ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ (၃၄) ကြိမ်မြောက် အရှေ့အာရှနှင့် ပစိဖိတ်ကော်မရှင်နှင့် တောင်အာရှကော်မရှင်ပူးတွဲအစည်းအဝေးကျင်းပ

ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ (၃၄) ကြိမ်မြောက် အရှေ့အာရှပစိဖိတ်ဒေသများနှင့် တောင်အာရှဒေသများအတွက် ပူးတွဲကော်မရှင်အစည်းအဝေးကို ဇွန်လ ၁၄ ရက်တွင် မော်လ်ဒိုက်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ရာ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် ဦးဆောင်၍ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဘာသာရပ်ဆိုင်ရာ တာဝန်ခံများက အွန်လိုင်းမှ တက်ရောက်ခဲ့ပါသည်။

အစည်းဝေးဖွင့်ပွဲအခမ်းအနားတွင် မော်လ်ဒိုက်နိုင်ငံ ခရီးသွားဝန်ကြီး Dr.Abdulla  Mausoom နှင့် ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ အထွေထွေအတွင်းရေးမှူးချုပ် Mr.Zurab Pololikashvili တို့က အဖွင့်အမှာစကားများပြောကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက-

  • ခရီးသွားများ၏ ယုံကြည်မှုတည်ဆောက်နိုင်ရန် ဟိုတယ်များနှင့် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများအတွက် ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံစိတ်ချရမှုအတွက် Enchanting Myanmar Health and Safety Protocols-HSP အသိအမှတ်ပြုလက်မှတ်များကို တိုင်းဒေသကြီး/ပြည်နယ်အဆင့်၊ နိုင်ငံအဆင့်နှင့် နိုင်ငံတကာအဆင့် စသည်ဖြင့် ပေးအပ်ဆောင်ရွက်လျက်ရှိကြောင်း။
  • ခရီးသွားလုပ်ငန်းတွင် အားလုံးပါဝင်ဆောင်ရွက်နိုင်ရန်အတွက် အဟန့်အတားမဲ့ခရီးသွားလုပ်ငန်းစီမံချက် ၂၀၂၂-၂၀၂၅ ကိုလည်း ရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း။
  • ပြည်တွင်းပြည်ပလေကြောင်းခရီးစဉ်များ ပြန်လည်ဖွင့်လှစ်ခြင်း၊ ပြည်ဝင်ခွင့်ဗီဇာများကို ပြန်လည်ခွင့်ပြုပေးခြင်းတို့ကြောင့် ပြည်ပခရီးသည်များကို ကိုဗစ်-၁၉ စည်းမျဉ်း စည်းကမ်းများနှင့်အညီ သွားလာနေထိုင်ခွင့်ပြုထားကြောင်း ပြောကြားခဲ့။

အစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံများမှ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုများ၊ ပြန်လည်ပြင်ဆင်ဖွဲ့စည်းမှုများနှင့် အနာဂတ်တွင် ဆောင်ရွက်မည့်အမြင်သဘောထားများကို ဆွေးနွေးခြင်း၊ ခရီးသွားလုပ်ငန်းပြန်လည်စတင်နိုင်ရေးနှင့် ဦးမော့လာစေရေးအတွက် မူဝါဒချမှတ်ဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ နိုင်ငံအလိုက် ဆွေးနွေးပြောကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

  • ဟိုတယ်များ၊ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများအတွက် ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံစိတ်ချရမှုအတွက် HSP အသိအမှတ်ပြုလက်မှတ်များကို တိုင်းဒေသကြီး/ပြည်နယ်အဆင့်၊ နိုင်ငံအဆင့်နှင့် နိုင်ငံတကာအဆင့် စသည်ဖြင့် ပေးအပ်ဆောင်ရွက်လျက်ရှိ။
  • ခရီးသွားလုပ်ငန်းတွင် အားလုံးပါဝင်ဆောင်ရွက်နိုင်ရန်အတွက် အဟန့်အတားမဲ့ခရီးသွားလုပ်ငန်းစီမံချက် ၂၀၂၂-၂၀၂၅ ကိုလည်း ရေးဆွဲဆောင်ရွက်လျက်ရှိ။
  • ပြည်တွင်းပြည်ပလေကြောင်းခရီးစဉ်များ ပြန်လည်ဖွင့်လှစ်ခြင်း၊ ပြည်ဝင်ခွင့်ဗီဇာများကို ပြန်လည်ခွင့်ပြုပေးခြင်းတို့ကြောင့် ပြည်ပခရီးသည်များကို ကိုဗစ်-၁၉ စည်းမျဉ်း စည်းကမ်းများနှင့်အညီ သွားလာနေထိုင်ခွင့်ပြုထား။

Add new comment