနှင့် အာဆီယံက မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့။

တွေ့ဆုံပွဲအသီးသီးသို့ ပြည်ထောင်စုဝန်ကြီးများနှင့်အတူ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

  • နှစ်နိုင်ငံအကြား လယ်ယာကဏ္ဍဆိုင်ရာ နည်းပညာနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးကိစ္စရပ်များကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့။
  • မြန်မာနိုင်ငံတွင် State-of-the-Art ဆေးရုံတည်ဆောက်ရေးဆိုင်ရာ လုပ်ငန်းများ ပြန်လည်စတင်ရေး၊ ဆေးနှင့် ဆေးပစ္စည်းများ တင်သွင်းရာတွင် လျင်မြန်ချောမွေ့စေရေး၊ ကျန်းမာရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆေးသုတေသနလုပ်ငန်းများ၊ အိန္ဒိယနိုင်ငံရှိ အဆင့်မြင့်ဆေးပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုသင်တန်း များသို့ မြန်မာနိုင်ငံမှ ကျန်းမာရေးဝန်ထမ်းများ စေလွှတ်သင်ကြားနိုင်ရေး၊ ကင်ဆာရောဂါ ဆေးကုသမှုလုပ်ငန်းများနှင့် တိုင်းရင်းဆေးပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်နိုင်ရေးဆိုင်ရာကိစ္စများအား ဆွေးနွေးခဲ့။
  • မြန်မာ - အိန္ဒိယ နှစ်နိုင်ငံ လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ဆွေးနွေးခဲ့။
  • ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် အိန္ဒိယနိုင်ငံအစိုးရနှင့် နားလည်မှုစာချွန်လွှာ ရေးထိုးဆောင်ရွက်နေသည့် စီမံကိန်းများ တိုးတက်မှုနှင့် စီမံကိန်းအကောင်အထည်ဖော်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများနှင့် အာဆီယံက မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုများကို ဆွေးနွေးခဲ့။

Add new comment