နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်အား ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့(United Nations Children’s Fund- UNICEF)၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်မည့် Mr. Marcoluigi Corsi က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ဇွန်လ ၁၆ ရက်တွင် လာရောက်ဂါရဝပြု တွေ့ဆုံခဲ့ပြီး၊ ၎င်း၏ ခန့်အပ်လွှာကို ပေးအပ်ခဲ့ကြောင်း၊ အခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
- နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်ထံသို့ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်မည့် Mr. Marcoluigi Corsi က ၎င်း၏ ခန့်အပ်လွှာကို လာရောက်ပေးအပ်ခဲ့။
Add new comment