ဇွန်လ ၁၅ ရက်တွင် ဒီပဲယင်းမြို့နယ်အတွင်းရှိ PDF အကြမ်းသမားများက အင်တန်းကျေးရွာဘက်မှနေ၍ ဒီပဲယင်းမြို့အတွင်းသို့ လက်လုပ်စိန်ပြောင်းဖြင့် ပစ်ခတ်ခဲ့ရာ လက်လုပ်စိန်ပြောင်းကျည်မှာ တောင်ပြင်ရပ်ကွက်ရှိ မြို့နယ်ပြည်သူ့ဆေးရုံဝင်းအတွင်းရှိ ဓာတ်မှန်ဆောင် သွပ်မိုး၊ အုတ်ကာ တစ်ထပ်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် ဓာတ်မှန်ဆောင် တွင် မိုးထားသည့် အမိုးသွပ် ၃ ချပ်နှင့် မျက်နှာကျက် ၂ ပေခန့် ပွင့်ထွက်ပျက်စီးခဲ့ပြီး လူနှင့်စက်ပစ္စည်းများ ထိခိုက်မှုမရှိခဲ့ကြောင်း သိရှိရပါသည်။
PDF အကြမ်းဖက်သမားများအနေဖြင့် စစ်ရေးနှင့်မသက်ဆိုင်သည့် အပြစ်မဲ့ပြည်သူများအား ရက်စက်စွာဖမ်းဆီးသတ်ဖြတ်ခြင်းများ၊ အစိုးရရုံးအဆောက်အဦများနှင့် အများပြည်သူနေအိမ်များအား တဖက်သတ်အစွန်းရောက်ဝါဒစွဲအပေါ် အခြေခံကာ အသိဉာဏ်နည်းပါးစွာ မီးရှို့ဖျက်ဆီးခြင်းများအပြင် အများပြည်သူတို့၏ ကျန်းမာရေးဆိုင်ရာ အခက်အခဲ များအား ကူညီစောင့်ရှောက်မှုပေးနေသည့် ဆေးရုံများအား ဖောက်ခွဲဖျက် ဆီးခြင်းများသည် နိုင်ငံတကာမှ လက်မခံနိုင်သည့် စစ်ရာဇဝတ်မှုကျူးလွန်ခြင်း ဖြစ်ပါသည်။ ၎င်းတို့လုပ်ရပ်များအား ပြည်သူများက ပြစ်တင်ရှုတ်ချလျက်ရှိသည့်အပြင် ဝိုင်းဝန်းဆန့်ကျင်ကြရန် လိုလားလျက်ရှိကြောင်း သိရှိရပါသည်။
ထိုကဲ့သို့ စစ်ရေးပစ်မှတ်မဟုတ်သည့် ဒေသခံပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် ဆေးရုံအတွင်းသို့ လက်လုပ်စိန်ပြောင်းဖြင့် ပစ်ခတ်ခဲ့သည့် အကြမ်းဖက်သမားများအား နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
- ဒီပဲယင်းမြို့ရှိ မြို့နယ်ပြည်သူ့ ဆေးရုံဝင်းအတွင်းသို့ PDF အကြမ်းဖက်သမားများ ပစ်ခတ်ခဲ့သည့် လက်လုပ်စိန်ပြောင်းကျည်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့၍ ဆေးရုံဝင်းအတွင်းရှိ ဓာတ်မှန်ဆောင်အမိုးနှင့် မျက်နှာကျက်တို့ ထိခိုက်ပျက်စီးခဲ့။
Add new comment