နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း မင်းပြားတပ်နယ်မှ အရာရှိ၊ စစ်သည်မိသားစုဝင်များအား တွေ့ဆုံအမှာစကားပြောကြား

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေ ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြတ်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ဇွန်လ ၁၅ ရက်တွင် မင်းပြားတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား တပ်နယ်ရိပ်သာ၌ တွေ့ဆုံ၍ အမှာစကားပြောကြားခဲ့ရာတွင်-

  • လုပ်ငန်းတာဝန်ထမ်းဆောင်ရာတွင် တစ်ဦးကောင်းတစ်ယောက်ကောင်းလုပ်၍မရဘဲ အဖွဲ့အစည်းစိတ်ဓာတ်ဖြင့် အောင်မြင်အောင်လုပ်ကိုင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း။

  • အဖွဲ့အစည်းလိုက် မိသားစုပုံစံ ဖွဲ့စည်းဆောင်ရွက်ရသဖြင့် အချင်းချင်းနားလည်မှုနှင့် စည်းလုံးညီညွတ်နေရန်လိုကြောင်း။

  • တပ်မှူးများသည် အရာရှိ၊ စစ်သည်၊ မိသားစုများ၏ဘဝလုံခြုံရေးကို တပ်မတော်၏ ညွှန်ကြားချက်စည်းမျဉ်း၊စည်းကမ်းများနှင့်အညီဆောင်ရွက်ပေးခြင်းဖြင့် ပေးအပ်သောတာဝန်ကို နောက်ဆံမတင်းဘဲ ကျေပွန်စွာထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း။

  • စဉ်ဆက်မပြတ်လေ့ကျင့်ခြင်းဖြင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်အတွက် အသင့်ဖြစ်နေစေရေး ပြင်ဆင်ထားရန်လိုကြောင်း။

  • ပညာရေးကဏ္ဍနှင့်ပတ်သက်၍ နိုင်ငံတော်အကြီးအကဲအနေဖြင့် ရှေးယခင်ကပင် အားပေးချီးမြှောက်မှုများပြုလုပ်ခဲ့ပြီး ပညာရေးထောက်ပံ့မှုများ သတ်မှတ်ဆောင်ရွက်ပေးခဲ့ကြောင်း။

  • ကျန်းမာရေးကဏ္ဍနှင့်ပတ်သက်၍ တပ်ဌာနချုပ်များတွင် လိုအပ်သောဆေးမှူး၊ သူနာပြု၊ သားဖွားဆရာမများဖြင့် လုံလောက်စွာဖွဲ့စည်း၍ ဆေးဝါးကိရိယာများဖြည့်ဆည်းပေးထားပြီးဖြစ်ကြောင်း။

  • မိုးတွင်းကာလ မိုးရာသီအလိုက်ဖြစ်ပွားတတ်သောရောဂါများကို ကျန်းမာရေးအသိရှိစွာဖြင့် ကြိုတင်ကာကွယ်သွားရန်လိုကြောင်း၊ ကျန်းမာရေးအတွက်တစ်ဦးခြင်းနှင့် မိသားစုအလိုက် ကိုယ်တိုင်ထိန်းသိမ်းဂရုစိုက်၍ နေထိုင်စားသောက်သွားကြရန်လိုကြောင်းဖြင့်  မှာကြားခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)သည် အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာပစ္စည်းများ ပေးအပ်ခဲ့ပြီးတက်ရောက်လာကြသည့် အရာရှိ၊ စစ်သည် မိသားစုများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရှိရပါသည်။

  • လုပ်ငန်းတာဝန်ထမ်းဆောင်ရာတွင် တစ်ဦးကောင်းတစ်ယောက်ကောင်းလုပ်၍မရဘဲ အဖွဲ့အစည်းစိတ်ဓာတ်ဖြင့် အောင်မြင်အောင်လုပ်ကိုင်ဆောင်ရွက်ရမည်ဖြစ်။

  • တပ်မှူးများသည် အရာရှိ၊ စစ်သည်၊ မိသားစုများ၏ဘဝလုံခြုံရေးကို တပ်မတော်၏ညွှန်ကြားချက်စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ပေးခြင်းဖြင့် ပေးအပ်သောတာဝန်ကို နောက်ဆံမတင်းဘဲ ကျေပွန်စွာထမ်းဆောင်နိုင်မည်ဖြစ်။

  • စဉ်ဆက်မပြတ်လေ့ကျင့်ခြင်းဖြင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်အတွက် အသင့်ဖြစ်နေစေရေး ပြင်ဆင်ထားရန်လို။

Add new comment