နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၅/၂၀၂၂) ကျင်းပ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး(၅/၂၀၂၂)ကို ဇွန်လ ၁၆ ရက်တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။

ငြိမ်းချမ်းရေးဆွေးနွေးမှုများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားရာတွင်-

  • ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့်ပတ်သက်၍ ဧပြီလ ၂၂ ရက်တွင် ထာဝရငြိမ်းချမ်းရေးကို အထောက်အကူရနိုင်ရန်အတွက် ငြိမ်းချမ်းရေးဖိတ်ခေါ်မှု ပြုလုပ်ခဲ့ကြောင်း၊ ကျန်ရှိသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအတွက် ကြေညာချက်တစ်စောင် ထပ်မံထုတ်ပြန်ခဲ့ကြောင်း။
  • မိမိတို့အနေဖြင့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်ခိုင်မာမာကျင့်သုံးရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးစသည့်နိုင်ငံရေးရည်မှန်းချက်နှစ်ခုထားရှိပြီး အဆိုပါအချက်နှစ်ချက်အပေါ် တပ်မတော်က ခိုင်ခိုင်မာမာရပ်တည်ထားသည့်အတွက် ၎င်းအပေါ်တွင် အခြေခံ၍ မည်သည့်သဘောထားကွဲလွဲတဲ့ အဖွဲ့အစည်းမဆို ဆွေးနွေးနိုင်ကြောင်း။

အကြမ်းဖက်တိုက်ခိုက်မှုများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားရာတွင်-

  • ၂၀၂၁ ခုနှစ် မတ်လ ၃ ရက်မှစတင်၍ PDF အကြမ်းဖက်သမားများ၏ အကြမ်းဖက်မှုဖြစ်စဉ်ပေါင်း ၁,၁၀၀ ကျော်ရှိခဲ့ကြောင်း၊ အဆိုပါအကြမ်းဖက်သမားများကို အရေးယူဆောင်ရွက်ခဲ့မှုအနေဖြင့် ဇွန်လ ၁၅ ရက်အထိ ဖြစ်စဉ် ပေါင်း ၇၀၀ ကျော်ဖြစ်ပွားခဲ့ပြီး ၎င်းတို့ထံမှ လက်နက်မျိုးစုံ ၄,၂၀၃ လက်ရရှိခဲ့ကြောင်း။
  • တရားဥပဒေစိုးမိုးရေးအရ အကြမ်းဖက်သမားများနှင့် ဆက်စပ်လျက်ရှိသူ များကို အရေးယူဆောင်ရွက်မှုများပြုလုပ်လျက်ရှိကြောင်း၊ မိမိတာဝန်ယူချိန်နောက်ပိုင်းတွင် ပြစ်ဒဏ်ကျခံနေရသူများကို လွတ်ငြိမ်းချမ်းသာခွင့်များ အကြိမ်ကြိမ်ပေးခဲ့ကြောင်း။
  • သို့သော် အချို့သူများသည် အကြမ်းဖက်မှုနှင့် ဖောက်ခွဲဖျက်ဆီးမှုများတွင် ကိုယ်တိုင်ပါဝင်လုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ လုပ်ဆောင်လျက်ရှိသဖြင့် ဖမ်းဆီးထိန်းသိမ်း၍ အရေးယူဆောင်ရွက်လျက်ရှိကြောင်း။
  • ၎င်းအပြင် အချို့သောအကြမ်းဖက်လုပ်ရပ်များကို လွန်လွန်ကျူးကျူး ဆောင်ရွက်ခဲ့သူများအား ထိရောက်သောပြစ်ဒဏ်များ ချမှတ်ခဲ့ပြီး ဆက်လက်၍လည်း ထိရောက်သောပြစ်ဒဏ်များ ချမှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားရာတွင်-

  • မိမိတာဝန်ယူဆောင်ရွက်ချိန်တွင် ကုန်သွယ်မှုနှင့်ပတ်သက်၍ အချို့သော မလိုအပ်သည့်ပစ္စည်းများတင်သွင်းမှုကို ထိန်းသိမ်းကြပ်မတ်ခဲ့ပြီး လိုအပ်သည့် ကုန်ပစ္စည်းများကိုသာ တင်သွင်းစေခဲ့ကြောင်း။
  • ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ မှစ၍ ၂၀၂၂ ခုနှစ်၊ မေလအထိ ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ ၁,၁၄၀ သန်းဖြစ်ပေါ်ခဲ့ကြောင်း။
  • မိမိတို့အနေဖြင့် ပြည်တွင်းစီးပွားရေး တိုးတက်လာစေရန်အားပေးကြောင်း၊ ပြည်တွင်းထွက်ကုန်များကို ပြည်ပသို့ကုန်ကြမ်းများတင်ပို့ခြင်းထက် ကုန်ချောတင်ပို့ခြင်းများကိုသာ ဆောင်ရွက်လျက်ရှိကြောင်း။

ပညာရေးကဏ္ဍနှင့်ပတ်သက်၍

  • ယခုနှစ်တွင် အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံသူများတိုးတက်လာခဲ့ပြီး ယခုအချိန်အထိ ၆ ဒသမ ၇ သန်းခန့် ကျောင်းအပ်နှံပြီး ၆ ဒသမ ၃ သန်း ခန့် ကျောင်းတက်ရောက်လျက်ရှိသဖြင့် ၉၄ ဒသမ ၁ ရာခိုင်နှုန်း တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း။
  • ယခုပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူများ ယခင်နှစ်ထက် အရေအတွက် ပိုမိုများပြားစွာပညာသင်ကြားလျက်ရှိသဖြင့် နိုင်ငံအတွက်ကောင်းမွန်သည့် လက္ခဏာတစ်ခုပင်ဖြစ်ကြောင်း။

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့် ကာကွယ်ဆေးများထိုးနှံပေးမှုနှင့်ပတ်သက်၍

  • ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ မိမိတို့နိုင်ငံ ယခုလအတွင်း ရောဂါတွေ့ရှိမှုမှာ ပျမ်းမျှအားဖြင့် ၀ ဒသမ ၁၄ ရာခိုင်နှုန်းသာရှိသည်ကိုတွေ့ရှိရကြောင်း။
  • မိမိတို့နိုင်ငံအနေဖြင့် ကူးစက်မှုနှုန်းများစွာ နည်းပါးပြီး ထိုသို့နည်းပါးရခြင်းမှာ ပြည်သူများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှု၊ နိုင်ငံ့ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများ၏ အားကျိုးမာန်တက် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့မှုများကြောင့် ဖြစ်ကြောင်း။
  • ကူးစက်မှုများထပ်မံကျဆင်းသွားပါက စည်းကမ်းချက်များကို ထပ်မံလျှော့ချပေးသွားမည်ဖြစ်ကြောင်း၊ ကာကွယ်ဆေးနှင့်ပတ်သက်၍ ဝယ်ယူမှုနှင့် လှူဒါန်းမှုများမှ ကာကွယ်ဆေး စုစုပေါင်း ၇၈ ဒသမ ၂ သန်းရှိပြီး ထိုးနှံပြီးစီးမှုအနေဖြင့် ၆၄ သန်းထိုးနှံပြီးဖြစ်ကြောင်း၊ ကာကွယ်ဆေးများ ထပ်မံထိုးနှံနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ထိုးနှံရန် ကျန်ရှိသည့်ဒေသများတွင် ထပ်မံထိုးနှံနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း။

အားကစားကဏ္ဍမြှင့်တင်ရေးဆောင်ရွက်လျက်ရှိမှုနှင့်ပတ်သက်၍

  • (၃၁) ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဆုရရှိခဲ့သူများ ကို ထိုက်တန်စွာဖြင့် ဆုများပေးအပ်ချီးမြှင့်ပေးအပ်ခဲ့ကြောင်း၊ အဆိုပါဆုရရှိ ခဲ့သူများထဲမှ ရွှေတံဆိပ်ရရှိသူများအား မော်တော်ယာဉ်များ အထူးကိစ္စဖြင့် ဝယ်ယူခွင့်ကို ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း။

စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍနှင့်ပတ်သက်၍

  • မိမိတို့နိုင်ငံတွင် စိုက်ဧကပေါင်း ၃၃ သန်းခန့်ရှိပြီး သီးထပ်စိုက်ဧက ၁၁ ဒသမ ၇ သန်း၊ သီးညှပ်စိုက်ဧက ၃၄ သန်းကျော်ရှိသဖြင့် စုစုပေါင်းစိုက်ဧက ၄၈ သန်းကျော်ရှိကြောင်း။
  • စိုက်ဧကများအားလုံးတွင် သီးထပ်စိုက်ပျိုးမှုများဆောင်ရွက်နိုင်မည်ဆိုပါက စိုက်ပျိုးရေးထွက်ကုန်များ ပိုမိုတိုးတက်လာမည့်အပြင် အလုပ်အကိုင်အခွင့်အလမ်းများလည်း တိုးတက်လာမည်ဖြစ်ကြောင်း။
  • စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ လာမည့် ၂ နှစ် ၃ နှစ်အတွင်း တိုးတက်ကောင်းမွန်လာမည်ဆိုပါက လာမည့် ၅ နှစ်တာကာလခန့်အတွင်း မိမိတို့နိုင်ငံ၏စီးပွားရေးလုပ်ငန်းများလည်း တိုးတက်လာမည်ဖြစ်ကြောင်း။
  • စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို စနစ်တကျဖြင့်ဆောင်ရွက်၍ ကုန်ထုတ်လုပ်မှုများကို တိုးမြှင့်ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် အားလုံးဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်းဖြင့် မှာကြားခဲ့ပါသည်။

ထို့နောက် ကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ နိုင်ငံတော်ဝန်ကြီးချုပ်က-

  • နိုင်ငံ၏လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးအတွက် ခရိုင်အဆင့်များတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် နည်းပညာအထက်တန်းကျောင်းများ ဖွင့်လှစ်နိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ဆွေးနွေးနေကြောင်း။
  • အဆိုပါကျောင်းများမှ ထူးချွန်စွာအောင်မြင်သူများကို စိုက်ပျိုး၊ မွေးမြူရေးနှင့် နည်းပညာသိပ္ပံကျောင်း၊ ယင်းမှတစ်ဆင့် ကောလိပ်နှင့် တက္ကသိုလ်တို့သို့ ဝင်ခွင့်စာမေးပွဲဖြေဆို၍ ဆက်လက်တက်ရောက်နိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။
  • ရေလုံလောက်စွာရရှိရေးနှင့်စပ်လျဉ်း၍ လိုအပ်ချက်ရှိသည့်ဒေသများတွင် နိုင်ငံတော်အပိုင်းက တတ်နိုင်သမျှ စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မြို့အလိုက်၊ ရပ်ကွက်အလိုက်၊ နေအိမ်အလိုက်လည်း မိုးရေခံရေကန်၊ ရေစုကန်၊ ရေလှောင်ကန်များ တည်ဆောက်သုံးစွဲရန် စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စုဆောင်းထားသည့် ရေများကိုလည်း အလေအလွင့်မဖြစ်စေရန် ချွေတာသုံးစွဲကြရန်လိုကြောင်း။
  • ပညာရေးနှင့်ပတ်သက်ပြီး စိန်ခေါ်မှုများစွာရှိကြောင်း၊ ဒီမိုကရေစီစနစ်တွင် ပညာရေးသည့် အရေးပါသည့်ကဏ္ဍမှပါဝင်ကြောင်း၊ ကျောင်းနေအရွယ် ကလေးတိုင်း KG+9 အဆင့် တတ်မြောက်ရန်လိုကြောင်း၊ ပညာသင်ယူမှု အခွင့်အလမ်းများရရှိအောင် ဖန်တီးပေးရန်လိုကြောင်း၊ ယင်းမှ အသက်မွေးဝမ်းကျောင်း ပညာရေးစနစ်သို့ ဆက်လက် ကူးပြောင်းနိုင်မည်ဖြစ်ကြောင်း။
  • တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တာဝန်ရှိသူများအနေဖြင့် တွန်းအားပေးဆောင်ရွက်သွားရန်လိုအပ်ကြောင်းဖြင့် မှာကြားခဲ့ပါသည်။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် ကောင်စီအဖွဲ့ဝင်များ၊ တက်ရောက်ခဲ့ကြပါသည်။

  • ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့်ပတ်သက်၍ ဧပြီလ ၂၂ ရက်တွင် ထာဝရငြိမ်းချမ်းရေးကို အထောက်အကူရနိုင်ရန်အတွက် ငြိမ်းချမ်းရေးဖိတ်ခေါ်မှု ပြုလုပ်ခဲ့ကြောင်း၊ ကျန်ရှိသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအတွက် ကြေညာချက်တစ်စောင် ထပ်မံထုတ်ပြန်ခဲ့။
  • မိမိတို့အနေဖြင့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်ခိုင်မာမာကျင့်သုံးရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး စသည့်နိုင်ငံရေးရည်မှန်းချက်နှစ်ခုထားရှိပြီး အဆိုပါအချက်နှစ်ချက်အပေါ် တပ်မတော်က ခိုင်ခိုင်မာမာ ရပ်တည်ထားသည့်အတွက် ၎င်းအပေါ်တွင် အခြေခံ၍ မည်သည့်သဘောထားကွဲလွဲတဲ့ အဖွဲ့အစည်းမဆို ဆွေးနွေးနိုင်။
  • ၂၀၂၁ ခုနှစ် မတ်လ ၃ ရက်မှစတင်၍ PDF အကြမ်းဖက်သမားများ၏ အကြမ်းဖက်မှုဖြစ်စဉ်ပေါင်း ၁,၁၀၀ ကျော်ရှိခဲ့ကြောင်း၊ အဆိုပါအကြမ်းဖက်သမားများကို အရေးယူဆောင်ရွက်ခဲ့မှုအနေဖြင့် ဇွန်လ ၁၅ ရက်အထိ ဖြစ်စဉ် ပေါင်း ၇၀၀ ကျော်ဖြစ်ပွားခဲ့ပြီး ၎င်းတို့ထံမှ လက်နက်မျိုးစုံ ၄,၂၀၃ လက်ရရှိခဲ့။
  • ယခုအချိန်အထိ ၆ ဒသမ ၇ သန်းခန့် ကျောင်းအပ်နှံပြီး ၆ ဒသမ ၃ သန်းခန့် ကျောင်းတက်ရောက်လျက်ရှိသဖြင့် ၉၄ ဒသမ ၁ ရာခိုင်နှုန်း တက်ရောက်ပညာသင်ကြားလျက်ရှိ။
  • ကာကွယ်ဆေးများ ထပ်မံထိုးနှံနိုင်ရေး ဆောင်ရွက်လျက်ရှိသကဲ့သို့ ထိုးနှံရန် ကျန်ရှိသည့်ဒေသများတွင် ထပ်မံထိုးနှံနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိ။

Add new comment